Monday, 2 March 2015

အလွမ်းသို့

အချစ်က ဒီအရိပ်မှာလာနားတော့
ရင်ခုန်သံကို မငြင်းရက်နိုင်ဘူး
စကားလုံးတိုက်ပွဲတွေ
မြေမှာ ကြွေတဲ့ နေ့ က
အလွမ်း..သို.. စာတစ်စောင် ပါးခဲ့တယ်။

ပေပါ ပေါ်က မင်ရည်တစ်စက်ရယ်
နေ့ ညဆိုတာကို အဖော်ပြု
ရင်ခုန်သံတွေကို တယောထိုး
ငါ့ဆိုတဲ့ ကောင်က
ဘာသားနဲ့ ထုထားတာမို့ လဲ။

ဘ၀ဆိုတာ အငိုနဲ့ စခဲ့ရတဲ့
ခရီးရှည်တစ်ခုဖြစ်ခဲ့မယ်ဆိုလျှင်
အချစ်ဆိုတာ အလွမ်းကို မြှောက်ပင့်တတ်တဲ့
မြောက် လေရူးလေးဖြစ်လိမ့်မယ်။

မကြွေပြပါနဲ့ လား
လမ်းတစ်ထောက်နားလိုက်တိုင်း
ငါ့ရင်ဘတ်က တစ်ဆစ်ဆစ်နာ
ဘယ်ဆေးမှလည်း မတိုးတော့ဘူး။

ရက်စက်ခြင်း ပါးပြင်ထက်မှာ
ဥပက္ခာ မျက်ရည်တွေသွန်းဖြိုး
အလွမ်းမဏ္ဏိုင်တွေ စိုက်စိုက်ပြနေတာ
လေနှင်ရာကို ရွှက်လွှင့်ရမဲ့
စက္ကူလှေ ကလေးလို 

စကားလုံးတိုက်ပွဲတွေ
မြေခတဲ့ နေ့ က
နင့် ပုခုံးထက် ငါမှီဖို့ ကြိုးစားရင်း
အလွမ်း..သို့ . စာတစ်စောင် ပေးပို့ 
နင် သိမှ သိပါလေစ ဟာ.။

No comments:

Post a Comment