Tuesday, 3 March 2015

ရေမြေခြားချစ်သူ

ချစ်သူ....
နင်နဲ့ငါ တစ်နယ်စီဝေးနေပေမယ့် တစ်ယောက်
အပေါ်တစ်ယောက် သစ္စာ ထားရှိကြတယ်နော်

နင်ယုံကြည်ထားပေးပါ တကယ့်သစ္စာတရားကို နားလည်တဲ့သူက လွယ်လွယ်နဲ့ ဘယ်တော့မှ နောက်တစ်ယောက်ကို ထပ်ချစ်မှာမဟုတ်ဘူးဆိုတာ....... ။

ချစ်သူ.....
နင်နဲ့ငါ အပြင်မှာမမြင်ဖူးကြသေးပေမယ့်
တစ်ယောက်ကိုတစ်ယောက် ရုပ်ဆိုး/ရုပ်လှခြင်းတွေကိုအဓိကမထားပဲ ချစ်ခဲ့ကြတယ်နော်

နင်သိထားပေးပါ ချစ်တယ်ဆိုတာ လှလို့ချစ်တာမဟုတ်ပဲ ချစ်မိလို့သူ့ရဲ့စိတ်ထားကို
မြတ်နိုးတဲ့သူက ကိုယ့်ချစ်သူကလွဲ ဖွဲနဲ့ဆန်ကွဲဆိုတာ......။

ချစ်သူ.....
နင်နဲ့ငါ အသက်ရွယ်ကွာခြားပေမယ့် တစ်ယောက်ကိုတစ်ယောက် လေးစားမှုတွေရှိကြတယ်နော်

နင်အသိမှတ်ပြု ပေးပါ လူတစ်ယောက်ကို တကယ်ချစ်မိတဲ့သူက ကိုယ့်ချစ်သူကိုအရာရာက်ထက်တန်ဖိုးထားတတ်တယ်ဆိုတာ.............။

ချစ်သူ......
နင်နဲ့ငါ ဘယ်ချိန်ဆုံတွေ့ရမယ်ဆိုတာ မသိပေမယ့်
တစ်ယောက်ကိုတစ်ယောက် ကတိတွေ
ထားရှိကြတယ်နော်

နင်စောင့်နေပေးပါ ငါဟာအရာရာပြည့်စုံချင်မှပြည့်
စုံလိမ့်မယ်ချစ်သူ ဒါပေမယ့် နင့်ကိုချစ်တဲ့အချစ်တွေက
စစ်မှန်လို့ ငါ့ဘဝနဲ့လောင်းကြေးထပ်
ငါ့ရဲ့အသက်ထက်ဆုံး တစ်သက်လုံးအတွက်
ရည်ရွယ်ထားပြီးသားမို့

No comments:

Post a Comment