Sunday, 4 June 2017

ချစ်နေပေးပါ

သိပ်ချစ်ရတဲ့ ချစ်သူ နင်နဲ့ ငါ့ကို ကံကြမ္မာက
တွေ့ ဆုံခွင့်မပေးခဲ့သေးပေမဲ့ ငါ့ရင်ထဲမှာ အချိန်တိုင်း
နင် ရှိနေတယ်ဆိုတာ ယုံပါ ချစ်သူ..........

တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာနေရတဲ့ အတွက်
တစ်ခါတရံနားလည်မှုလေးတွေလွဲတတ်တဲ့ အချိန်ဆိုတာရှိနေတိုင်းလဲ
အမြဲတမ်း ခွင့်လွှတ်ရင်း ချစ်နေမိတဲ့သူပါ ချစ်သူ........

တစ်ခါတရံ နင့် အချစ်က ငါ့ကို အနိုင်ယူချင်တဲ့ စိတ်လေးတွေ
ရှိနေပေမဲ့ ငါက တော့ နင့်အတွက်ဆို အမြဲတမ်းအရှုံးပေးရင်းချစ်နေမိတဲ့
သူပါ...........ချစ်သူ

ငါ့ရဲ့ စိတ်ကူးး...မျှော်လင့်ချက်...ယုံကြည်ချက်...အနာဂတ်တွေ
အားလုံးက နင့်တစ်ယောက်ထဲဆီမှာအပ်နှံထားတာမို့  နင်လဲ
နားလည်မှုလေးတွေနဲ့ အတူ ငါ့ တစ်ယောက်ထဲကိုပဲ အမြဲတမ်းချစ်နေ
ပေးပါနော်........ချစ်သူ.....


No comments:

Post a Comment