Tuesday, 31 March 2015

အချိန်တိုင်းသတိရတယ် ဟာ pytkk

မနက်မိုးလင်းလာတာနဲ့ငါလေနင့်ကိုပိုသတိရတယ်

နေ့ခင်းရောက်ပြန်တော့လဲမင်းကိုသတိရစိတ်က
အချိန်စက္ကန့်တိုင်းပါဘဲဟာ

နင်ကောအဆင်ပြေရဲ့လား

ညညတိုင်းလဲမင်းကိုငါအမြဲမျှော်နေမိတယ်ဟာ

            တစ်ဘဝအတွက် မင်းတစ်ယောက်ထဲကိုချစ်တာမို့ငါလေမင်းကိုအချိန်တိုင်းလွမ်းနေမျှော်နေမိတယ်  ချစ်သူ

Monday, 30 March 2015

ချစ်သူသိစေဝေးနေချိန်လေးမှာမင်းတစ်ယောက်သာ

  ဝေးနေလဲဒီရင်မှာမင်းတစ်ယောက်ထဲပါ
    ချစ်ခဲ့တာဟာ တစ်ခဏမဟုတ်ခဲ့လို့
တစ်သက်တာမို့ မင်းအတွက် ဆိုငါဘဝနဲ့
ပျော်ရွှ့င်စေချင်တာပါ
    အချိန်တွေဘယ်လိုပြောင်းရာသီတွေဘ်ာလိုဟောင်းနေပါစေ
ဒီရင်မှာတော့မင်းတစ်ယောက်ထဲထာဝရရှိနေပါတ
ယ်
တမ်းတစိတ်လွမ်းစိတ်တွေများနေပေမယ့်
မင်းလေးရဲ့ ပညာရေးထိခိုက်မှာကိုလဲ ငါပိုကြောက်တယ် ချစ်သူရယ်
  နေ့ရက်တွေတိုင်းမင်အဆင်ပြေမလား
ဆိုပီးစိုးရိမ်စိတ်တွေနဲ့ငါလေညတွေကိုတစ်ယောက်ထဲဖြတ်သန်နေရတာ
မောပန်းပေမယ့်မင်းလေးပေးတဲ့ဓါတ်ပုံလေးရယ်
မင်းလေးပေးတဲ့အချစ်တွေ အားပေးစကားတွေကိုငါအမြဲငါ့နှလုံသားထဲမှာအမြဲိမ်းထားပါတယ်

        မင်းနဲ့အတူတူ ဖုန်တွေပြောချင်နေပေမယ့်
မင်းလေးရဲ့လွတ်လပ်ခွင့်မရှိခဲ့သလို
မင်းစိတ်ညစ်စေမှာကိုလဲငါအရမ်းကြောက်နေခဲ့တာပါ မင်းလေးအတွက်ဆို ငါရဲ့ဘဝတစ်ခုလုံးစတည်းဖို့လဲငါဝန်မလေးပါဘူးဟာ
  ဘယ်တော့မှလဲငါ့အချစ်တွေပြောင်းလဲမသွားပါဘူး
ဘယ်သူတွေဘာပြောပြောပါချစ်သူ
အရမ်းအယုံမလွယ်ပါနဲ့
မင်းနဲ့ငါကြားမှာသံယောဇာဉ်ဆိုတဲ့ကြိုးလေးကအမြဲထာဝရရှိနေဆဲပါ
  ငါလေမင်းကိုတစ်နေ့ထက်တစ်နေ့ပိုလွမ်းပိုချစ်လာတယ်ချစ်သူ
      နင်နေမကောင်းလို့ဆေးရုံတက်နေချိန်မှာ
ငါ့လေအရမ်းကို နင်နဲ့ထပ်တူခံစာရတယ်
အိပ်လို့လဲမပျော်ဘူး နင်အဆင်ပြေရဲ့လာူနင်နေကောကောင်းရဲ့လားဆိုတဲ့စိတ်ငါ့အတွေးထဲမှာပျံ့နှံ့နေတာ
   နင်ကငါ့အတွက်ဘုရားပေးတဲ့ဆုလာဘ်ပါချစ်သူ
  နင့်အတွက်ငါလေအမြဲဆုတောင်ပေးနေပါတယ်
  နင်လဲငါ့ကိုဘယ်တော့မှမေ့မသွားရဘူးနေိာ
ဘယ်တော့မှလဲပြောင်းလဲမသွားရဘူးနော်
  နင်သာငါ့အနားမှာမရှိခဲရင်ငါ့ဘဝလဲရှိနိုင်မှာမဟူတ်တော့ပါဘူးဟာ

ငါသစ်ချစ်တဲ့နင် နင်သစ်ချစ်တဲ့ငါဘဲအမြဲဖြစ်ချင်နေတာပါ
တစ်နေ့ဆုံတွေ့ခဲ့ရင် နင့်လက်လေးကိုငါတင်းတင်းဆုပ်ပြီးနင့်ကိုချစ်အကြောင်းငါပြောနေချင်တယ် ချစ်သူ

       အရမ်းချစ်ရတဲ့ချစ်သူ ငါ့လေနင့်ကိုသေတဲ့ထိတိုင်မမေ့နိုသ်ဘူးဟာ

         အရမ်းလဲပိုချစ်တယ်(pytkk)

အချိန်နဲ့နေ့ရက်တိုင်း မင်းတစ်ယောက်ထဲသာ

ဆုံတွေ့ခဲ့ရတာတွေနှစ်တွေတောင်ကုန်ဆုံးပီး
     အချိန်တွေတော်တော်ပြောင်းလဲသွားကြတယ်
ဒါပေမယ့်အချိန်တွေ လတွေ နှစ်တွေသာပြောင်းလဲကုန်တာ မပြောင်းလဲနိုင်တဲ့
မင်းအပေါ်အချစ်တွေ
   မင်းအပေါ်ဖြူစင်တဲ့မေတ္တာတွေက အမြဲတန်း
ပိုတိုးလာခဲ့ပါတယ်
မင်းလေးနဲ့စကားတွေပြော ဖုန်းတွေပြောရင်းလဲ
   ပျော်ရွှင်ခဲ့တဲ့နေ့ရက် တွေငါမမေ့နိုင်သလို
မင်းကိုချစ်တဲ့အချစ်တွေကိုလဲ ငါ့ဘယ်တော့မှမပြောင်းလဲနိုင်ဘူးဆိုတာ
      မင်းသိစေချင်တယ်
မင်းနဲ့ငါနဲ့တစ်နှစ်တာဆိုတဲ့ရက်ပေါင်း၃၆၅မှာ
ငါ့အတွပ်အလွမ်းအဆွေးသတိရခြင်းတွေကမင်းတစ်ယောက်ထဲအတွက်ပါ
    မင်းလဲ နေကောင်းအောင်နေပေးပါ
မင်းကိုတော့အသက်မကငါချစ်တယ် ချစ်သူ
ဘယ်တော့မှလဲမေ့မှာဆိုတာမရှိသလို
ဘယ်တော့မှလဲမင်းအပေါ်ပြောင်းလဲမသွားဘူးဆိုတာ
ငါအသက်ငါ့ဘဝနဲ့အာမခံရင်းချစ်သွားမှာချစ်သူ

Wednesday, 25 March 2015

အလွမ်းနဲ့ အိပ်စက်ခြင်းနှလုံးသား

  အလွမ်းဆိုတာ ချစ်တတ်လာပီဆို
ရင်ထဲမှာအလိုလိုစီးဆင်းနေတာဘဝပါ

တကယ်ပိုချစ်လေပိုလွမ်းလေဆိုတဲ့အတိုင်းပေါ့
ဟန်ဆောင်ချစ်လဲမဟုတ်သလို အပျော်ချစ်ခဲ့တာလဲမဟုတ်ရှာဘူး
      အလွမ်းဆိုတာ အချစ်ရဲ့ ပုံတူ လေးပါ
ချစ်တတ်လေလေပိုလွမ်းလေလေဆိုတဲ့သဘောမျိုးပေါ့
          မြင်တွေ့မှအချစ်ကစစ်မယ်ဆိုရင်
လူတွေအသဲကွဲ စရာရှိမှာမဟုတ်ဘူး
  မြင်တွေ့သည်ဖြစ်စေမမြင်တွေ့သည်ဖြစ်စေ
  တကယ်ဖြူဖြူစင်စင်ချစ်ဖို့တော့အရေးကြီးပါတယ်
   မေတ္တာဂရုဏာဆိုတာ ရောင်စဉ်တွေသွယ်တန်းနေသလိုဘဲ
အသွားအပြန်ဆိုတာအမြဲရှိစမြဲပေါ့
  ဆင်းရဲချမ်းသာ မချစ်ရဘူးတဲ့လား
   လူချင်းအတူတူ ဘာလို့အဆင့်အတန်းခွဲကြတာလဲ
   လူတစ်ယောက်မှာစာနာစိတ် ဖြူစင်တဲ့စိတ်ရိုးသားတဲ့လက္ခဏာရှိဖို့ကောမလိုဘူးလား
   ချမ်းသာပေမယ့် စိတ်ဓါတ်အောက်ကျ
ရိုင်စိုင်းနေတဲ့သာတွေဒုနဲ့ဒေးပါ
     ဆင်းရဲပေမယ့် ပင်ကိုယ်စိတ်ရင်းဖြူစင်တဲ့သူဒုနဲ့ဒေးပါ
ဘာကို ရွေူချယ်နေကြတာလဲ
                 တွေးရင်းခေါင်းတွေတောင်မူးနေပီ
အရမ်းချစ်တဲ့ငါ့အတွက် အဖော်မေ့ခြင်းတွေ စတင်ဝင်ရောက်နေပီလား
  ပျော်ရာမှာနေချင်ပေမယိ့်တော်ရာမှာနေရတဲ့ဘဝမို့
  ဘာများပြောနိုင်မှာလဲ
   အဆင့်အတန်းနိမ့်ကျတဲ့သူတွေလို့ဘဲအပြစ်ပြောခံရမှာထက်စာရင်  ကိုယ့်ကို ကြိုးစားခြင်းကပိုသင့်တော်မှာပါ
  လူတစ်ယောက်အတွက်ရိုးသားကြိုးစားခြင်းက
အောင်မြင်မှုတစ်ဝက်ရှိနေပီဘဲ
    ငါ့မာန်မာနငါ့ရဲ့ အတ္တတွေ ကိုတောင်ငါတစိခါမှမထားမိတဲ့သူအဖို့
   အရှုံးတဲ့လား

         ရက်စက်လိုက်ကြတာကံကြမ္မာရယ  ငါသစ်ချစ်တဲ့ငါ့ချစ်သူ ကောင်မလေးကိုဘဲ
ငါသေမတတ်ချစ်ခဲ့မိတာ
               ငါ့အပေါ်ဘာလို့ ရောင်ပြန် မရှိတာလဲ
           ငါ့အတွက်အသဲကွဲည တွေဘဲကဗျည်းတင်နေတော့မှာလားကံဇာတ်ဆရာရယ် ညတိုင်းငါသူ့ကိုဘဲမျှော်နေ့တိုင်းလဲသူ့ကိုမျှော်ရင်း
ငါ့အတွက်အိပ်မက်ဆန်ညတွေငါဘယ်လိုဖြတ်သန်းရမှာလဲ   (pyttkk)

          

Tuesday, 24 March 2015

အလွမ်းမျက်ရည်သူသိပါစေ

ချစ်ခဲ့ရသူလေးရေ............
မင်းအတွက်သည်းတဲ့မျက်ရည်မြေမခပေမဲ့ 
ကိုယ့်ပါးပြင်တ၀ိုက်ရွှဲလို့ စိုလူး
ခေါင်းအုံးလေးလည်းမခြောက်သေးဘူး
ချစ်သူ

ရင်နင့်အောင်ချစ်ခဲ့လို့ 
အသည်းနင့်အောင်လွမ်းစေဖို့ 
အပူရုပ်ကိုဟန်လုပ်
နာကျင်စွာပြုံးတတ်ဖို့ သင်ပေးခဲလေ့သလား

ချစ်သူ
ငါသိပ်ချစ်တာမင်းနားလည်မယ်ဆိုရင်
အစဉ်အမြဲမတောင်းဆိုရဲ
တစ်ခါတစ်ရံတော့သတိရပေးရင်
အဝေးကငါမျက်ရည်တွေနဲ့ ကျေနပ်နေပါ့မယ်
ချစ်သူ
လောကကြီးကပြောင်းလည်း
ဘယ်အရာမှမတည်မြဲ
ဒါပေမဲ့ 
ငါ့အချစ်ကအနက်ရှိုင်းဆုံးမို့ {နက်ရှိုင်းခဲ့သမို့ }
မုန်းမမေ့ပစ်ပါနဲ့ ကောင်မလေးရယ်..............

မျှော်လင့်ဆုံးသောလက်တစ်စုံ

    နေ့ညတွေသာကုန်ဆုံးခဲ့ရှာတယ်
တမ်းတာစိတ်တွေ သတိရစိတ်တွေနဲ့
မင်းကိုတမ်းတနေရပီပေါ့
             အခါခါမျှော်လင့်ခဲ့တာတွေဖြစ်မလာခဲ့ပေမယ့်
ငါလေမင်းအပေါ် ဘယ်တုန်းကမှအပြစ်မမြင်ခဲ့ပါဘူးဟာ
   တမ်းတစိတ်လွမ်းတဲ့စိတ်သတိရစိတ်တွေကိုငါထိန်းမချူပ်နိုင်ခဲ့ဘူးလေ
     ငါတမ်းတချစ်မိတာကမင်းတစ်ယောက်ဖြစ်နေတာ
         မင်းကငါ့ဘဝကိုပြောင်းလဲနိုင်သူဆိုလဲမမှားပါဘူးဟာ
       တစ်ခါမှခုလိုချစ်မျိုးလဲငါ့မချစ်မိခဲ့ဘူးဟာ
နင့်ကိုလေ ငါသေမတတ်ချစ်တယ်
      မျှော်လင့်ခဲ့တဲ့နင့်ဆီကစာလေးတစ်ကြောင်းလေးတောင်ငါမဖတ်ဖြစ်ခဲရင်ငါ့ရင်တစ်ခုလုံး ကြေမွကြေကွဲခဲ့ရသလိုခံစားတယ်ဟာ
       အပျော်ချစ်ခဲ့တာမဟုတ်ခဲ့ရပါဘူး

  တစ်သက်မှာ မင်းတစ်ယောက်ကိုဘဲ ဖြူစင်ဆုံးမေတ္တာနဲ့အရှင်းသန့်ဆုံးချစ်ခဲ့ရတာပါ
             နှစ်သိမ့်ခြင်းတွေ တောင်ငါအတွက် ဝေးနေခဲ့ရပါတယ်ဟာ
         ခုလိုရေးတဲ့အချိန်မှာငါအရမ်းဝမ်းနည်းနေရတာ
     နင်တော့ငါ့ခံစားချက်ကိုနားလည်နိုင်မှာလား

ငါမျှော်နေလင့်နေတဲ့ အရာတွေ မင်းမြင်တွေ့ချင်တ
်ဟာ ငါလေနင့်ဆီကအားပေးစကားတွေအရမ်းကြားချင်နေပီဟာ

Sunday, 22 March 2015

ဝေးသောချစ်ခြင်းခိုင်မြဲပါရစေ

ချစ်သူ
          တစ်ယောက်နဲ့တစ်ယောက်ဝေးနေကြတဲ့အချိန်မှာ
လွမ်းမောခြင်းတွေပြည့်ကျပ်နေတဲ့ ငါ့နှလုံးသားကို
နင့်ကိုမြင်အောင်ပြချင်လိုက်တာ
       တမ်းတနေတဲ့ငါ့ရဲ့စိတ်တွေ နင့်ကိုလွမ်းလို့
ခဏခဏကျတတ်တဲ့မျက်ရည်တိုးတိတ်စွာကြေကွဲခဲ့ရတဲ့အချိန် အိပ်မပျော်လို့မင်းအကြောင်းစဉ်းစားခဲ့ရတဲ့ညပေါင်း
အရာတိုင်းဟာငါ့အတွက်ကဗျာမဆန်ဘူး ချစ်သူ
    အခုလေငါရပ်တည်နေတဲ့နေရာမှာငါ့အတွက်အဆင်ပြေတယ်ဆိုပေမယ့် နင်မရှိတဲ့နေရာမှာငါမပျော်ဘူးချစ်သူ  ဖြစ်နိုင်မယ်ဆိုရင် ဒီအချိမ်ဆိုတာကြီးကိုလဒ်ထိုး
ထားချင်မိတယ် အချစ်မရှိတဲ့အရပ်မှာခါးသီးဆုံးသောနေ့ရက်
တွေ ကိုရှေ့ဆက်လျှောက်နိုင်ဖို့နင့်ရဲ့အပြုံးတွေအများကြီး
လိုအပ်တယ် ချစ်သူ  တစ်ယောက်နဲ့တစ်ယောက်အမြဲတွေ့မြင်နေရမှ
အချစ်ကခိုင်မြဲတယ်ဆိုပေမယ့်
အနေဝေးပီးသစ္စာဆိုတဲ့ကြိုးလေးကိုငါတို့နှစ်ယောက်တင်းတင်းလေးဆုပ်ပြီးပြန်ဆုံကြတဲ့နေ့တစ်နေ့ဟာငါတို့ရဲ့အချစ်တွေပိုပြီးခိုင်မြဲမယ်လို့ ငါယူဆတယ်ချစ်သူ  ငါ့အပေါ်မှာထားရဲ့နင့်ရဲ့အချစ်တွေကိုငါယုံကြည်သလို နင့်အပေါ်မှာထားတဲ့ငါရဲ့အချစ်တွေကိုလဲ
တန်ဖိုးထားမယ်လို့ငါယုံကြည်တယ်ချစ်သူ
       မင်းနဲ့မဆုံတွေ့သမျှတော့ ငါအလွမ်းခါးခါးကြီးတွေ ကြိတ်မှိတ်ပြီးခဏခဏမျိုချလိုက်အုံးမယ် ချစ်သူ

           pytkk   for u

Friday, 20 March 2015

သစ်ချစ်ရတဲ့ချစ်သူ

သစ်ချစ်ရတဲ့ ချစ်သူ နင်နဲ့ငါ့ကို
ကံကြမ္မာကတွေ့ဆုံခွင့်မပေးခဲ့ပေမယ့် ငါ့ရင်ထဲမှာအချိန်တိုင်းနင်ရှိနေတယ်ဆိုတာယုံပါ ချစ်သူ
တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေရတဲ့အတွက်တစ်ခါတရံနားလည်မှုတွေလွဲတတ်တဲ့အချိန်ဆိုတာရှိနေတိုင်းလဲ
   အမြဲခွင့်လွတ်ရင်း ချစ်နေမိတဲ့သူပါ ချစ်သူ………
တစ်ခါတရံနင့်အချစ်တွေက ငါ့အပေါ်အနိုင်ယူချင်တဲ့စိတ်လေးတွေရှိနေပေမယ့် ငါကနင့်အတွက်ဆိုအမြဲအရှုံးပေးရင်း ချစ်နေမိတဲ့သူတစ်ယောက်ပါချစ်သူ
ငါ့ရဲ့စိတ်ကူး မျှော်လင့်ချက်
ယုံကြည်ချက် အနာဂါတ်တွေအားလုံးနင့်တစ်ယောက်ဆီပုံအပ်ထားတာမို့
နင်လဲနားလည်မှုလေးတွေနဲ့
အတူငါ့တစ်ယောက်ထဲကိုအမြဲတန်းချစ်နေပေးပါနော် ချစ်သူ

Friday, 13 March 2015

13.3.2015 ငါ့ရဲ့အလွမ်းညပေါ့

ကောင်မလေးရယ်တွေ့စဉ်ခဏဆုံဆည်းခဲကြတာ
နှစ်တွေတောင်ပြည့်ကျန်ခဲပီ
ပျော်ပျော်ရွှင်ရွှင်နဲ့ဆုံဆည်းခွင့်ရတဲ့ကောင်မလေးရယ်
နင့်ကိုလေ ငါအရမ်းချစ်တယ် အရမ်းလဲလေးစားတယ် အရမ်းလဲတန်ဖိုးထားခဲ့ပါတယ်
နင်နဲအမြဲတော့မတွေ့ရတော့ဘူးလို့နင်ပြောလိုက်ကတည်းကငါ့ရင်တွေမှာဆိုနင့်မိသွားတယ်ဟာ
  ဒါပေမယ့်ငါ့အတွက်နင်ပေးတဲ့အချစ်နင်ပေးတဲ့အလွမ်းတွေနဲ့ငါလေနင့်ကိုအချိန်တိုင်းသတိရလွမ်းနေမှာ
ဆုံဆည်းမှုတစ်ခုအတွက် ခဏတာငါတို့တွေဝေးနေရမှာပေါ့ဟာ
ငါတို့တွေအတွက်အချိန်တွေ ကငါတို့ဘက်မှာအများကြီးရှိပါတယ်

အားမငယ်နဲ့နော် နင့်ဘေးနင့်အနားမှာငါချိန်တိုင်းရှိနေပါတယ်ကောင်မလေးရယ်

ဝေးလဲမမေ့နဲ့နီလဲမမေ့ပါနဲ့ဟာ
နင်လဲငါ့ကိုအမြဲအဟုတ်တောင်တစ်ခါတလေတော့သတိရနေပေးပါနော်ကောင်မလေးရယ်

        နင့်ကိုလေငါအသက်ထက်မကချစ်ပါတယ်ဟာ
ငါအလွမ်းတွေနဲ့နင့်ကိုအမြဲမျှော်နေပါတယ်ကောင်မလေးရယ်

      ငါ့ဆီအရောက်လာခဲ့နော်
ငါအမြဲနင့်ကိုစောင့်နေပါတယ် ချစ်သူ

Tuesday, 10 March 2015

နင့်အနားလေးမှာအမြဲရှိနေချင်တယ်ချစ်သူ

ဒီအချိန်မှာ   နင့်အနားလေးမှာ ငါရှိနေချင်ချင်လိုက်တာ အားပေးစကားလေးပြောရင်းပေါ့
နင့်အနားလေးမှာနေရင်း နင်ပျော်ရွှင်အောင်
ငါဟာသလေးတွေနဲ့ နင့်ပျော်အောင်ငါ လုပ်ပေးချင်လိုက်တာဟာ

        အချိန်ဆိုတာကြီး ရင် အနေဝေးနေတာတွေက
ငါတို့နှစ်ယောက်ကို ပိုပြီးခံစားစေချင်တာ
  
           အားတော့မငယ်လိုက်ပါနဲဟာ
နင့်အနားမှာငါမရှိမနေသေးပေမယ့်ငါ့ရဲ့ဝိညာဉ်တွေကနင့်အနားမှာအချိန်တိုင်းရှိနေပါတယ်

        ဒီအချိန်ဆိုတာကြီးကို ငါတို့တွေအချစ်နဲ့ကျော်ဖြတ်ကြမယ် 
       တစ်နေ့ငါလဲနင့်အနားရှေ့ကိုအရောက်လာမှာပါ
ငါတို့ရဲ့အချစ်တွေနဲ့ ငါတို့ရဲ့ဘဝအနာဂါတ်တွေကို
အပျော်ဆုံးဖြစ်အောင်ငါတို့တွေ ထူထောင်မယ် ချစ်သူ
    အတူတူရှိမနေသေးလို့ အားငယ်စိတ်တော့မထားလိုက်ပါနဲ့
ငါတို့တွေတစ်နေ့အတူတူဆုံခွင့်ရရင်းအတိုးချ ပျော်ရွှင်ကြမယ် အဝေးကချစ်သူရယ်**********

***************
maykhawady*******

Wednesday, 4 March 2015

ချစ်သူတွေရဲ့မနက်ဖြန်

#ချစ်သူတွေရဲ့မနက်ဖြန်
@@@@@@@@@

@အရာရာကို အပေါ်ယံခံစားတတ်သူအတွက်တော့
မနက်ဖြန်ဆိုတာ မယုံကြည်ရဲဘူးပေါ့...။

@အရာရာကို ပေါ့ပေါ့တန်တန်သဘောထားတတ်သူအတွက်တော့
မနက်ဖြန်ဆိုတာ မရေရာဘူးပေါ့....။

@အရာရာကို အပျော်အပျက်တွေးတတ်သူအတွက်တော့
မနက်ဖြန်ဆိုတာ မလေးနက်ဘူးပေါ့...။

@ဒါပေမယ့်လေ...
နင်နဲ့ပတ်သတ်ရင် အရာရာကို
လေးလေးနက်နက် ခံစားတွေးတောတတ်သူတစ်ယောက်အတွက်တော့
မနက်ဖြန် ဆိုတဲ့ မျှော်လင့်ချက်လေးကို အဖော်ပြုရင်း
ငါ့နှလုံးသားလေးရပ်တန့်သွားတဲ့အထိ ရှင်သန်နေဦးမှာပါ ချစ်သူ...။

အချစ်ရဲ့သီးသန့်တန်ဖိုး

အချစ်ရဲ့သီးသန့်တန်ဖိုး
♥ ♥ ♥ ♥ ♥ ♥ ♥

♥ ခင်မင်ရင်းနှီးမှုတစ်ခုတည်းနဲ့တော့
အချစ်ကို မရောနှောလိုက်ပါနဲ့...။
အချစ်ကပိုပြီး  သိမ်မွေ့ ပါတယ်...။

♥ ပျော်ရွှင်လိုမှုတစ်ခုတည်းနဲ့တော့
အချစ်ကိုမခံစားလိုက်ပါနဲ့ ...။
အချစ်ကပိုပြီး လှပပါတယ်...။

♥ လိုချင်တပ်မက်မှုတစ်ခုတည်းနဲ့တော့
အချစ်ကို တန်ဖိုးမဖြတ်လိုက်ပါနဲ့...။
အချစ်ကပိုပြီး လေးနက်ပါတယ်.. .။

♥ အားကိုးချင်တာတစ်ခုတည်းနဲ့တော့
အချစ်ကို ခေါင်းစဉ်မတပ်လိုက်ပါနဲ့...။
အချစ်က ပိုပြီးဖြူစင်ပါတယ်...။

♥ လေးစားအထင်ကြီးမှုတစ်ခုတည်းနဲ့တော့
အချစ်ကို မဖွင့်ဆိုပါနဲ့...။
အချစ်ကပိုပြီး ဂုဏ်သိက္ခာရှိပါတယ်...။

✏ ရွယ်စူး✏

Tuesday, 3 March 2015

ချစ်သူအတွက်

ဝမ်းနည်းတတ်တဲ့ ချစ်သူအတွက် အမှာစာ ငါ ဒီကမ္ဘာမှာ ရှိနေသရွေ့ ဝမ်းမနည်းပါနဲ့ချစ်သူ.. ပြုံးထားပါ.. အပြုံးကြောင့် နင်နဲ့ငါ နီးလာလိမ့်မယ်.. သူငယ်ချင်းတွေ မင်္ဂလာဆောင်တိုင်း ခေါင်းငုံ့ ဝမ်းနည်းတတ်တဲ့ချစ်သူ အချစ်စစ်မှန်ရင် မဖြောင့်ဖြူးတတ်တော့ ခဏလောက် တစ်မြေစီ ခွဲကြရတာ ဖြစ်ရိုးဖြစ်စဉ်ပါ။ သစ္စာတရားကို လက်ကိုင်ထားတဲ့ တို့နှစ်ယောက်အတွက် အချစ်သစ်ဆိုတာ မိုးနဲ့မြေ ထိတွေ့ခြင်းလိုပါပဲ။ ပျော်ရွှင်ခဲ့ကြတာ တဒင်္ဂလေးဆိုပေမယ့် စက္ကန့်တွေတိုင်း သတိရနေမိတာ တို့နှစ်ယောက် ချစ်လို့ပါ။ တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ကြတာ ရုပ်အလှကြောင့် မဟုတ်ခဲ့လို့ မျက်နှာပေါ်က အရေးအကြောင်း ပေါ်လာတိုင်းလဲ ဝမ်းမနည်းပါနဲ့ ချစ်သူ၊ ချစ်တဲ့သူရဲ့ မျက်ဝန်းထဲမှာ အရေးအကြောင်းက ပိုလှနေစေတယ်။ နင်နဲ့ငါ အသက်အရွယ်ချင်း သိပ်မကွာပေမယ့် လေးစားမှုလည်း ရှိခဲ့ကြတယ်။ ချစ်သူ … တို့နှစ်ယောက် အချစ်စစ်နဲ့ သစ္စာထားခဲ့တော့ ဘယ်လောက် ဝေးဝေး ၊ဘယ်လောက် ခက်ခဲခက်ခဲ သားလေးတွေ သမီးလေးတွေနဲ့ လှပတဲ့သီးသန့်ကမ္ဘာလေးကို တို့နှစ်ယောက် တည်ဆောက်နိုင်မှာပါ။ အချစ်များစွာဖြင့် Yangon life #Yangonlife #SocialInterest LL!

ရေမြေခြားချစ်သူ

ချစ်သူ....
နင်နဲ့ငါ တစ်နယ်စီဝေးနေပေမယ့် တစ်ယောက်
အပေါ်တစ်ယောက် သစ္စာ ထားရှိကြတယ်နော်

နင်ယုံကြည်ထားပေးပါ တကယ့်သစ္စာတရားကို နားလည်တဲ့သူက လွယ်လွယ်နဲ့ ဘယ်တော့မှ နောက်တစ်ယောက်ကို ထပ်ချစ်မှာမဟုတ်ဘူးဆိုတာ....... ။

ချစ်သူ.....
နင်နဲ့ငါ အပြင်မှာမမြင်ဖူးကြသေးပေမယ့်
တစ်ယောက်ကိုတစ်ယောက် ရုပ်ဆိုး/ရုပ်လှခြင်းတွေကိုအဓိကမထားပဲ ချစ်ခဲ့ကြတယ်နော်

နင်သိထားပေးပါ ချစ်တယ်ဆိုတာ လှလို့ချစ်တာမဟုတ်ပဲ ချစ်မိလို့သူ့ရဲ့စိတ်ထားကို
မြတ်နိုးတဲ့သူက ကိုယ့်ချစ်သူကလွဲ ဖွဲနဲ့ဆန်ကွဲဆိုတာ......။

ချစ်သူ.....
နင်နဲ့ငါ အသက်ရွယ်ကွာခြားပေမယ့် တစ်ယောက်ကိုတစ်ယောက် လေးစားမှုတွေရှိကြတယ်နော်

နင်အသိမှတ်ပြု ပေးပါ လူတစ်ယောက်ကို တကယ်ချစ်မိတဲ့သူက ကိုယ့်ချစ်သူကိုအရာရာက်ထက်တန်ဖိုးထားတတ်တယ်ဆိုတာ.............။

ချစ်သူ......
နင်နဲ့ငါ ဘယ်ချိန်ဆုံတွေ့ရမယ်ဆိုတာ မသိပေမယ့်
တစ်ယောက်ကိုတစ်ယောက် ကတိတွေ
ထားရှိကြတယ်နော်

နင်စောင့်နေပေးပါ ငါဟာအရာရာပြည့်စုံချင်မှပြည့်
စုံလိမ့်မယ်ချစ်သူ ဒါပေမယ့် နင့်ကိုချစ်တဲ့အချစ်တွေက
စစ်မှန်လို့ ငါ့ဘဝနဲ့လောင်းကြေးထပ်
ငါ့ရဲ့အသက်ထက်ဆုံး တစ်သက်လုံးအတွက်
ရည်ရွယ်ထားပြီးသားမို့

Monday, 2 March 2015

အလွမ်းသို့

အချစ်က ဒီအရိပ်မှာလာနားတော့
ရင်ခုန်သံကို မငြင်းရက်နိုင်ဘူး
စကားလုံးတိုက်ပွဲတွေ
မြေမှာ ကြွေတဲ့ နေ့ က
အလွမ်း..သို.. စာတစ်စောင် ပါးခဲ့တယ်။

ပေပါ ပေါ်က မင်ရည်တစ်စက်ရယ်
နေ့ ညဆိုတာကို အဖော်ပြု
ရင်ခုန်သံတွေကို တယောထိုး
ငါ့ဆိုတဲ့ ကောင်က
ဘာသားနဲ့ ထုထားတာမို့ လဲ။

ဘ၀ဆိုတာ အငိုနဲ့ စခဲ့ရတဲ့
ခရီးရှည်တစ်ခုဖြစ်ခဲ့မယ်ဆိုလျှင်
အချစ်ဆိုတာ အလွမ်းကို မြှောက်ပင့်တတ်တဲ့
မြောက် လေရူးလေးဖြစ်လိမ့်မယ်။

မကြွေပြပါနဲ့ လား
လမ်းတစ်ထောက်နားလိုက်တိုင်း
ငါ့ရင်ဘတ်က တစ်ဆစ်ဆစ်နာ
ဘယ်ဆေးမှလည်း မတိုးတော့ဘူး။

ရက်စက်ခြင်း ပါးပြင်ထက်မှာ
ဥပက္ခာ မျက်ရည်တွေသွန်းဖြိုး
အလွမ်းမဏ္ဏိုင်တွေ စိုက်စိုက်ပြနေတာ
လေနှင်ရာကို ရွှက်လွှင့်ရမဲ့
စက္ကူလှေ ကလေးလို 

စကားလုံးတိုက်ပွဲတွေ
မြေခတဲ့ နေ့ က
နင့် ပုခုံးထက် ငါမှီဖို့ ကြိုးစားရင်း
အလွမ်း..သို့ . စာတစ်စောင် ပေးပို့ 
နင် သိမှ သိပါလေစ ဟာ.။

ပန်းခင်းလမ်းလေးဖြစ်ပါစေ ချစ်သူ

အချစ်တွေက ဝေ
ပန်းခရေက ကြွေ
တစ်သက်မှာ တစ်ခါချစ်
ချစ်သူ လျှောက်သောလမ်း
ပန်းတွေနဲ့ ပြည့်စေ။

ချစ်ရသူရေ..
ဆုပ်ကိုင်ခွင့်မရှိတဲ့လက်က
အလွမ်းနဲ့ ပြည့်နှက်နေသလို
အချစ်မရှိတဲ့ လမ်းက
ဆူး ခရောင်းလို ကြမ်းတမ်းသတဲ့
အဲဒီတော့ချစ်သူ
အလွမ်းတွေကင်းပြီး
ဆူးခရောင်းလို့ မကြမ်းဖို့ 
နှလုံးသားချင်း ထပ်တူညီကြစို့ လား။

အိမ်မက်ဆိုတာ မက်ခွင့်ရှိတဲ့
နှလုံးသားအမြုတေတစ်ခုဖြစ်ခဲ့မယ်ဆိုလျှင်
နင့်ရှိတဲ့ အရပ်ကို မျှားဦးလှည့်
ငါ့နှလုံးသားကို ကမ္မည်းထိုးခွင့်ပေးလှည့်ပါ။

နင့်ရဲ့အချစ်က ပျားပိတုန်းလေးဖြစ်ခဲ့မယ်ဆို
ငါ့ရဲ့ ရင်ရိပ်ဝန်းမှာ မှေးစက်
အလွမ်းဝတ်ရည်လေးတွေ
ပြန့် ကျဲ ပေးလှည့်ပါ ချစ်သူ။

နုနုရွှရွှ လှမ်းလာတဲ့ နင့်ခြေလှမ်းထဲမှာ
အချစ်တွေနဲ့ ပြည့်ပါစေ
နင့်လျှောက်လှမ်းတဲ့ ခြေလှမ်းတိုင်း
ပန်းတွေနဲ့ သင်းပါစေတော့
ချစ်သူရယ်လို့ .................။

အချစ်

ရင်မှာတွယ်တဲ့ အချစ်
မနေ့ ကလို နေမသာနိုင်တော့ပါလား

ဒသနမသိတဲ့ လူ့ အရိုင်းတစ်ယောက်လို့ 
အချစ်ဆိုတဲ့ မြေပေါ် စမ်းတစ်ဝါးဝါးလျှောက်
မြေစမ်းပြီး ခရမ်းပျိုး
ငါ့ဘ၀မှာ ဗေဒါတွေ အမြဲလိုလို ငိုခဲ့တယ်။

အလှပဂေးမှမဟုတ်တော့
အကျည်းတန်တာပေါ့ချစ်သူ
ဒါကို အားနည်းချက်ရယ်လို့ 
စွဲချက် သ၀ဏ်လွှာတွေရေးပို့ 
ငါ့အသည်းကတော့ အပြုံးရိပ်တောင် မသမ်းနိုင်ရှာတော့ဘူး

အသည်းနုလို့ မဟုတ်ဘူးချစ်သူ
သစ္စာဆိုတာကို မျက်ရည်လိုသဘောထား
နင့်နားမှာ သက်တော်စောင့်အဖြစ်
ထာဝရ မှေးစက်ချင်ရုံလောက်ပါ။

တစ်ခုလောက်မေးပါရစေ
ရင်ဝှက်ကြိုးတွေ ဘယ်လောက်မြဲမြဲ
ကံဆိုတဲ့ကောင်ကြီးကို မိတ်ဆွေဖွဲ့ 
နင်ကို ချစ်ခဲ့တဲ့ ငါ့အချစ်
ဘာလက်နက်နဲ့ သတ်ရပါ့မလဲ။

ဥပက္ခာတရားဆိုတာ
နင်သုံးနေကျ ဝေါဟာရနယ်ပယ်တစ်ခုလား
သစ္စာဆိုတာ နင်ကြည့်နေကျ
မျက်ဝန်းနှစ်စုံလား
အချစ် အချစ်လို့  ပါးစပ်ကတစ်ဖွဖွပြော
Romantic ဆိုတဲ့ အချစ်အဓိပ္ပါယ်ကို
သေချာကော သုံးတတ်ခဲ့လို့ လား ချစ်သူရယ်။

♥♥♥ငါ့အတွက်တော့♥♥♥
အချစ်သည် ရံဖန်ရံခါ ပျော်ရွှင်စေတတ်ပြီး
အမြဲလိုလို ပူဆွေးလောင်မြိုက်ခြင်းကိုပေးတတ်သော
မျက်မမြင် သင်္ကတ ပင်ဖြစ်သည်။