ချစ်သူ..........
ငါ့ဘေးမှာအသာရပ်လို့ ငါခံစားနေမျှော်လင့်နေမိပါတယ်..မင်းဆီကအကြင်နာတရားတစ်စုံပေါ့လမ်းလျှောက်ရင်းငါမောပန်းနေခဲ့တယ်။ခိုနားချင်ခဲ့မိတယ်..မင်းရဲ့ ရင်ခွင်အစုံမှာဒါပေမယ့်မဖြစ်နိုင်ခဲ့ပါဘူး။ငါတို့ ကတစ်ယောက်တစ်နေရာမှာလေ။လေလှိုင်းထဲကအားပေးနှစ်သိမ့်သံငါမနက်ဖြန်လျှောက်လှမ်းဖို့ အားသစ်တစ်ခုပေါ့။ဆုပ်ကိုင်ချင်မိတယ်...မင်းရဲ့ လက်တစ်စုံကိုအားကိုးတကြီးပေါ့ဘ၀မှာခက်ခဲလွန်းလို့ အားငယ်နေမိတယ်တစ်ယောက်ထဲလမ်းလျှောက်ရင်းစိုးရွံ့ လာလို့ မင်းရဲ့ လက်တစ်စုံကိုတမ်းတမိတာပါ။မျှော်လင့်နေခဲ့မိတယ်.....မင်းနှုတ်ခမ်းကလျှံကျလာမယ့်အားပေးစကားတွေငါ့လေအရမ်းအားငယ်နေတယ်။ချစ်သူ..........ငါ့ဘေးမှာအသာရပ်လို့ ငါခံစားနေရတဲ့ဒုက္ခတွေဖြေရှင်းနိုင်ဖို့ အတွက်ငါ့ဘေးနားမှာရပ်တည်ပေးပါ..နော် ရတဲ့ဒုက္ခတွေဖြေရှင်းနိုင်ဖို့ အတွက်ငါ့ဘေးနားမှာရပ်တည်ပေးပါ..နော်
No comments:
Post a Comment