အားနာပါတယ်လို့နင်စကားပြောလိုက်တိုင်း
စီးကျလာတဲ့ငါ့ရဲ့မျက်ရည်စ
ငါမထိန်းချုပ်နိုင်ခဲ့ဘူး ချစ်သူ
ငါတို့တွေကြားအားနာစရာမလိုပါဘူးဟာ
နင်အဆင်ပြေဖို့ရင် နင်ပျော်ဖို့ရင် ဒါတွေက
ငါ့အတွက်အမြဲမျှော်လင့်ချက်တစ်ခုပါ
ငါ့ကိုနင်စကားမပြောဘဲဘယ်လောက်ဘဲ အချိန်
အကြာကြီးထားပါစေ
နင်အဆင်ပြေရင် ငါကျေနပ်သူပါ ချစ်သူ
ငါ့အတွက်ဝမ်းနည်းမှုဆိုတာ မရှိခဲ့ပါဘူး
ဒါပေမယ့်နင်ကိုချစ်မိကတည်းက ငါနင့်ကိုဆုံးရှုံးမှာ
နင်နဲ့ဝေးရမှာငါပိုကြောက်လာတယ်ဟာ
နင့်အတွက်ငါမျက်ရည်တွေတောင်ငါကျတတ်လာတယ် ချစ်သူ
ဒီမျက်ရည်တွေက နင့်ကိုဘယ်လောက်ထိချစ်တယ်ဆိုတဲ့ငါ့ရဲ့သက်သေပါဘဲ
မင်းရှေ့မှာငါဒူးထောက်ပီးသက်သေပြတာထက် ငါနင့်နဲ့အဝေးတစ်နေရာက
နင့်ကိုချစ်တဲ့စိတ်နင့်ကိုဆုံးရှုံးမှာကြောက်တဲ့စိတ်နဲ့ငါကျမိတဲ့မျက်ရည်က ပိုပြီးစစ်မှန်ဆုံးပါ ချစ်သူ
တစ်ခါတလေနင့်ရဲ့အေးစက်တဲ့စကားလုံးတွေ
ငါ့ကိုတစ်စိမ်းဆန်နေသလိုငါခံစားရတယ်ဟာ
ငါထင်မှတ်ခဲ့တာတွေ ငါမျှော်လင့်ခဲ့တာ နင့်ဆီက
ဘာမှငါကြားခွင့်မရရှာပါဘူး
ငါပိုခံစားမိတယ် ပိုပြီးလဲနာကျင်မိတယ်ဟာ
ဒါကြောင့်လဲ ငါ့ကိုအားနားပါတယ်လို့နင်ပြောလိုက်တိုင်း
ငါဝမ်းနည်းမိတယ် ချစ်သူ
နင့်ကိုငါကအသက်ထက်မကပိုချစ်သူမို့
နင်တစ်ယောက်သာငါရဲ့ ချစ်ဆုံးသူပါ ချစ်သူရယ်
No comments:
Post a Comment