ချစ်ခဲ့ကြတာ ဝေးချင်လို့ မှမဟုတ်ပဲလေ
.
ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေး
နှလုံးသားကို ၀တ္တရားတွေအောက် နင်းချေ အိပ်မွေ့ချထားမယ်
.
ကိုယ်တို့ ဝေးနေကြတာ အချစ်တွေသေဆုံးသွားဖို့ မဟုတ်ဘူး
ခွန်အားရှိတဲ့အချစ်တစ်ခုအတွက်
နှလုံးသားကိုအိပ်မွေ့ ချထားတာ
.
တနေ့ မှာပြန်နိုးထခွင့်ရမဲ့ နှလုံးသားတွေအတွက်
ဒီနေ့ ဘာလို့ ဝမ်းနည်းနေမှာလဲ ချစ်သူရယ်
.
မျက်ရည်တွေကို ကန္တာရပို့ 
မိုးတိမ်အဖြစ်ပြောင်းလဲ
ခြောက်သွေ့ တောင်ကုန်းတွေကို စိမ်းလန်းစိုပြေစေလိုက်ရအောင်
.
မဝေးသော ကာလမှာ
ကိုယ်တို့ ရဲ့ နှလုံးသားဥယျာဉ်
လှပလာတော့မှာလေ ^_^
No comments:
Post a Comment