ချစ်ခဲ့ရသူလေးရေ............
မင်းအတွက်သည်းတဲ့မျက်ရည်မြေမခပေမဲ့ 
ကိုယ့်ပါးပြင်တ၀ိုက်ရွှဲလို့ စိုလူး
ခေါင်းအုံးလေးလည်းမခြောက်သေးဘူး
ချစ်သူ
ရင်နင့်အောင်ချစ်ခဲ့လို့ 
အသည်းနင့်အောင်လွမ်းစေဖို့ 
အပူရုပ်ကိုဟန်လုပ်
နာကျင်စွာပြုံးတတ်ဖို့ သင်ပေးခဲလေ့သလား
ချစ်သူ
ငါသိပ်ချစ်တာမင်းနားလည်မယ်ဆိုရင်
အစဉ်အမြဲမတောင်းဆိုရဲ
တစ်ခါတစ်ရံတော့သတိရပေးရင်
အဝေးကငါမျက်ရည်တွေနဲ့ ကျေနပ်နေပါ့မယ်
ချစ်သူ
လောကကြီးကပြောင်းလည်း
ဘယ်အရာမှမတည်မြဲ
ဒါပေမဲ့ 
ငါ့အချစ်ကအနက်ရှိုင်းဆုံးမို့ {နက်ရှိုင်းခဲ့သမို့ }
မုန်းမမေ့ပစ်ပါနဲ့ ကောင်မလေးရယ်..............
No comments:
Post a Comment