Tuesday, 17 May 2016

မင်းသိ​စေချင်

တစ်ယောက်ထဲ နေရတာအဆင်ပြေပါတယ်
ငါ့ရဲ့ နေ့ရက်တွေကတော့ ပျော်ရွှင်မှု့လေးတွေ နည်းယုံကလွဲလို့ပေါ့ ။

တစ်ယောက်ထဲနေရတာ အဆင်ပြေပါတယ်
ငါ့ရဲ့ တီတီတာတာ စကားသံလေးတွေ တိတ်ဆိတ်သွားယုံကလွဲရင်ပေါ့ ။

တစ်ယောက်ထဲနေရတာအဆင်ပြေပါတယ်
ငါနေမကောင်းဖြစ်တဲ့အခါ နင့်ကို တမ်းတမိယုံလေးက လွဲလို့ပေါ့ ။

တစ်ယောက်ထဲနေရတာအဆင်ပြေပါတယ်
ငါစိတ်ညစ်တဲ့အချိန် နင့်ရင်ခွင်လေးထဲ မှေးစက် အားပေးစကားသံလေး ကြားချင်ယုံလေးကလွဲလို့ပေါ့ ။

တစ်ယောက်ထဲနေရတာ အဆင်ပြေပါတယ်
နင်မရှိတဲ့ နေ့ ရက်တွေမှာ လွမ်းစိတ်နဲ့ အိပ်ပျက်ညတွေ များယုံကလွဲရင်ပေါ့ ။

ဘာပဲဖြစ်ဖြစ် ငါ့ရွေးချယ်မှု့တွက် ငါကျေနပ်တယ်

1 comment: