တစ်နေ့နေ့ရောက်ခဲ့ရင်
.................................
နင့်ကိုချစ်တဲ့ ငါ့ရဲ့အချစ်တွေကို ခုချိန်မှာ
နင်မမြင်နိုင်သေးပေမယ့် တစ်နေ့ကျရင်
နင်ငါ့ကိုပြန်ချစ်လာပါလိမ့်မယ်
အခုငါနင့်ကိုချစ်သလိုပေါ့
အဲ့ဒီ တစ်နေ့နေ့က....
အချစ်ဆိုတာ နောင်တစ်ချိန်အတွက်
မသေချာတဲ့အရာတစ်ခုဖြစ်ပေမယ့်
လက်ရှိအချိန်မှာ ကိုယ့်ချစ်သူတွေအတွက်
အကောင်းဆုံးတွေ ဖန်တီးပေးဖို့လိုအပ်တယ်ဆိုတာ
နင်သိလာတဲ့တစ်နေ့......
အချစ်ဆိုတာအတ္တ မာန
တဖက်သတ်အတွေးအခေါ်တွေနဲ့
ကိုယ့်ချစ်သူရဲ့ နှလုံးသားကိုနာကျင်စေရတာမျိုးမဟုတ်ဘဲ စာနာစိတ်နဲ့
သနားကြင်နာတတ်ရမယ်ဆိုတာ
နင်သိလာတဲ့တစ်နေ့.....
လူတကိုယ်စိတ်တမျိုးရှိတာပဲ ငါမှန်ရင်ပြီးတာပဲ
သစ္စာရှိရင်ပြီးတာပဲဆိုပြီး ကိုယ့်ချစ်သူကို
ဥပေက္ခာပြုရင်း ကြင်နာနွေးထွေးမှုတွေမပေးဘဲ
ပစ်ထားရတာမဟုတ်ဘူးဆိုတာ
နင်သိလာတဲ့တစ်နေ့...
အချစ်ကိုတခြားအရာတွေနဲ့ နှိုင်းယှဉ်ပြီး
ကိုယ့်ချစ်သူကိုဝမ်းနဲအားငယ်စေရတာမျိုး
ွမဟုတ်ဘူးဆိုတာ
နင်သိလာတဲ့တစ်နေ့....
နောင်တတရားတွေနဲ့အတူ
ငါ့ကို ( သို့မဟုတ် ) နင့်နှလုံးသားက
ချစ်တတ်လာပါလိမ့်မယ်။
မနောသီရိ
✿ အတွေးနဲ့အမြင်စာစုလေးများ ✿
No comments:
Post a Comment