Monday, 30 May 2016
ဆု​တောင်း
တန်ခိုးရှင်တစ်ဦးကသာ
ငါ့ရဲ့ဆန္ဒကို
ဖြည့်ဆည်းပေးမယ်ဆိုရင်
ငါအလိုချင်ဆုံးဆုက
ဖျက်ခနဲဖွင့်လိုက်ပိတ်လိုက်လုပ်တတ်တဲ့
မျက်တောင်တွေရဲ့လှုပ်ရှားမှုတိုင်းမှာဖြစ်ဖြစ်
တဒိတ်ဒိတ်မြည်နေတဲ့
ငါ့နှလုံးသားရဲ့ရင်ခုန်သံတိုင်းမှာပဲဖြစ်ဖြစ်
အိပ်စက်ခြင်းရဲ့ဟိုးဘက်က
အိပ်မက်တွေထဲမှာပဲဖြစ်ဖြစ်
"မင်းနဲ့စက္ကန့်ပိုင်းလောက်ပဲဖြစ်ဖြစ်
ဆုံစည်းမှုလေးတစ်ခုကိုပါ"
ချစ်သူရယ်....
Friday, 27 May 2016
တစ်​​နေ့​နေ့​ရောက်​ခဲ့ရင်
တစ်နေ့နေ့ရောက်ခဲ့ရင်
.................................
နင့်ကိုချစ်တဲ့ ငါ့ရဲ့အချစ်တွေကို ခုချိန်မှာ
နင်မမြင်နိုင်သေးပေမယ့် တစ်နေ့ကျရင်
နင်ငါ့ကိုပြန်ချစ်လာပါလိမ့်မယ်
အခုငါနင့်ကိုချစ်သလိုပေါ့
အဲ့ဒီ တစ်နေ့နေ့က....
အချစ်ဆိုတာ နောင်တစ်ချိန်အတွက်
မသေချာတဲ့အရာတစ်ခုဖြစ်ပေမယ့်
လက်ရှိအချိန်မှာ ကိုယ့်ချစ်သူတွေအတွက်
အကောင်းဆုံးတွေ ဖန်တီးပေးဖို့လိုအပ်တယ်ဆိုတာ
နင်သိလာတဲ့တစ်နေ့......
အချစ်ဆိုတာအတ္တ မာန
တဖက်သတ်အတွေးအခေါ်တွေနဲ့
ကိုယ့်ချစ်သူရဲ့ နှလုံးသားကိုနာကျင်စေရတာမျိုးမဟုတ်ဘဲ စာနာစိတ်နဲ့
သနားကြင်နာတတ်ရမယ်ဆိုတာ
နင်သိလာတဲ့တစ်နေ့.....
လူတကိုယ်စိတ်တမျိုးရှိတာပဲ ငါမှန်ရင်ပြီးတာပဲ
သစ္စာရှိရင်ပြီးတာပဲဆိုပြီး ကိုယ့်ချစ်သူကို
ဥပေက္ခာပြုရင်း ကြင်နာနွေးထွေးမှုတွေမပေးဘဲ
ပစ်ထားရတာမဟုတ်ဘူးဆိုတာ
နင်သိလာတဲ့တစ်နေ့...
အချစ်ကိုတခြားအရာတွေနဲ့ နှိုင်းယှဉ်ပြီး
ကိုယ့်ချစ်သူကိုဝမ်းနဲအားငယ်စေရတာမျိုး
ွမဟုတ်ဘူးဆိုတာ
နင်သိလာတဲ့တစ်နေ့....
နောင်တတရားတွေနဲ့အတူ
ငါ့ကို ( သို့မဟုတ် ) နင့်နှလုံးသားက
ချစ်တတ်လာပါလိမ့်မယ်။
မနောသီရိ
✿ အတွေးနဲ့အမြင်စာစုလေးများ ✿
Tuesday, 24 May 2016
မင်းအချစ်​ထက်​ပိုချစ်​တဲ့ငါ
အချစ်တဲ့...
ချစ်မိသွားတဲ့အခါ ကမ္ဘာကြီးရဲ့တစ်ပတ်ကိုပတ်ပြေးရတာထက်
ပိုမောစေတယ်...
အချစ်တဲ့...
သူ့အကြောင်းတွေးမိလိုက်ယုံစဉ်းစားလိုက်ယုံနဲ့အလိုလို
နှတ်ခမ်းကပြုံးလျှက်သားဖြစ်သွားတတ်တဲ့ ခံစားမှုမျိုးပါ...
အချစ်တဲ့...
ပိုချစ်လိုက်မိတဲ့လူတစ်ယောက်က ပိုခံစားလိုက်ရပိုပြီးတော့အရူံး
ပေးလိုက်ရတဲ့ ပေးဆပ်မျိုးပါ...
အချစ်တဲ့...
အရမ်းချစ်မိသွားတဲ့အခါမျက်လုံးကိုစုံမှိတ်ပြီးသူ့အတွက်ဆိုတာ
အမြဲဖြည့်ဆည်းပေးရတာကိုကျေနပ်နေတတ်တာပါ...
အချစ်တဲ့...
ကိုယ့်ချစ်သူအတွက်ဆိုရင် အမြဲတမ်းပိုချစ်တဲ့လူဟာကိုယ်ပဲဖြစ်
ချင်ကြမှာပါပဲ...
@p]
Tuesday, 17 May 2016
အချစ်​စစ်​နဲ့ငါ့
တခါတလေမှာ...နင့်ကိုချစ်ရတာ အရမ်းနာကျင်ရလွန်းလို့...
မေ့ပစ်ဖို့ကြိုးစားတိုင်း...
လမင်းကြီးက ရယ်လေ့ရှိတယ်...
လမင်းကြီးက ငါ့ကိုပြန်ပြောတယ်...
မင်းသာ သူ့ကိုမေ့နိုင်မယ်ဆိုရင်...
ငါ ကြီးစိုးနေတဲ့ ကောင်းကင်ကြီးမှာ လသာညတွေ ထွန်းလင်းနိုင်တော့မှာမဟုတ်ဘူးတဲ့..
မင်းကို မလွမ်းဖို့ကြိုးစားတိုင်း...
ခေါင်းအုံးလေးက ရယ်လေ့ရှိတယ်...
ခေါင်းအုံးလေးက ငါ့ကိုပြန်ပြောတယ်...
မင်းသာ သူ့ကိုမလွမ်းတော့ဘူးဆိုရင်...
ငါလဲမင်းမျက်ရည်တွေနဲ့မထိတွေ့ရတော့ဘူးပေါ့တဲ့...
ခုထိမင်းမျက်ရည်တွေနဲ့ ငါစိုစွတ်နေဆဲပဲတဲ့...
မင်းကို မုန်းပစ်ဖို့ကြိုးစားတိုင်း...
ငါ့နှလုံးသားလေးက ရယ်လေ့ရှိတယ်...
နှလုံးသားလေးက ငါ့ကိုပြန်ပြောတယ်...
မင်းသာ သူ့ကိုမုန်းနိုင်မယ်ဆိုရင်....
ငါလဲ ရပ်တန့်သွားတာကြာပီတဲ့ ခုထိ ငါအသက်ရှင်သန်နေဆဲပဲတဲ့.....
ကဲ..ဒီတော့...မင်းလဲ..ငါ့ခေါင်းထဲ..
ငါ့အတွေးထဲ..ငါ့စိတ်ထဲ..အားလုံးအားလုံးထဲက ထွက်ဖို့ကြိုးစားမနေနဲ့တော့လို့...😀😀😀
(နင့်ခေါင်းထဲ နင့်အတွေးထဲ နင့်စိတ်ထဲမှာတော့ ငါရှိ၏ မရှိ၏ စိတ်မဝင်စားဘူး ....ငါနဲ့သက်ဆိုင်တဲ့ပတ်သတ်မှု့တိုင်းမှာတော့ နင်ရှိတယ်....
ဒါပဲ)
***စူး***
မင်းသိ​စေချင်
တစ်ယောက်ထဲ နေရတာအဆင်ပြေပါတယ်
ငါ့ရဲ့ နေ့ရက်တွေကတော့ ပျော်ရွှင်မှု့လေးတွေ နည်းယုံကလွဲလို့ပေါ့ ။
တစ်ယောက်ထဲနေရတာ အဆင်ပြေပါတယ်
ငါ့ရဲ့ တီတီတာတာ စကားသံလေးတွေ တိတ်ဆိတ်သွားယုံကလွဲရင်ပေါ့ ။
တစ်ယောက်ထဲနေရတာအဆင်ပြေပါတယ်
ငါနေမကောင်းဖြစ်တဲ့အခါ နင့်ကို တမ်းတမိယုံလေးက လွဲလို့ပေါ့ ။
တစ်ယောက်ထဲနေရတာအဆင်ပြေပါတယ်
ငါစိတ်ညစ်တဲ့အချိန် နင့်ရင်ခွင်လေးထဲ မှေးစက် အားပေးစကားသံလေး ကြားချင်ယုံလေးကလွဲလို့ပေါ့ ။
တစ်ယောက်ထဲနေရတာ အဆင်ပြေပါတယ်
နင်မရှိတဲ့ နေ့ ရက်တွေမှာ လွမ်းစိတ်နဲ့ အိပ်ပျက်ညတွေ များယုံကလွဲရင်ပေါ့ ။
ဘာပဲဖြစ်ဖြစ် ငါ့ရွေးချယ်မှု့တွက် ငါကျေနပ်တယ်
Monday, 16 May 2016
အ​ဝေး​ရောက်​​ချစ်​သူ
ချစ်သူရေ......
မဆုံနိုင်သေးသရွေ့တော့
လွမ်းရပေအုံးမပေါ့
အဝေးရောက် ချစ်သူဘဝဆိုတာ
ဖုန်းလေးတစ်လုံးသာ
အားကိုးရာ မဟုတ်လား
ဖုန်းလေးထဲကမှ
ဆက်သွယ်ခွင့် မရတဲ့ခြေနေမှာ
ငါ့ရင်ထဲ ဗလောင်ဆူနေပီဟာ
ပြောခွင့်ကြုံလို့ သိနိုင်မယ်ဆိုရင်
ပြောလိုက်ချင်ပါရဲ့ ချစ်သူ.....
ဘယ်စာတွေ ဘယ်လိုဖွဲ့ဖွဲ့
နောက်ဆုံးထွက်မဲ့ စကားလုံးက
ရင်ထဲက ထွက်ကျလာတာမို့
အရိုးရှင်းဆုံးပဲ ပြောချင်တယ်
ငါ နင့်ကို အရမ်းလွမ်းတာဘဲ
မဆုံနိုင်သေးသော ငါတို့ချစ်သူနှစ်ယောက်
#တနေ့တော့ အဝေးရောက်နေတဲ့ချစ်သူရေ..
အားတင်းထားပါ ငါတို့နီးစပ်ဖို့သိပ်မလိုတော့ပါဘူး
အချိန်​​တွေကနီးလာပါပြီ
ချစ်​သူ...
Monday, 2 May 2016
အ​ဝေးကချစ်​သူ
ဟိုးအဝေးကြီးမှာ ရှိနေတဲ့ သူတစ်ယောက်ကို
ချစ်မိတာ ငါမှားနေလို့ လား...... ????
သူ့ ကို ချစ်တဲ့ စိတ်ကြောင့် သူ့ စကားလေးတွေကို
ယုံကြည်နေတတ်တာကရော ငါမှားနေတာလား.... ????
တစ်နေ့ နေ့ ဆုံတွေ့ ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့်
စောင့်နေမိတာကရော ငါမှားနေတာလား.... ????
သစ္စာရှိနေမိတာက ငါမှားနေလို့ လား........ ????
တစ်ခြားသူတွေက မှားနေပါတယ်ဆိုရင်တောင်
ငါ ချစ်တဲ့ သူ ကို အရမ်းချစ်ပီး သူ့ အပေါ် သစ္စာရှိနေပေးတာ
ငါကတော့ မမှားဘူးပါလို့ ခံယူနေမိတယ်.......... ချစ်သူရယ်