Friday, 25 March 2016

ပန်းတိုင်

ပန်းတိုင်သို့………

     အားမလျှော့နဲ့  ချစ်သူတို့တွေအနေဝေလို့ခုလိုလွမ်း
နေရတာကိုက တို့တွေရဲ့ဘဝ အခြေလှမ်း အစပေါ့………

စဉ်းစားပါ  ချစ်သူ ငါတို့ရဲ့ဘဝပန်းတိုင်
လှမ်းကိုင်နိုင်ဖို့ဆိုတာ စိတ်ကူးကမရေရာ
လက်ဗလာနဲ့တော့မဖြစ်နိုင်ဘူးလေ

အားတင်းထားစမ်းပါချစ်သူ
ကြောက်စိတ်မဝင်နဲ့ လှိုင်းထန်ထန်
လေကြမ်းကြမ်း ရှေ့ခရီးလမ်းသာယာဖို့
တို့တွေ တက်ကုန်လဲဖွင့်ရမယ်
ရွှက်စုံလဲ လွှင့်ပေးရမယ် လဲကျရင်ပြန်ထ
ပြီးကြိုးစားမှဖြစ်မှာလေ

သိစေချင်ပါတယ် ချစ်သူ
လူ့ဘောင်လောက ဘုံဘဝမှာ
အချစ်နဲ့ အကြင်နာ မေတ္တာဟာအရေးကြီးပေမယ့်
တကယ့်လက်တွေ့မှာ ငွေသာလျှင်အဓိက `ရွှေ´ရှိမှအမျိုးတော်
`မြ´ပေါ်မှာ `စိန်´တင်ဒါမှလူရာဝင်မယ်
မဟုတ်လား

  ကြိုးစားကြမယ်ချစ်သူ
တို့တွေနီးစပ်ဖို့အတွက် နားလည်မှုဆိုတာ လေးနဲ့
ကတိသစ္စာလေးကို
တည်တံ့အောင်ပေါ့

No comments:

Post a Comment