Monday, 16 May 2016

အ​ဝေး​ရောက်​​ချစ်​သူ

ချစ်သူရေ......
မဆုံနိုင်သေးသရွေ့တော့
လွမ်းရပေအုံးမပေါ့

အဝေးရောက် ချစ်သူဘဝဆိုတာ
ဖုန်းလေးတစ်လုံးသာ
အားကိုးရာ မဟုတ်လား

ဖုန်းလေးထဲကမှ
ဆက်သွယ်ခွင့် မရတဲ့ခြေနေမှာ
ငါ့ရင်ထဲ ဗလောင်ဆူနေပီဟာ

ပြောခွင့်ကြုံလို့ သိနိုင်မယ်ဆိုရင်
ပြောလိုက်ချင်ပါရဲ့ ချစ်သူ.....

ဘယ်စာတွေ ဘယ်လိုဖွဲ့ဖွဲ့
နောက်ဆုံးထွက်မဲ့ စကားလုံးက
ရင်ထဲက ထွက်ကျလာတာမို့
အရိုးရှင်းဆုံးပဲ ပြောချင်တယ်
ငါ နင့်ကို အရမ်းလွမ်းတာဘဲ

မဆုံနိုင်သေးသော ငါတို့ချစ်သူနှစ်ယောက်
#တနေ့တော့ အဝေးရောက်နေတဲ့ချစ်သူရေ..
အားတင်းထားပါ ငါတို့နီးစပ်ဖို့သိပ်မလိုတော့ပါဘူး

အချိန်​​တွေကနီးလာပါပြီ

ချစ်​သူ...

No comments:

Post a Comment