တခါတလေမှာ...နင့်ကိုချစ်ရတာ အရမ်းနာကျင်ရလွန်းလို့...
မေ့ပစ်ဖို့ကြိုးစားတိုင်း...
လမင်းကြီးက ရယ်လေ့ရှိတယ်...
လမင်းကြီးက ငါ့ကိုပြန်ပြောတယ်...
မင်းသာ သူ့ကိုမေ့နိုင်မယ်ဆိုရင်...
ငါ ကြီးစိုးနေတဲ့ ကောင်းကင်ကြီးမှာ လသာညတွေ ထွန်းလင်းနိုင်တော့မှာမဟုတ်ဘူးတဲ့..
မင်းကို မလွမ်းဖို့ကြိုးစားတိုင်း...
ခေါင်းအုံးလေးက ရယ်လေ့ရှိတယ်...
ခေါင်းအုံးလေးက ငါ့ကိုပြန်ပြောတယ်...
မင်းသာ သူ့ကိုမလွမ်းတော့ဘူးဆိုရင်...
ငါလဲမင်းမျက်ရည်တွေနဲ့မထိတွေ့ရတော့ဘူးပေါ့တဲ့...
ခုထိမင်းမျက်ရည်တွေနဲ့ ငါစိုစွတ်နေဆဲပဲတဲ့...
မင်းကို မုန်းပစ်ဖို့ကြိုးစားတိုင်း...
ငါ့နှလုံးသားလေးက ရယ်လေ့ရှိတယ်...
နှလုံးသားလေးက ငါ့ကိုပြန်ပြောတယ်...
မင်းသာ သူ့ကိုမုန်းနိုင်မယ်ဆိုရင်....
ငါလဲ ရပ်တန့်သွားတာကြာပီတဲ့ ခုထိ ငါအသက်ရှင်သန်နေဆဲပဲတဲ့.....
ကဲ..ဒီတော့...မင်းလဲ..ငါ့ခေါင်းထဲ..
ငါ့အတွေးထဲ..ငါ့စိတ်ထဲ..အားလုံးအားလုံးထဲက ထွက်ဖို့ကြိုးစားမနေနဲ့တော့လို့...😀😀😀
(နင့်ခေါင်းထဲ နင့်အတွေးထဲ နင့်စိတ်ထဲမှာတော့ ငါရှိ၏ မရှိ၏ စိတ်မဝင်စားဘူး ....ငါနဲ့သက်ဆိုင်တဲ့ပတ်သတ်မှု့တိုင်းမှာတော့ နင်ရှိတယ်....
ဒါပဲ)
***စူး***
No comments:
Post a Comment