ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ပေးသလောက်ပြန်ရမယ်ဆိုရင် ဒီရင်နဲ့မဆံ့ ကမ္ဘာမြေအနှံ သင်းပျံနေလိမ့်မယ် ထင်ပါတယ်....တစ်နွယ်ငင် တစ်ပင်ပျိုးလို့ တစ်ပွင့်တည်းပွင့်တက်တဲ့ ပန်းတစ်မျိုးမှာ ဘာအရောင်မှ မစွန်းထင်းဘဲ ပကတိဖြူစင်တဲ့ မေတ္တာမျိုးနဲ့ ချစ်ခဲ့တာပါ......ချစ်သူအလွမ်းတွေကြောင့် တောက်လောင်နေတဲ့ ရင်ထဲက မီးလျှံတွေကို ဘယ်လိုအရာတွေကများ ငြိမ်းသတ်နိုင်ပါ့မလဲ....အလိုက်သတိ လည်ပတ်နေတဲ့ အချိန်သံသရာထဲ ခြေစုံရပ်ပြီး ငါတို့နှစ်ယောက်တွေဝေနေကြတုန်းဘဲနော်....ချစ်သူ မြူတွေဝေတဲ့ ဆောင်းမနက်ခင်းတစ်ခုကို ငေးကြည့်ရင်း ပြန်မြင်ယောင်မိတာက ပျော်ရွှင်ခဲ့ဖူးတဲ့ အတိတ်ပန်းချီကားလေးတစ်ချပ်ပေါ့....မျှော်လင့်ချက်တွေ ဆိတ်သုန်းပျောက်ကွယ်မသွားသရွေ့တော့ ခံစားချက်တွေ တမြေ့မြေ့ကျွမ်းလောင်ရင်း အိမ်မက်ထဲထိအောင် မင်းကို ယောင်ယမ်းတမ်းတမိနေဦးမှာပါ.......ချစ်သူငါဟာ မရေမရာစီးဆင်းနေတဲ့ မြစ်တစ်စင်းဘဲလား...ချစ်သူ ရင်ခွင်ဆီရောက်အောင် ဘယ်လိုများ စီးဆင်းရပါ့မလဲနော်...ချစ်ခြင်းတွေနဲ့ ထုဆစ်ခဲ့တဲ့ ပုံရိပ်တစ်ခု မှေးမှိန်ပျောက်ကွယ်သွားမှာကိုဘဲ စိုးရိမ်နေခဲ့မိတယ်......ချစ်သူ ရင်ထဲက ခံစားနေရတာတွေကို ချစ်သူမြင်သာအောင် နှင်းတွေလို ဝေပြလို့ ရရင်လဲ အကောင်းသားနော်....ဒါမှ မျိုသိပ်မျှော်လင့်နေသူတစ်ယောက်ရဲ့ ရင်ထဲက ဆန္ဒမှန်သမျှကို မြင်လာမှာ မဟုတ်လား.....ချစ်သူသတိရခြင်းတွေကြောင့် အလွမ်းတွေ ဖြစ်တည်လာတက်သလို အဲ့ဒီ အလွမ်းတွေကြောင့်ဘဲ ရင်ထဲက အချစ်တွေ ပိုပြီး ခိုင်မြဲစေတက်တာပါ......ချစ်သူ ပိုင်ဆိုင်ခွင့်ရဘို့ဆိုတာထက် အချိန်တိုင်း သတိရနေတက်တဲ့ သူတစ်ယောက်ရဲ့ နှလုံးသားကို စာနာပေးပါလား....ချစ်သူတစ်ခါတလေတော့လည်း တွေးကြည့်မိပါတယ်...မဖြစ်နိုင်တဲ့ အရာတွေအပေါ်မှာ အရူးအမူးမျှော်လင့်သလို ဖြစ်နေမလား....လို့ပါနင့်ကို တက်နိုင်သလောက်မေ့ဘို့ ကြိုးစားနေတဲ့ကြားက သတိရနေတက်တဲ့ ငါ့စိတ်ကို ငါလည်း မထိန်းချုပ်နိုင်သေးဘူး.......ချစ်သူငါကတော့ နင့်စိတ်ရဲ့ ခဏတာမှာ မြူတစ်မှုန်စာလောက် ရှိနေရင်တောင် ကျေနပ်နေသူတစ်ယောက်ပါ...ငါ့ နှလုံးသားထဲမှာ တည်မြဲနေတဲ့ နင်နဲ့ပတ်သတ်သမျှအရာတွေကို ချေဖျက်ဖို့ နင့်အချစ်တွေနဲ့မှ ကျေလိမ့်မယ်....ချစ်သူ ဒါပေမဲ့လည်း စိတ်ကရည်စူးရင်း နှုတ်ကပြောခွင့်မရှိတဲ့ ပညတ်ချက်စည်းဘောင်တွေထဲမှာ နေသားတ ကျနေထိုင်ရင်း နင့်အကြောင်းတွေကို ငါ နားစွင့်နေပါရစေတော့.......ငါ့အတွက် အခွင့်အရေးဆိုတာ ရှိနေသေးရင် နင်ကမ်းလာမဲ့ လက်တစ်ဖက်ကို စောင့်မျှော်ရင်း ကမ္ဘာကြီးရဲ့ တစ်နေရာမှာ ငါရှိနေမယ်.......ချစ်သူ
Sunday, 3 September 2017
Thursday, 13 July 2017
ဆုံမယ့်နေ့အတွက်
ငါတို့  တွေ့ရဖို့ အတွက် တရက်ထက်တရက်နေ့ရက်လေးတွေ နီးလာပြီ....ငါတို့  လွမ်းလို့  ကျရတဲ့  မျက်ရည်ကလေးတွေ အဆုံးသတ်ဖို့  အချိန်လေးတွေ နီးလာပြီ...........နင့်ကိုတွေ့ရင် အကောင်းဆုံးဖြစ်အောင် နေဖို့ ပြင်ဆင်တက်လာပြီ.....နင်နဲ့ တွေ့ရင် ငါဘယ်လောက်ချစ်တာ ပြောပြဖို့ စကားလုံးတွေ စာစီတက်လာပြီ.........နင်နဲ့ ဆုံရင် ဘယ်နေရာမဆို အတူတူလျှောက်သွားကျမယ်လို့ စိတ်ကူးတက်လာပြီနင်နဲ့ ဆိုရင် နေရာတော်တော်များများ လျှောက်သွားကြမယ်လို့ မျှော်လင့်တက်လာပြီဆန်းတော့  ဆန်းသားတခါမှ အပြင်မှာ မဆုံဖူးတဲ့  ချစ်သူကိုတဘ၀လုံး အတွက်ရွေးချယ်ပြင်ဆင်ထားခဲ့ မိတာ .....ငါမှားလားချစ်သူ...............မဟုတ်ဘူး...အချစ်မှာ မျက်စေ့မရှိဘူးဆိုတာ နင့်ကို ချစ်ပြီးမှ ငါ ယုံကြည်ခဲ့ မိတာပါဟာ..... L
Monday, 3 July 2017
နင်သာရှိရင်
နင်သာ နားထောင်ပေးမယ်ဆိုပြောချင်တဲ့စကားလုံးတွေရင်ဘက်ထဲမှာ အပြည့်ရှိတယ်......နင်သာ အကြောင်းအရာတွေနားလည်ပေးမယ်ဆိုရှင်းပြချင်တဲ့ စကားလုံးတွေရင်ဘက်ထဲမှာ အပြည့်ရှိတယ်.......နင်သာ စာနာမှူနဲ့  ပြန်ချစ်မယ်ဆိုပေးဆပ်စရာ အချစ်တွေရင်ဘက်ထဲမှာ အပြည့်ရှိတယ်......နင်သာ ပြန်လာခဲ့မယ်ဆိုအရှုံးပေးစရာနဲ့ ရင်ဘက်ထဲမှာခွင့်လွတ်ကြင်နာခြင်းတွေ အပြည့်ရှိတယ်.....ရင်ဘတ်ထဲမှာတော့  နင့်အတွက် နေရာအပြည့်ပါပဲ ချစ်သူ
Saturday, 1 July 2017
တောင်းစရာမလိုဘဲရတဲ့ဆု
တောင်းစရာမလိုပဲရတဲ့
နားလည်မှုလေးကိုငါမြတ်နိုးတယ်••••••
မျှော်လင့်စရာမလိုပဲရတဲ့
သစ္စာရှိမှုကိုငါတန်ဖိုးထားတယ်••••••
စောင့်ဆိုင်းစရာမလိုတဲ့
ဂရုစိုက်မှုကိုငါလိုချင်တယ်••••••
ငါဘာကိုမှမမက်မောပါဘူး
သံသယရှိစရာမလိုတဲ့
ခိုင်မြဲတဲ့ယုံကြည်မှုလေးကိုပဲ
နောက်ဆုံးမျှော်လင့်မိတယ်•••••
မျှော်လင့်ချက်မဲ့
မျှော်လင့်ချက်တွေနဲ့ဆိတ်သုန်ပျောက်ကွယ်ခဲ့ရတဲ့
မေတ္တာတွေ နားလည်မှုတွေယုံကြည်မှုတွေ
ကြာလေဖြည်းဖြည်းပျောက်ကွယ်နေပီပေါ့
ဟန်ဆောင်စကားလုံးတွေနဲ့တော့နှစ်သိမ့်ခြင်းတွေငါမလိုချင်တော့ဘူး
ငါ့ချစ်တာငါမြတ်နိုးတာသည်မင်းရဲ့နှလုံးသားပါ
အခုတော့ငါ့မင်းအတွက် မရှိနိုင်တဲ့သူတစ်ယောက်အဖြစ်နဲ့ထားခဲ့ပီးပေါ့
နေနိုင်တယ်လို့တော့ပြောဖို့ငါ့မှာအားအင်းမရှိတော့
အလွမ်းတွေသတိရခြင်းတွေချစ်ခြင်းတွေနဲ့
မင်းဘဝအေးချမ်းသာယာပါစေဆိုပီးဆုတွေတောင်းခြွေတယ်
😚😚😚😚😚😚😜😜😜
Tuesday, 27 June 2017
မင်းမသိတဲ့အချစ်
မင်မြင်ခြင်း ချစ်မိခဲ့တဲ့
ကာရံမညီသော ရင်ခုန်သံဟာ
ငါ့အတွက် မျက်ရည်ကျဖို့ အဖွင့်တေးသွာလား ... ?
Tampo မြန်လွန်းပါတယ် ချစ်သူ ..... ။
ငါ -
နင့်ကို ဘယ်လောက်ထိ ချစ်လဲ ... ဆိုတာ
-ငါကိုယ်တိုင်မသိသော
-နင် နားမလည်နိုင်သော
-မေးခွန်းနဲ့တူသော
ငါ့ရင်ထဲက အချစ်ရဲ့ပမာဏပါ ..... ။
ချစ်လွန်းလို့
ရှေ့ရေးကို မင်းအတွက်တွေးပြီး
ချစ်တယ်လို့တောင် ဖွင့်ဟပြောမထွက်ခဲ့သူပါ ..... ။
နင် -
တကယ်မသိဘူးနော် ...
လဆန်း-လပြည့်-လကွယ်-
ဘယ်နေ့ညကများ
အထီးကျန် လွမ်းဆွတ်မှုနဲ့ ကင်းလွတ်ခွင့်ရခဲ့သလဲ ... လို့
သန်းခေါင်ယံညရဲ့လမ်းပေါ်
အငိုတိတ်တော့မှ ကိုယ့်ကိုယ်ကို ပြန်းမေးမိတယ်
ဘဝတစ်ခုလုံး ပုံအောခဲ့ပြီးပြီပဲ ....
( ဘာ့ကြောင့်များ )
စက္ကန့်နဲ့အမျှ အရစ်ကျ ပေးဆပ်ချင်နေသေးရတာလဲ
Tuesday, 20 June 2017
ခပ်ဝေးဝေးအချစ်
ခပ်ဝေးဝေးကချစ်လည်း အချစ်ပဲ
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မင်းမှာ တခုခုပြောစရာရှိနေတယ်မလား...?
ဒါဆို ပြောလေ ငါနားထောင်ပေးမှာပေါ့
မင်းသိပ်ချစ်တဲ့ ချစ်သူအကြောင်းပဲမလား
ဘာလဲ ထပ်နာကျင်ရပြန်ပြီလား
သူလျစ်လျှူရှုတာထပ်ခံစားနေပြန်ပြီလား စိတ်မကောင်းမဖြစ်ပါနဲ့ အဲဒါအတွက်မခံစားပါနဲ့
အချစ်ဆိုတာ အသွားအပြန်မရှိဘူးနော် ကိုယ့်ဖက်ကပဲသွားခိုင်းပါ အပြန်ဆိုတာကိုမမျှော်လင့်ပါနဲ့ မေတ္တာမှန်ရင်ရောင်ပြန်တယ်ဆိုတဲ့စကားကို သိပ်အားမကိုးပါနဲ့ ခံစားရလိမ့်မယ်
ဒီမှာ...
တစုံတယောက်ကိုချစ်တယ်ဆိုတာ
ချစ်နေဖို့ပဲလိုတယ် ပိုင်ဆိုင်ခြင်း ရယူလိုခြင်း
တပ်မက်ခြင်းတွေခဏမေ့ထား
အဲဒါတွေက ပူလောင်တယ်
ဒီအတိုင်းရပ်နေလိုက် သူ့ကိုသိပ်ချစ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာရပ်နေလိုက်
ပိုင်ဆိုင်ခွင့်ဆိုတဲ့ခေါင်းစဉ်ဆီကို
ဆက်မတိုးနဲ့တော့ မသွားချင်နဲ့
အဲဒါက အချစ်သက်သက်မဟုတ်တော့ဘူး အတ္တတွေပါလာပြီ ပူလောင်မှုတွေပါလာပြီ
သိလား
တကယ်တော့ အချစ်ဆိုတာသိပ်လှတယ် အေးချမ်းတယ် နွေးထွေးတယ် တစုံတယောက်ကိုချစ်တယ်ဆိုတဲ့စိတ်နဲ့တင် ရင်ဘတ်ထဲလှိုက်ခနဲနွေးထွေးသွားစေတယ် ခံစားဖူးတယ်မလား ဘယ်လောက်အေးချမ်းသလဲ
ချစ်မိတိုင်းဖူးစာမဟုတ်ဘူး
ဒါကြောင့် ရယူဖို့မကြိုးစားပါနဲ့ ဒီအတိုင်း ရိုးရိုးလေးချစ်နေလိုက်ပါ ဖူးစာသာဖြစ်ခဲ့ရင် မချစ်မိပဲနဲ့လည်း ပိုင်ဆိုင်ရလိမ့်မယ်
ဒါကြောင့်
မခံစားပါနဲ့ သူ့ဥပေက္ခာတွေ လျစ်လျှူရှုမှုတွေကိုမေ့ထားပါ ဒီအတိုင်းကိုယ့်ဖက်က ချစ်နေလိုက်ပါ "မချစ်နဲ့" လို့တော့ မတားဘူး
ငါတို့အားလုံးအချစ်နဲ့လွတ်ကင်းတဲ့သူမှမရှိတာ
မင်းသတိမထားမိသေးတဲ့ အချက်တချက်ရှိသေးတယ်
အဲဒါက "ခပ်ဝေးဝေးကချစ်လည်း အချစ်ပဲ" ဘာမှမပြောင်းလဲပါဘူး..
Saturday, 10 June 2017
နားခိုရာ
ငါ့ဘဝမှာ ပျော်ရွင်ခြင်းဆိုတဲ့
အရာကိုလိုက်ရှာနေဆဲပါ
လိုက်ရှာရင်း ငါ့အနားဆီ ပျံသန်းလာတဲ့သံယောဇဉ်တွေကို ငါ့ရဲ့ပျော်ရွင်မှုဆိုတဲ့ အစာလေးနဲ့
ငါပြုစုယုယစွာပေးခဲ့ပါတယ်
ငါအတွက်တော့ နာခိုရာမဲ့ ငါ့ရင်ခွင်ထဲနွေးထွေးစွာပေးခဲ့တယ်
ငါ့မှာမာန်မာနဂုဏ်တွေမရှိဘဲနဲ့
ငါ့ရဲ့ဖြူစင်တဲ့နှလုံးသားတွေနဲ့ပေါ့ သူပျော်နေမယ်ဆိုလဲငါဂုဏ်ယူနေမှာပါ
ငါ့ကိုမေ့ခဲ့ရင်တောင်ငါသူ့ကိုအမှတ်ရနေမှာပါ
ဘဝဆိုတာဆုံတွေ့တဲ့ခိုက်လေးမှာ ငါ့အတွက်အမှတ်တရဆိုတာရှိနေရင်ဘဲ
ကျေနပ်လှပါပီ
အချစ်ဆိုတာကဘယ်လောက်ပေးပေး ပြန်ရယူဖို့မမျှော်လင့်ပါဘူး ပေးနေလျက်နဲ့ကိုယ့်အတွက်ပျော်ရွင်မှုတစ်ခုရှိရင်း ငါ့အတွက်ဘဝသစ်ဆီကိုငါရွေးရင်းနဲ့ပေါ့ အဆုံးသတ်ဆိုတာ
အခုလိုဖြစ်လာခဲ့ရင်
ရင်နာကျင်တာလွဲ ဘာမှလုပ်မရတော့
အဆုံးသတ်မှာကိုယ်စီနာကျင်စရာတွေမရှိတာကပိုကောင်းမယ်ထင်တယ်.. သတိရခြင်းဆိုတာကလူတစ်ယောက်ကိုပိုရူးသွပ်ခြင်းတစ်ခုပါလွမ်းဆွေးမှုဆိုလဲလူတစ်ယောက်အတွက်
အိပ်မက်တစ်ခုပါ
ဒီအရာတွေက
ကိုယ့်ဘက်မရှိတော့ရင်.အရာအားလုံးက
ဆုံးရှုံလိုက်ရသလိုပါဘဲ
Sunday, 4 June 2017
ချစ်နေပေးပါ
သိပ်ချစ်ရတဲ့ ချစ်သူ နင်နဲ့ ငါ့ကို ကံကြမ္မာက
တွေ့ ဆုံခွင့်မပေးခဲ့သေးပေမဲ့ ငါ့ရင်ထဲမှာ အချိန်တိုင်း
နင် ရှိနေတယ်ဆိုတာ ယုံပါ ချစ်သူ..........
တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာနေရတဲ့ အတွက်
တစ်ခါတရံနားလည်မှုလေးတွေလွဲတတ်တဲ့ အချိန်ဆိုတာရှိနေတိုင်းလဲ
အမြဲတမ်း ခွင့်လွှတ်ရင်း ချစ်နေမိတဲ့သူပါ ချစ်သူ........
တစ်ခါတရံ နင့် အချစ်က ငါ့ကို အနိုင်ယူချင်တဲ့ စိတ်လေးတွေ
ရှိနေပေမဲ့ ငါက တော့ နင့်အတွက်ဆို အမြဲတမ်းအရှုံးပေးရင်းချစ်နေမိတဲ့
သူပါ...........ချစ်သူ
ငါ့ရဲ့ စိတ်ကူးး...မျှော်လင့်ချက်...ယုံကြည်ချက်...အနာဂတ်တွေ
အားလုံးက နင့်တစ်ယောက်ထဲဆီမှာအပ်နှံထားတာမို့  နင်လဲ
နားလည်မှုလေးတွေနဲ့ အတူ ငါ့ တစ်ယောက်ထဲကိုပဲ အမြဲတမ်းချစ်နေ
ပေးပါနော်........ချစ်သူ.....
Saturday, 3 June 2017
စောင့်စားခြင်း
ချစ်သူ..........
ငါ့ဘေးမှာအသာရပ်လို့ ငါခံစားနေမျှော်လင့်နေမိပါတယ်..မင်းဆီကအကြင်နာတရားတစ်စုံပေါ့လမ်းလျှောက်ရင်းငါမောပန်းနေခဲ့တယ်။ခိုနားချင်ခဲ့မိတယ်..မင်းရဲ့ ရင်ခွင်အစုံမှာဒါပေမယ့်မဖြစ်နိုင်ခဲ့ပါဘူး။ငါတို့ ကတစ်ယောက်တစ်နေရာမှာလေ။လေလှိုင်းထဲကအားပေးနှစ်သိမ့်သံငါမနက်ဖြန်လျှောက်လှမ်းဖို့ အားသစ်တစ်ခုပေါ့။ဆုပ်ကိုင်ချင်မိတယ်...မင်းရဲ့ လက်တစ်စုံကိုအားကိုးတကြီးပေါ့ဘ၀မှာခက်ခဲလွန်းလို့ အားငယ်နေမိတယ်တစ်ယောက်ထဲလမ်းလျှောက်ရင်းစိုးရွံ့ လာလို့ မင်းရဲ့ လက်တစ်စုံကိုတမ်းတမိတာပါ။မျှော်လင့်နေခဲ့မိတယ်.....မင်းနှုတ်ခမ်းကလျှံကျလာမယ့်အားပေးစကားတွေငါ့လေအရမ်းအားငယ်နေတယ်။ချစ်သူ..........ငါ့ဘေးမှာအသာရပ်လို့ ငါခံစားနေရတဲ့ဒုက္ခတွေဖြေရှင်းနိုင်ဖို့ အတွက်ငါ့ဘေးနားမှာရပ်တည်ပေးပါ..နော် ရတဲ့ဒုက္ခတွေဖြေရှင်းနိုင်ဖို့ အတွက်ငါ့ဘေးနားမှာရပ်တည်ပေးပါ..နော်
Thursday, 1 June 2017
ချစ်သူကောင်း
ချစ်သူကောင်းတစ်ယောက်ဆိုတာ
ကိုယ့်ချစ်သူကိုတန်ဖိုးကြီးပစ္စည်း တွေပေးနိုင်ဖို့ မလိုပါဘူး... ကိုယ့်ရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတရားတွေပေးနိုင်ဖို့ကအဓိကပါကိုယ့်ချစ်သူအနားမှာအချိန်ပြည့်မနေပေးနိုင်ရင်တောင်မှ ကိုယ့်ချစ်သူအားငယ်နေတဲ့အခါအနားမှာနေပြီးအားပေးနိုင်တဲ့လူမျိုးပါစိတ်ဆိုးကြတဲ့အခါဒေါသပါးပါးလေးတွေနဲ့ပြောတတ်ပေမဲ့ပြန်ချော့ဖို့ရာဝန်မလေတတ်ပါဘူး...ပျော်ရွှင်စရာတွေကိုမျှဝေခံစားတတ်ပြီး ကြေကွဲမှုတွေနဲ့ကြုံလာတိုင်းလဲအတူတကွရင်ဆိုင်ဖြေရှင်းတတ်တာပါ...ကိုယ့်ရဲ့အားနည်းတွေကိုသိပေမဲ့ကိုယ့်ကိုပဲရွေးချယ်တတ်တဲ့လူမျိုးပါ...ဒီလိုလူမျိုးရှိရင်တော့သူငယ်ချင်းတို့ကိုယ့်ဘဝရဲ့လက်တွဲဖော်အဖြစ်ရွေးချယ်လိုက်ပါတော့:)
Wednesday, 31 May 2017
အဝေးရောက်ချစ်သူ
♡ ♡ ♡ ဆုံတော့ဆုံဖြစ်ပါရဲ့
အလှမ်းဝေး ဆုံး ဆုံခြင်းနဲ့ပေါ့
ပြောတော့ပြောဖြစ်ပါရဲ့
အသံလေးကြားရုံးလေးပေါ့
♥ ♥ ♥ ♥ တစ်မိုးအောက်မှာအတူတူရှိနေကြတာဘဲ
ယုံကြည်ခြင်းတွေ ကတိသစ္စာလေးရှိနေတာဘဲ
ဘာလို့မဆုံနိုင်ရမှာလဲ
အနေဝေးလို့ဆွေးရတာကငါတို့အတွက်
တဒင်္ဂလေးပါ
ပျော်ရွင်တဲ့နေ့တွေကရောက်လာတော့မယ့်တစ်နေ့
မှာအပြုံးပန်းလေးနဲ့ဆီကြိုပေးပါနော်
အဝေးကချစ်သူ
Monday, 29 May 2017
ချစ်သုသိစေ
ချစ်သူသိလေ
ပန်းပွင့်ရှိမှ၊ ရနံ့ရတာ၊
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ ...
မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...
အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ ...
ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ ...
မောင်စိန်ဝင်း (ပုတီးကုန်း)
Friday, 12 May 2017
အနီးအဝေး
အဝေးဆုံးမှာရှိတုန်းငါတို့တွေအတူတူတောင်မဆုံနိုင်ကြခဲ့ဘူး
အနီးဆုံးမှာရှိခဲ့ပေမယ့် ငါတို့တွေအတူတူမတွေကြရဘူး
ဝေးလျက်နီးခဲ့ကြပေမယ့်
နီးလျက်ပြန်ဝေးခဲ့ရတယ်
ကံကြမ္မာကြောင့်လား ကံကြမ္မာဆိုတာငါတို့တွေဖန်တီးတဲ့အရာတွေလား
ငါအရမ်းလွမ်း အရမ်းသတိရနေတယ်...
တစ်နေ့ဆိုတဲ့ရက်လေးမှာငါတို့တွေအတူတူဆုံတွေ့ခွင့်
ပျော်ရွင်တဲ့နေ့သစ်လေးအရမ်းတောင်းတမိပေမယ့်
ဆုတောင်းတွေမပြည့်ဝခဲ့ဘူး
အခုဆိုအနေဝေးလို့ပိုဆွေးရပီပေါ့ ........
အရမ်းချစ်လိုက်တာ မင်းကို......
((⊙.⊙(☉_☉)⊙.⊙)Maykhawady)❤◦.¸¸. ◦✿
Saturday, 25 February 2017
အိပ်မက်ထဲကချစ်သူ
✏ ✏ ✏ ♡ ညစဉ်ညတိုင်း ငါ့အိပ်မက်ထဲမှာ
မင်းကိုမြင်ပြီးထိတွေ့ခံစားရတယ်...
ဒါကြောင့်မင်းငါ့အတွက်ရှင်သန်နေတယ်ဆိုတာငါသိပါတယ်...
မင်းနဲ့ငါကြားက ကာလတွေ.ဒေသတွေ.အကွာအဝေးတွေဖြတ်သန်းပီး..
မင်းဆက်လက်ရှင်သန်နေဆဲဆိုတာပြဖို့ငါ့ဆီလာခဲ့ပြီ
❀ ❀ နီးနီးလေးဖြစ်ဖြစ်
❀ ❀ အဝေးကြီးမှာဖြစ်ဖြစ်
မင်းဘယ်ဆီရောက်ရောက်မင်းရှင်သန်နေမယ်ဆိုတာငါသိပါတယ်...
ငါ့နှလုံးသားထဲမင်းရောက်လာပီး
ငါ့နှလုံးသားမင်းအတွက်ဆက်လက်ငါရှင်သန်နေဦးမှာပါ...
♥ ♥ အချစ်ဆိုတာဒို့နှစ်ယောက်အတွက်နောက်ထပ်အများကြီးရောက်လာနိုင်သေးတယ်
တစ်သက်တာထာဝရအတွက်ပေါ့...
ဒို့နှစ်ဦးခန္ဓာမကြွေမပျက်သေးသ၍ငါတို့ရဲ့အချစ်တွေကိုဝေးလွင့်ပျောက်ကွယ်ခွင့်မပေးချင်ဘူး...
ငါမင်းကိုချစ်ခဲ့ချိန်ကတည်းကအချစ်ဆိုတာဖြစ်တည်ခိုင်မြဲပြီးသားလေ..
အဲ့ဒီမေတ္တာတရားဖြစ်တည်ခဲ့တဲ့အချိန်ကိုငါဆုပ်ကိုင်ထားပါတယ်
ဘဝမှာဒို့နှစ်ယောက်အမြဲရှင်သန်နေမှာပါ
ငါ့နှလုံးသားထဲမှာမင်းရှိနေမှတော့ငါဘာကိုကြောက်ရဦးမလဲငါ့နှလုံးသားဆက်လက်မင်းအတွက်ရှင်သန်နေမှာပါ...
ခုလိုပုံစံမျိုးနဲ့ငါတို့ထာဝရရှင်သန်သွားကြမယ်
မင်းကငါ့ရင်ခွင်မှာနွေးထွေးလုံခြုံနေမှတော့ငါ့နှလုံးသားလည်းဆက်လက်ရှင်သန်နေမှာပါ .......
Friday, 3 February 2017
အနယ်ဝေးတဲ့အချစ်
ကောင်မလေးရယ်
အနယ်ဝေးတဲ့ငါတို့တွေအဖို့ အလွမ်းတွေကထုဆစ် သတိရခြင်းတွေက
အသင်္ချေ မင်းခံနိုင်ရည်ရှိနိုင်တယ်မလား
လာစေချင်တယ်မဖြစ်နိုင်သေးတဲ့အတွေးစိတ်
ယောင်ယမ်းပီးတော့လဲ မင်းဆီပြေးထွက်ချင်မိ
ခိုးနားချင်တယ်မင်းရင်ခွင်ထဲ
ဝေးကွာလို့လှမ်းမျှော် တမ်းတစိတ်တွေမင်းအနား
ငါလှမ်းချင်မိတယ်
မှောင်မိုက်နေတဲ့ငါ့အနာဂါတ် မင်းအလင်းရောင်နဲ့
ခြယ်သခွင့်ပေးပါ နေရောင်မလိုတဲ့ငါ့အတွက်
မင်းလေးရဲ့အလင်းရောင်သာငါလိုချင်မိ
အမှောင်တွေကိုလဲငါမကြောက်ဘူးမြင်နိုင်တဲ့မင်းရဲ့
အလင်းရောင်နဲ့မင်းရဲ့အကြင်နာတွေက
ငါ့အတွက် အလိုချင်ဆုံးဆန္ဒ တစ်ခုပါ
အချစ်ရဲ့အလင်းရောင်ကငါ့အတွက်
ထာဝရလင်းလင်းခွင့်လေးပါ ကောင်မလေးရယ်
Thursday, 2 February 2017
သြော်..သခင်
သခင်ရဲ့အပြုံးအလှကိုမြင်ချင်ပါဘိ
သခင်အလှသခင်အပြုံးတစ်ခါမြင်ဖိ
ငါ့ရဲ့နှလုံးရွင်ပြုံးပါသည်
အော်သခင် စောင့်မျှော်တမ်းတနေ့ရက်များစွာ
မျှော်လိုက်ဝေးလိုက် သခင်ရှောင်ပုန်း
ဘယ်များထိအောင်ပုန်းရှောင်မလဲ
အိုသခင်ရယ်......
ကြိတ်ခါနွမ်းလျငါ့ရဲ့ခန္ဓာ
အကြိမ်ကြိမ်တုန်နှောင်း
သခင်အလာကိုယ်စောင့်မျှော်ပါသည်
ချစ်ရသောသခင် ဘယ်လိုမျိုးကြောင့်ရှောင်ပုန်းနေသလဲ
လွမ်းရသူမော ရင်လှိုက်ဆိုနက်
အိုသခင် သိစေချင်သည်..
ငါ၏ခန္ဓာသခင်အတွက်ပေးအပ်ခဲမယ်
ပျော်ရွင်မြူးလို့ နှလုံးအေးချမ်း
သခင်အတွက်တောင်းဆုခြွေသည်
အိုသခင်
....သခင်အတွက်ငါဤနှလုံးသားငါရဲ့ဘဝထားခဲ့ပါသည်
...... ( maykhawady)
ငါ့ဘဝရဲ့အနာဂါတ်များ
တစ်နေ့တစ်ရက်
ပြောခဲ့တဲ့စကားတွေ
ရက်လနှစ်တွေပြောခဲ့တဲ့စကားတွေ
ငါ့ကိုယုံကြည်မှုကင်းမဲ့စေလိုက်တာ
ငါ့အရိုးသားဆုံးနေခဲ့တယ်အဖြူစင်ဆုံးငါနေခဲ့တယ်
ငါရဲ့အပြုအမူတွေရိုင်းစိုင်းမှု
ဘယ်တုန်းကမှမရှိခဲ့ပါဘူးဟာ
ငါ့အနာဂါတ်ကိုမင်းပေးခဲ့တယ်
ငါ့ဘဝကိုမင်းကိုင်လှုပ်ပေးခဲ့တယ်
ငါ့အသက်ကိုယ်တောင်မင်းယူစေချင်ခဲ့တယ်
ငါမင်းအတွက်ငါ့ဘဝငါ့အသက်ငါ့နှလုံးသားတွေကိုတောင်ပေးအပ်ခဲ့ပါတယ်
ငါ့ကိုယုံကြည်မှုအရမ်းနည်းတယ်
ငါ့ဘဝမှာကြိတ်မှိတ်ငိုကြွေးခဲ့ရတာတွေအိပ်မပျော်ညတွေဘယ်လောက်များလဲဆိုတာ
မင်းမှမသိခဲ့တာ
တစ်ခါတလေငါ့ကိုအကြာကြီးပြစ်ထားခဲ့တယ်
ငါဘယ်လောက်ဆက်သွယ်သွယ်
မင်းဆီကဘမှငါမကြားခဲ့ရပါဘူး
ငါလေနင့်ကိုအသက်ထက်ပိုချစ်ခဲ့ပါတယ်
ငါနင့်အပေါ်အရိုးသားဆုံးချစ်ခဲ့တယ်
အဆင့်အတန်းဂုဏ်ငွေနဲ့ငါ့ရဲ့ဖြူစင်တဲ့နှလုံးသားကိုမနှိုင်းယှဉ်ပါနဲ့တော့
ငါ့မှာဆွေမျိုးအသိုင်းအဝိုင်းပြီးပြည့်စုံပါတယ်
ငါချစ်ခဲ့တာဆွေမျိုးအသိုင်းအဝိုင်းဂုဏ်ဒြပ်တွေမက်မောလို့ချစ်တာလဲမပါဘူးဟာ
အခုတော့ငါ့ကိုပြောရက်လိုက်တာ
အနေဝေးသလိုခံသားရတယ်တဲ့
ငါအရမ်းနေမကောင်းဖြစ်ခဲ့တယ်
ငါ့ကိုသက်သာရဲ့လားဘယ်လိုလဲတစ်ခါမှမမေးခဲ့ပါဘူး
ငါ့ကိုအဲ့လောက်တောင်ဂရုစိုက်ခဲ့တယ်နော်
ငါ့ဘဝငါ့အနာဂါတ်ကမင်းတစ်ယောက်အတွက်ငါပေးအပ်ခဲ့ပါတယ်
ငါ့ဘဝမှာအချစ်ဆိုတာလဲမရှိခဲ့ပါဘူး
မင်းကိုမုန်းလို့ပြောတယ်စကားမဟုတ်ရပါဘူး
ငါမင်းကိုမုန်းလဲမမုန်းဘူးငါကမုန်းဖို့ချစ်တာမှာမှမဟုတ်တာ
ငါ့ဘက်ကအချစ်တွေအမြဲပေးနေမှာပါ
မင်းငါ့ကိုစကားပြောသည်မပြောသည်
ငါရယူလိုစိတ်နဲ့မဟုတ်ပါဘူး
ပေးဆပ်နေရလဲပျော်နေမှာပါဟာ
မင်းအတွက်အတင့်အတန်းမြင့်မြင့်အမြဲုမင်တွေ့စေချင်ပါတယ်ဟာ
ငါကမင်းအတွက်
လူရွင်တော်တစ်ယောက်အဖြစ်နဲ့ကျန်ရစ်ရမယ့်သူပါ
ငါအစောကတည်းကသိနက်ပြီးသားပါချစ်သူရယ်
ငါ့ဘဝကအားလုံးမင်းဆီမှာဘဲ
ငါ့မှာဘဝအနာဂါတ်မျှော်လင့်ချက်ဆိုတာမင်းပေးမှဘဲရှိတော့မှာပါ
ငါကသေဆုံးနေတဲ့သူပါ
အရမ်းဝမ်းနည်းရတယ်
မင်းအတွက်ငါဆုတောင်းပေးနေမှာပါဟာ
မင်းအရာရာအဆင်ပြေပြီးပျော်ရွင်နိုင်ပါစေလို့ငါအမြဲဆုတောင်းပေးနေမှာနော်ကိုကို....
ငါအသက်နဲ့ချစ်ရတဲ့ကိုကို...
Tuesday, 17 January 2017
ခေါ်ခွင့်မရတဲ့ဖုန်း
အကြိမ်တစ်ရာမကခေါ်တဲ့ဖုန်း
ကိုင်မယ့်သူမရှိတော့
မခေါ်တော့ပါဘူး
.....သူ့ရဲ့ringtone သံကြား
ငါ့ရဲ့နှလုံးသားမှာ
ပဲ့တင်ထပ်သံကြားတိုင်း
ငါဘယ်လိုဖြစ်နေရမလဲ
သူမသိရှာပါဘူး
...... ခေါ်ခွင့်မရတဲ့ဖုန်းစကားပြောခွင့်မရတဲ့ဖုန်းငါအကြိမ်ကြိမ်အခါခါခေါ်မိတယ်
အခုတော့ငါဘယ်တော့မှမခေါ်တော့ဘူး
ငါခေါ်တဲ့ဖုန်းကိုင်မယ့်သူမှမရှိတာ
မခေါ်တာဘဲငါသက်သာမှာပါ.......
Friday, 13 January 2017
အရာရာတိုင်းမင်းပါ
အရာရာတိုင်းမင်းလို့
မပြောပါဘူ....
မင်းကသာ အရာရာကို ဖန်းတီးခွင့်ရှိသူပါ...
ဘ၀ရဲ့အလင်းလို့မပြောပါဘူး....
ငါ့အတွက်တော့..
မျှော်လင့်ချက်တွေရှင်သန်စေသူပါ......
စိုးမိုးလွန်းသူလို့မပြောပါဘူး..
ငါ့အတွက်တော့..
အိမ်မက်တွေကိုပိုင်စိုးသူပါ...........
အလှဆုံးလို့မပြောပါဘူး....
ငါ့အတွက်တော့...
နွေးထွေးတဲ့ အပြုံးတွေကိုဖန်တီးပေးသူပါ.....
ကြင်နာလွန်းသူလို့မပြောပါဘူး..
ငါအတွက်တော့...
မင်းကထာဝရပျော်ရွှင်မှုတောင်ပေးနိုင်လွန်းသူ………
ချစ်သူေ၇
ငါတို့နှစ်ယောက်....
မောင်နှမလိုသံယောဇဉ်တွေနဲ့..
ချစ်သူနှစ်ယောက်လို ချစ်ခြင်းမေတ္တာတွေကိုခံယူရင်း....
နားလည်မှုရှိတဲ့ တို့ ကမ္ဘာမှာ...
လက်တွေကိုခိုင်ခိုင်တွဲလို့.....
နောကိဆုံးနေ၀င်ချိန်ထိရှိနေချင်တယ်ချစ်သူရယ်......