Friday, 4 March 2016

ချစ်​သူသိ​စေ၃

နင်နဲ့ပတ်သက်တိုင်း ခံစားပြီးဝမ်းနည်းလွယ်တတ်တာ
ငါ့ရဲ့အားနည်းချက်ပါ...

ဆုံးရူံးလိုက်ရမှာကြောက်တဲ့ စိတ်လေးတွေနဲ့
အမြဲတမ်းအရူံးပေးနေတတ်တာပါ...

နင့်အပေါ်မှာ အချိန်တိုင်းရိုးသားချင်နေတတ်တာ
နင့်ကိုသိစေချင်တယ်...

နင်နဲ့အဆက်သွယ်မရတဲ့အခါ စိတ်ပူပြီးတော့
တစ်ယောက်တည်းအရူးတစ်ယောက်လို
ဖြစ်နေတတ်တာ နင်နားလည်စေချင်တယ်...

နင်နဲ့ပတ်သက်တဲ့အရာတိုင်းကို အသေးမွှားလေးတွေကအစဂရုစိုက် တန်ဖိုးထားနေတတ်တာ နင့်ကိုသိခိုင်းစေချင်တယ်...

လူတစ်ယောက်ကိုချစ်မိတာဟာ အရူံးပါပဲတဲ့
ငါကျေနပ်ပါတယ်ငါအရှုံးပေးနေရတာဟာ
နင်ဖြစ်နေလို့...

ငါ့ကိုကတိတစ်ခုပဲပေးခဲ့ပါ

ငါ့ကိုဘယ်တော့မှမထားခဲ့ပါဘူးဆိုတဲ့

"ကတိ"...

Phoe Phyu

No comments:

Post a Comment