တစ်ခါ တစ်ခါ ...
နှောင်ဖွဲ့လေတဲ့ ခမ်းနားမှုထက် ...
လွတ်လပ်စွာ သေးနုတ်မှုက လှပတယ်။
မာယာတွေပါတဲ့ စကားချိုသကာထက် ..
ရိုးစင်းတဲ့ အရိုင်းဆန်မှုက လှတယ်။
ပျားကလေးတွေ ဝှက်ထားတဲ့တော်ဝင်ပန်းပွင့်ကလေးကို နမ်းရတာထက် ..
ရနံ့မရှိတဲ့တောပန်းလေးတစ်ပွင့်ကို နမ်းရတာက ဘေးကင်းတယ်။
ငြိမ်သက်အနယ်ထိုင်နေတဲ့ကန်ရေပြင်ထက်.. စီးဆင်းနေတဲ့စမ်းချောင်းငယ်ကလေးကပိုပြီး သန့်ရှင်းတယ် ။
တစ်ခါ တစ်ခါ...
ကြီးမြတ်တယ်ထင်တဲ့အရာတွေက သေးနုတ်နေတတ်ပြီး သေးနုတ်တယ်လို့ထင်ရတဲ့အရာတွေက ကြီးကျယ်မြင့်မြတ်နေတတ်တယ် ။
No comments:
Post a Comment