လေရူးပွေတဲ့ တန်ခူးနွေရဲ့ အလယ်
နင်ထားရစ်ခဲ့တဲ့ ငါတစ်ယောက်လေ
နေရောင်တောက်တောက်အောက်မှာ
နင်ခြွေချခဲ့တဲ့ နွမ်းခြောက်ခြောက်ငါ့အသဲလွှာခြောက်လေးတွေကို
တစ်စစီပြန်ကောက်စီရင်းနဲ့
နောက်တစ်ကြိမ်ငါ့ကို လန်းဆန်းခွင့်ပေ်းနိုင်မယ့်
မိုးစက်ပွင့်လေးကိုတော့
ငါခွန်အားရှိသလောက် မျှော်နေမိပါရဲ့...။
အေးမြတဲ့မိုးစက်ပွင့်လေးကြောင့်
ငါ့အလွှာခြောက်လေးတွေ
ပြန်ပြီစိမ်းလန်းလာတဲ့တစ်နေ့
ငါ့မမေ့ရက်နိုင်တဲ့ နင်တစ်ယောက်
ဘယ်ဆီပျောက်ပျောက် နင့်ဆီငါအရောက်လာခဲ့ပါ့မယ်ဟာ..။
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပါယ်ကို
သိရအောင် မိုးစက်ပွင့်လေးဆီကနေ
နင် သင်ယူစေချင်လို့ပါ။။။
No comments:
Post a Comment