Monday, 30 May 2016

ဆု​တောင်း

တန်ခိုးရှင်တစ်ဦးကသာ
ငါ့ရဲ့ဆန္ဒကို
ဖြည့်ဆည်းပေးမယ်ဆိုရင်

ငါအလိုချင်ဆုံးဆုက

ဖျက်ခနဲဖွင့်လိုက်ပိတ်လိုက်လုပ်တတ်တဲ့
မျက်တောင်တွေရဲ့လှုပ်ရှားမှုတိုင်းမှာဖြစ်ဖြစ်

တဒိတ်ဒိတ်မြည်နေတဲ့
ငါ့နှလုံးသားရဲ့ရင်ခုန်သံတိုင်းမှာပဲဖြစ်ဖြစ်

အိပ်စက်ခြင်းရဲ့ဟိုးဘက်က
အိပ်မက်တွေထဲမှာပဲဖြစ်ဖြစ်

"မင်းနဲ့စက္ကန့်ပိုင်းလောက်ပဲဖြစ်ဖြစ်
ဆုံစည်းမှုလေးတစ်ခုကိုပါ"
ချစ်သူရယ်....

No comments:

Post a Comment