Tuesday, 20 June 2017

ခပ်ဝေးဝေးအချစ်

ခပ်ဝေးဝေးကချစ်လည်း အချစ်ပဲ
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မင်းမှာ တခုခုပြောစရာရှိနေတယ်မလား...?
ဒါဆို ပြောလေ ငါနားထောင်ပေးမှာပေါ့
မင်းသိပ်ချစ်တဲ့ ချစ်သူအကြောင်းပဲမလား
ဘာလဲ ထပ်နာကျင်ရပြန်ပြီလား
သူလျစ်လျှူရှုတာထပ်ခံစားနေပြန်ပြီလား စိတ်မကောင်းမဖြစ်ပါနဲ့ အဲဒါအတွက်မခံစားပါနဲ့
အချစ်ဆိုတာ အသွားအပြန်မရှိဘူးနော် ကိုယ့်ဖက်ကပဲသွားခိုင်းပါ အပြန်ဆိုတာကိုမမျှော်လင့်ပါနဲ့ မေတ္တာမှန်ရင်ရောင်ပြန်တယ်ဆိုတဲ့စကားကို သိပ်အားမကိုးပါနဲ့ ခံစားရလိမ့်မယ်

ဒီမှာ...
တစုံတယောက်ကိုချစ်တယ်ဆိုတာ
ချစ်နေဖို့ပဲလိုတယ် ပိုင်ဆိုင်ခြင်း ရယူလိုခြင်း
တပ်မက်ခြင်းတွေခဏမေ့ထား
အဲဒါတွေက ပူလောင်တယ်
ဒီအတိုင်းရပ်နေလိုက် သူ့ကိုသိပ်ချစ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာရပ်နေလိုက်
ပိုင်ဆိုင်ခွင့်ဆိုတဲ့ခေါင်းစဉ်ဆီကို
ဆက်မတိုးနဲ့တော့ မသွားချင်နဲ့
အဲဒါက အချစ်သက်သက်မဟုတ်တော့ဘူး အတ္တတွေပါလာပြီ ပူလောင်မှုတွေပါလာပြီ

သိလား
တကယ်တော့ အချစ်ဆိုတာသိပ်လှတယ် အေးချမ်းတယ် နွေးထွေးတယ် တစုံတယောက်ကိုချစ်တယ်ဆိုတဲ့စိတ်နဲ့တင် ရင်ဘတ်ထဲလှိုက်ခနဲနွေးထွေးသွားစေတယ် ခံစားဖူးတယ်မလား ဘယ်လောက်အေးချမ်းသလဲ

ချစ်မိတိုင်းဖူးစာမဟုတ်ဘူး
ဒါကြောင့် ရယူဖို့မကြိုးစားပါနဲ့ ဒီအတိုင်း ရိုးရိုးလေးချစ်နေလိုက်ပါ ဖူးစာသာဖြစ်ခဲ့ရင် မချစ်မိပဲနဲ့လည်း ပိုင်ဆိုင်ရလိမ့်မယ်

ဒါကြောင့်
မခံစားပါနဲ့ သူ့ဥပေက္ခာတွေ လျစ်လျှူရှုမှုတွေကိုမေ့ထားပါ ဒီအတိုင်းကိုယ့်ဖက်က ချစ်နေလိုက်ပါ "မချစ်နဲ့" လို့တော့ မတားဘူး
ငါတို့အားလုံးအချစ်နဲ့လွတ်ကင်းတဲ့သူမှမရှိတာ

မင်းသတိမထားမိသေးတဲ့ အချက်တချက်ရှိသေးတယ်
အဲဒါက "ခပ်ဝေးဝေးကချစ်လည်း အချစ်ပဲ" ဘာမှမပြောင်းလဲပါဘူး..

No comments:

Post a Comment