Thursday, 13 July 2017

ဆုံမယ့်နေ့အတွက်

ငါတို့  တွေ့ရဖို့ အတွက် တရက်ထက်တရက်နေ့ရက်လေးတွေ နီးလာပြီ....ငါတို့  လွမ်းလို့  ကျရတဲ့  မျက်ရည်ကလေးတွေ အဆုံးသတ်ဖို့  အချိန်လေးတွေ နီးလာပြီ...........နင့်ကိုတွေ့ရင် အကောင်းဆုံးဖြစ်အောင် နေဖို့ ပြင်ဆင်တက်လာပြီ.....နင်နဲ့ တွေ့ရင် ငါဘယ်လောက်ချစ်တာ ပြောပြဖို့ စကားလုံးတွေ စာစီတက်လာပြီ.........နင်နဲ့ ဆုံရင်  ဘယ်နေရာမဆို အတူတူလျှောက်သွားကျမယ်လို့ စိတ်ကူးတက်လာပြီနင်နဲ့ ဆိုရင် နေရာတော်တော်များများ လျှောက်သွားကြမယ်လို့ မျှော်လင့်တက်လာပြီဆန်းတော့  ဆန်းသားတခါမှ အပြင်မှာ မဆုံဖူးတဲ့  ချစ်သူကိုတဘ၀လုံး အတွက်ရွေးချယ်ပြင်ဆင်ထားခဲ့ မိတာ .....ငါမှားလားချစ်သူ...............မဟုတ်ဘူး...အချစ်မှာ မျက်စေ့မရှိဘူးဆိုတာ နင့်ကို ချစ်ပြီးမှ ငါ ယုံကြည်ခဲ့ မိတာပါဟာ.....                                                                                        L

No comments:

Post a Comment