Tuesday, 3 March 2015

ချစ်သူအတွက်

ဝမ်းနည်းတတ်တဲ့ ချစ်သူအတွက် အမှာစာ ငါ ဒီကမ္ဘာမှာ ရှိနေသရွေ့ ဝမ်းမနည်းပါနဲ့ချစ်သူ.. ပြုံးထားပါ.. အပြုံးကြောင့် နင်နဲ့ငါ နီးလာလိမ့်မယ်.. သူငယ်ချင်းတွေ မင်္ဂလာဆောင်တိုင်း ခေါင်းငုံ့ ဝမ်းနည်းတတ်တဲ့ချစ်သူ အချစ်စစ်မှန်ရင် မဖြောင့်ဖြူးတတ်တော့ ခဏလောက် တစ်မြေစီ ခွဲကြရတာ ဖြစ်ရိုးဖြစ်စဉ်ပါ။ သစ္စာတရားကို လက်ကိုင်ထားတဲ့ တို့နှစ်ယောက်အတွက် အချစ်သစ်ဆိုတာ မိုးနဲ့မြေ ထိတွေ့ခြင်းလိုပါပဲ။ ပျော်ရွှင်ခဲ့ကြတာ တဒင်္ဂလေးဆိုပေမယ့် စက္ကန့်တွေတိုင်း သတိရနေမိတာ တို့နှစ်ယောက် ချစ်လို့ပါ။ တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ကြတာ ရုပ်အလှကြောင့် မဟုတ်ခဲ့လို့ မျက်နှာပေါ်က အရေးအကြောင်း ပေါ်လာတိုင်းလဲ ဝမ်းမနည်းပါနဲ့ ချစ်သူ၊ ချစ်တဲ့သူရဲ့ မျက်ဝန်းထဲမှာ အရေးအကြောင်းက ပိုလှနေစေတယ်။ နင်နဲ့ငါ အသက်အရွယ်ချင်း သိပ်မကွာပေမယ့် လေးစားမှုလည်း ရှိခဲ့ကြတယ်။ ချစ်သူ … တို့နှစ်ယောက် အချစ်စစ်နဲ့ သစ္စာထားခဲ့တော့ ဘယ်လောက် ဝေးဝေး ၊ဘယ်လောက် ခက်ခဲခက်ခဲ သားလေးတွေ သမီးလေးတွေနဲ့ လှပတဲ့သီးသန့်ကမ္ဘာလေးကို တို့နှစ်ယောက် တည်ဆောက်နိုင်မှာပါ။ အချစ်များစွာဖြင့် Yangon life #Yangonlife #SocialInterest LL!

No comments:

Post a Comment