ချစ်သူကိုပြောပြချင်တဲ့ စကားကြီး(၁၁)ခွန်း
(၁)
အချိန်တိုင်းသတိရနေစရာမလိုပါဘူး ။
ပျော်ရွှင်တဲ့ အချိန်ထက် နာကြင်ဝမ်းနည်းတဲ့အချိန်မှာ သတိရပေးပါ ။
အထူးသဖြင့်
တယောက်ယောက်ရဲ့ အားပေးမှုလိုအပ်တဲ့အခါ
ချစ်သူ......
ငါ့ကိုအရင်ဆုံးသတိရပေးပါ ။
(၂)
ငါ့ကိုအမြဲတမ်းသစ္စာရှိစရာမလိုပါဘူး။
နောက်တစ်ယောက်ကနင့်အချစ်ကိုမျှော်လင့်တဲ့ အချိန်ရယ်
နင်နဲ့ ငါစိတ်အခန့်မသင့်ရန်ဖြစ်စိတ်ကောက်နေချိန်ရယ်မှာပဲ
ချစ်သူ..
ငါ့အပေါ် သစ္စာရှိပေးပါ ။
(၃)
သူတပါးကိုလိမ်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုလိမ်ခြင်းဆိုပြီး
နှစ်မျိုးရှိတဲ့ မုသာဝါဒမှာ
ကိုယ့်ကိုယ်ကိုလိမ်ခြင်းက ပိုထိခိုက်နိုင်သလို ပိုအပြစ်ကြီးတယ်။
ချစ်သူ..
ငါ့ကိုလိမ်ချင်လိမ်ပါ ။
နင့်ကိုယ်နင်တော့ မလိမ်ပါနဲ့ ။
(၄)
နင့်ရဲ့ တစ်နေ့ တာတွေအကြောင်း
အချိန်နဲ့ တပြေးညီ reportတင်စရာမလိုဘူး
ငါ့ကိုလွမ်းမိသွားတဲ့အချိန်ရယ်
ငါ့ကိုလိုအပ်တဲ့အချိန်ရယ်ပဲ
ချစ်သူ...
ငါ့ကို ချက်ချင်းအသိပေးပါ ။
(၅)
"ချစ်တယ်"ဆိုတဲ့ စကားကို
အမြဲတမ်းတဖွဖွပြောပေးစရာမလိုပါဘူး ။
ငါတို့ စိတ်ကောက်နေတဲ့အချိန်ရယ်
ငါအားငယ်စိတ်ဝင်နေမိတဲ့ အချိန်ရယ်မှာပဲ
ချစ်သူ
ငါ့ကိုချစ်တဲ့အကြောင်း သေသေချာချာပြောပေးပါ ။
(၆)
ဘယ်လောက်လှကြောင်းတဖွဲ့ တနွဲ့ မြှောက်ပြောစရာမလိုပါဘူး
လှရင် လှတယ် ၊ မလှတဲ့အခါ မလှဘူး
သဘောကျတယ် ၊ သဘောမကျဘူး
သေချာဝေဖန်ပေးပါ ။
ဒါမှ ..
နင့်အကြိုက်ကိုနားလည်လာပြီး နင့်စိတ်တိုင်းကျနေလို့ ရမှာမို့ ပါ ။
ဘယ်လိုပဲဝေဖန်ဝေဖန်
ဝေဖန်ပြီးတဲ့အခါတိုင်း
"ငါဘာပဲဖြစ်ဖြစ်ချစ်နေမှာ"ဆိုတဲ့ စကားကို
ကျေးဇူးပြုပြီး ပြောပေးပါ ။
(၇)ငါ့ကိုအမှားပြုမိတယ် ၊ ငါမကြိုက်တာလုပ်မိတယ်ဆိုရင်တောင်းပန်ပါ ။
အမြဲတမ်းတော့ တောင်းပန်စကားမဆိုနဲ့ 
နင်မှားရင်မှားတဲ့ အကြောင်းချက်ချင်းဝန်ခံသင့်သလို
နင်မမှားခဲ့ရင်လဲ ငါနားလည်လက်ခံတဲ့အထိ
သေသေချာချာ စိတ်ရှည်လက်ရှည် ရှင်းပြပေးပါ ။
(၈)
ငါနင့်ကို စိတ်ဆိုး၊စိတ်ကောက်မိတဲ့အခါတိုင်း
ငါမှားနေခဲ့ရင်တောင်
ထွေထွေထူးထူး ပြဿနာမဟုတ်ခဲ့ရင်
နင်စိတ်လျှော့ပြီး
ငါ့ကိုချော့ပါ ။
(၉)ငါလုပ်သမျှအရာတွေကိုထိုင်ကြည့်
ငါပြောသမျှ "ဟုတ်ကဲ့" လို့ ဆိုပြီး
ခေါင်းညိတ်စက်ရုပ်လုပ်နေစရာမလိုပါဘူး ။
ငါမကြိုက်တာလေးတွေကို တတ်နိုင်သမျှရှောင်ပြီး
နင်မကြိုက်တာတွေရှိရင် ပွင့်ပွင့်လင်းလင်းပြောပြပေးပါ ။
ငါနားလည်လက်ခံတဲ့ထိ ရှင်းပြဖို့ တော့လိုတယ် ချစ်သူ ။
(၁၀)
ငါလိုအပ်တာ... ငါလိုချင်တာ..
နင့်ပိုက်ဆံတွေ..
နင်ဝယ်ပေးတဲ့ပစ္စည်းတွေ မဟုတ်ဘူးးးးး
နင့်ကိုပဲငါလိုအပ်တာ..
ငါ့အနား နင်အမြဲရှိစေချင်ရုံပါ ချစ်သူ ။