ကုန်ဆုံးသွာတဲ့နေ့ရက်တွေ ပြန်တမ်းတပေမယ့်မရနိုင်မှန်းသိနေပါတယ်ချစ်သူ
တမ်းတအရိပ် မြင်ယောင်နေတဲ့နေ့ရက်တွေကို
ငါတစ်နေ့တစ်ရက်မမထိန်းချုပ်နိုင်ဘူး
နင်သာငါဘဝမို့ ပိုမိုလာတဲ့အချစ်တွေ
ငါ့ရင်မှာပြည့်နက်နေဆဲပါ ချစ်သူရယ်
လွမ်းမိတိုင်းကျမိတဲ့မျက်ရည်တွေက
နင့်အပေါ်မှာချစ်တဲ့အချစ်စစ်ကြောင့်ပါ ချစ်သူရယ်
တစ်နေ့တစ်ရက် လပေါင်းများစွာ
ကိုယ်ချစ်သူနဲ့မတွေ့ရတဲ့ ငါ့မှာ
ဘယ်လောက်အားငယ်နေမလဲ ဆိုတာ
နင်လဲသိမှာပါ
ဒါပေမယ့် နင့်အပေါ်မှာငါအရာလုံးနားလည်စွာ
နင်တစ်ယောက်ထဲကိုဘဲငါ
သစ္စာရှိရှိချစ်နေတုန်းပါဟာ
မတွေ့မြင်လို့ မပြောဖြစ်လို့မေ့သွားမှာလို့မထင်လိုက်ပါနဲ့ ချစ်သူ
ငါရဲ့အတွေးငါ့ရဲ့စိတ်ကူးတိုင်တစ်ယောက်ထဲမို့
အချိန်တွေဘယ်လိုပြောင်းမင်းတစ်ယောက်သာဘဝတစ်ခုလုံးရင်းပီးချစ်နေသူပါ
သတိရစိတ်တွေ ဘယ်လောက်ထိပြင်းပြနေပေမယ့်
မင်းနဲ့မဆုံတွေ့ရသေးပေမယ့်မင်းကငါ့ရဲ့အယုံကြည်ရဆုံးပါ ယုံပါ ချစ်သူ
မင်းပေးတဲ့ဓါတ်ပုံတွေ ခဏခဏကြည့်တိုင်း
ဆို့နင့်ရင်ထဲ မင်းကိုပိုသတိရနေတယ် ချစ်သူ
မျက်ရည်စို့စို့လေး
မင်းရှိရာဆီမှန်မျှော်ရင်း
မင်းနဲ့ငါအရမ်းဆုံချင်နေပီ ချစ်သူ ရယ်
No comments:
Post a Comment