Wednesday, 15 April 2015

ငါ့အတွက် နင်ရှိနေရင်အမြဲပျော်ပါတယ်

  နှစ်သစ်မှာငါပျော်ခွင့်မရပေမယ့်

နင်နဲ့ငါစကားပြောခွင့်ရရင် ငါပျော်ပါတယ် ချစ်သူ

တစ်နေကုန်ငါဘယ်လောက်ထိမောပန်းနေပါစေ
နင်ရဲ့စကားလေးကိုငါကြားလိုက်ရင် ငါအတွက်အမောတွေကပြေဖျောက်မိပါတယ်

  တစ်ရက်ပြီးတစ်ရက်ဝေးနေခဲ့ပေမယ့်
နင်နဲ့ခဏလေးငါတွေ့လိုက်ရတာငါရဲ့ရက်တွေအကြာကြီးအလွမ်းတွေပြေပျောက်ခဲ့ရပါတယ် ချစ်သူ

အခါအခါမျှော်ရည်မိတဲ့နင့်ရဲ့စကားလုံးတွေ
နှစ်သိမ့်ပေးတတ်တဲ့မင်းကို ငါလေ အမြဲသတိရနေမိတယ်  မင်းကငါ့ဘဝကိုအမြဲအနွေးဓါတ်တွေအားအင်တွေပေးစွမ်းနိုင်သူပါ ချစ်သူ

နင်ပျော်နေရင် ငါလဲနင်နဲ့အတူတူထပ်တူပျော်မိပါတယ်
ငါ့အတွက်အပျော်ကနင်ပျော်ရွှင်ဖို့အတွက်ပါ ချစ်သူ

အကြာကြီးရက်တွေဝေးနေခဲ့ရတယ်
ပြန်တွေ့တဲ့အခိုက်တန့်လေး
နင့်ရဲ့အားပေးနှစ်သိမ့်လေးငါအရမ်းတမ်းတမိတာပေါ့အမှန်ပါ ချစ်သူ

   တစ်ခါတလေ နင်ငါ့အပေါ် တစ်စိမ်းဆန်နေသလိုခံစားမိတယ်
ငါ့ကိုစိတ်ပျက်သွားပီလား ချစ်သူ

ငါအချစ် ငါမေတ္တာတွေက နင်တစ်ယောက်အတွက်အကုန်လုံးငါပေးထားခဲ့ပါပြီဟာ
နောက်ထပ်လဲငါ့မှာပေးစရာလဲမရှိတော့ပါဘူး
ဆုံခိုက်လေးမှာ ငါ့ကိုချစ်တယ် စိတ်မပျက်ဘူးဆို
အားပေးစကားလေးတော့တစ်ခွန်းလောက်တော့ပြောခဲ့ပါနော် ချစ်သူ

                 တစ်နေကုန်တစ်နေဝင်မျှော်နေမိတဲ့နင့်ဆီကစကားတွေ ကိုငါအမြဲတမ်းတနေပါတယ် ချစ်သူရယ်

No comments:

Post a Comment