အချစ်ရဲ့သီးသန့်တန်ဖိုး
♥ ♥ ♥ ♥ ♥ ♥ ♥
♥ ခင်မင်ရင်းနှီးမှုတစ်ခုတည်းနဲ့တော့
အချစ်ကို မရောနှောလိုက်ပါနဲ့...။
အချစ်ကပိုပြီး သိမ်မွေ့ ပါတယ်...။
♥ ပျော်ရွှင်လိုမှုတစ်ခုတည်းနဲ့တော့
အချစ်ကိုမခံစားလိုက်ပါနဲ့ ...။
အချစ်ကပိုပြီး လှပပါတယ်...။
♥ လိုချင်တပ်မက်မှုတစ်ခုတည်းနဲ့တော့
အချစ်ကို တန်ဖိုးမဖြတ်လိုက်ပါနဲ့...။
အချစ်ကပိုပြီး လေးနက်ပါတယ်.. .။
♥ အားကိုးချင်တာတစ်ခုတည်းနဲ့တော့
အချစ်ကို ခေါင်းစဉ်မတပ်လိုက်ပါနဲ့...။
အချစ်က ပိုပြီးဖြူစင်ပါတယ်...။
♥ လေးစားအထင်ကြီးမှုတစ်ခုတည်းနဲ့တော့
အချစ်ကို မဖွင့်ဆိုပါနဲ့...။
အချစ်ကပိုပြီး ဂုဏ်သိက္ခာရှိပါတယ်...။
✏ ရွယ်စူး✏
No comments:
Post a Comment