မျှော်လင့်ခါခါ စောင့်စားရတဲ့နေ့ရက်တွေတိုင်း
ပြည့်ကျပ်နေတဲ့ရင်ထဲ အလွမ်းတွေအပြည့်နဲ့ပေါ့
မျှော်သာမျှော်ရ ပေါ်မလာခဲ့သော်လဲ
မင်းလေးအရိပ်ထင်ဟပ်နေတဲ့ငါ့အနားမှာ
အလွမ်းတစ်ချို့ ချိုမြိန်နေမိတယ်
နေရာဝေးကွာ တစ်ပြည်စီကွာခြားငါတို့တွေ
အလွမ်းတစ်ချို့ တစ်ယောက်ကိုယ်စီနဲ့
နေ့ရက်တွေတိုင်း ပိုတိုးလာတဲ့နှလုံးသားအချစ်တွေ
များလာတိုင်းလဲ အလွမ်းဆိုတာပိုနေမှာပါ
အချိန်နဲ့အမျှတမ်းတနေမိတဲ့ မင်းလေးကို
ညရောက်တိုင်းပိုသတိရတယ်
မနက်မိုးလင်းလာတိုင်းလဲ မင်းလေးကိုသတိရစိတ်တွေက
တစ်ချိန်လုံးမင်းအနားမှာပါဘဲ ချစ်သူ
မျှော်နေမိတဲတနေ့မင်းရောက်လာတိုင်း
ငါအရမ်းအားရှိခဲ့ရပါတယ် အလွမ်းဆွေးတွေလဲ ပြေပျောက်ရပါတယ်
မင်းကငါ့ဘဝရဲ့ ဖန်တီးရှင်ပါ
အရာရာတိုင်းစိုးမိုးနိုင်လွန်းတဲ့မင်းကငါ့အတွက်
လက်တွဲဖော်အချစ်ဆုံးသူပါ
အချိန်တွေသာပြောင်းကုန်သွားလိမ့်မယ်
မင်းအပေါ်အချစ်တွေကဘယ်တော့မှငါမပြောင်းလဲနိုင်ဘူး ချစ်သူ
အလွမ်းတွေနဲ့ညညတိုင်းမင်းကိုစောင့်နေပါတယ်ချစ်သူ
( pytkk)
No comments:
Post a Comment