အချိန်တွေအရမ်းကိုမြန်ဆန်လွန်းပါတယ်
ငါနဲ့မင်းခုထိမဆုံနိုင်သေးဘူးလေ
မင်းရှိတဲ့နေရာ ငါအရောက်လှမ်းလာခဲ့ချင်မိတယ်
မင်းဆီဘယ်ဝယ်မှန်းငါအတတ်မသိပေမယ့်
မင်းဆီကိုလှမ်းလာချင်မိတယ် ချစ်သူ..
သတိရခြင်းနဲ့လွမ်းဆွေးမှုတွေအောက်ငါတစ်ယောက်ထဲ လွင့်မျောနေရသလိုဘဲ
မင်းကိုအရမ်းတွေ့ချင်တယ်
မင်းကငါ့အပေါ်မှာအရမ်းကိုကောင်းခဲ့တယ်
ငါတိုနှစ်ယောက်ကြားကအကွာအဝေးတွေက
ငါတို့ကို တားဆီးနေသလိုဘဲချစ်သူ
မင်းငါ့အတွက်နဲ့အရမ်းပင်ပန်းနေပြီငါမကြည့်ရက်ဘူးဟာ..
ငါအရမ်းကိုဆို့နင့်ကြေကွဲရတယ်
တကယ်တော့ငါက မင်းအပေါ်မှာဘာမှမဖြည့်ဆည်းနိုင်သေးဘူး
အရမ်းလဲရှက်မိပါတယ်
အချစ်တစ်ခုဘဝတစ်ခုပေမယ့်
အချစ်တစ်ခုနဲ့ဘဝတစ်ခုတည်ဆောက်လို့မှမရတာ
ငါအရမ်းနားလည်သွားပြီချစ်သူ..
မင်းကိုချစ်တဲ့အချစ်တွေ ငါပိုနေမှာပါ
မင်းကငါ့ဘဝရဲ့ပဲ့ကိုင်ရှင်ပါ
မင်းမရှိတဲ့ဘဝမှာငါလဲရှိမနေချင်ဘူး
မင်းဘဝကငါ့ဘဝပါ ချစ်သူ
No comments:
Post a Comment