♥♦♥ ဟုတ်ပါတယ်ချစ်သူ...................~~~ငါဟာအရာရာအားလုံးထက်ပိုပြီး~~~ဟိုး......... အနက်ရှိုင်းဆုံးနေရာကနေ~~~မင်းကိုချစ်ခဲ့တာပါ.................♥♦♥ ♥♦♥ အရိုးရှင်းဆုံးပြောရရင်............~~~ငါ့ရင်ထဲမှာလေ....... အချိန် ပြည့်နင်ရှိနေတာပါ~~~အိမ်မက်လေးထဲ အထိပါဟာ...............♥♦♥ ♥♦♥ နင့်အတွက်ဆို ငါ့ရဲ့မာနတံခါးကိုပိတ်..........~~~ နှလုံးသားသော့ခတ်ပွဲကနေ~~~အပြီးအပိုင်နှုတ်ထွက်မယ့်သူပါ...............♥♦♥ ♥♦♥ ငါ့နှလုံးသားကိုချခင်း..............~~~မင်းအတွက် ပန်းခင်းတံတားလေးတစ်ခု~~~ဖန်ဆင်းပေးချင်တာပါ................♥♦♥ ♥♦♥ ယုံပါလို့တော့ ငါမတောင်းဆိုချင်ပါဘူး............~~~ ပေးဆပ်ခြင်းနဲ့နက်ရှိုင်းတဲ့~~~ချစ်ခြင်းမေတ္တာတွေနဲ့အတူ~~~တစ်ချိန်ချိန်တော့ ဖွင့်ပြောစရာမလိုအောင်~~~တစ်နေ့နင်သိလာမှာပါဟာ...........♥♦♥
Wednesday, 30 March 2016
Monday, 28 March 2016
မင်းမရှိတဲ့နေ့ရက်
မေ့ဖျောက်လို့မရတဲ့ အရာတွေ
ထုထည်ကြီးမားလိုက်တာ...
နေ့တစ်နေ့ဆိုတဲ့နာရီလှည့်စက်တွေတိုတောင်းလိုက်တာလား
တွေ့ခွင့်လေးတောင်မရှိတော့တဲ့ငါ့မှာ
ဆုံခွင့်လေးဆိုတာငါ့အတွက် အရမ်းကိုဝေးနေလွန်းတယ်
ငါ့ရဲ့မျှော်လင့်ချက်တွေမင်းမရှိတော့ရင်
ငါမှာထပ်မက်စရာအိမ်မက်တွေရှိတော့မှာမဟုတ်ဘူး...
နေ့တစ်နေ့ရက်တစ်ရက်မှာမင်းစိတ်နဲ့ငါရှင်သန်ခဲ့တယ်
ညရောက်တိုင်းလဲမင်းစိတ်နဲ့ငါရှင်သန်စွာအိပ်စက်ခဲ့တယ်
ငါ့ရဲ့အတွေးတိုင်းကမင်းပါ
ငါမင်းအပေါ်မှာအနိုင်ယူမှုဆိုတာငါ့စိတ်ငါ့အတွေးဘယ်တုန်းကမှမရှိခဲ့ဘူး
မင်းဘဝကငါ့ဘဝပါ ငါ့ရဲ့အချစ်တွေကမင်းအတွက်အချစ်စစ်ပါဘဲ
ငါ့ရဲ့မေတ္တာတွေငါ့ရဲ့ဖြူစင်မှုတွေ
ငါ့ရဲ့ရိုးသားမှုတွေကမင်းပေးတဲ့အချစ်ပါ
မင်းကိုငါအရမ်းချစ်တယ်....ချစ်သူ
ထာဝရမင်းအနားမှာရှိနေချင်တယ်...
ငါ့ရဲ့နေ့ရက်တိုင်းကမင်းအတွက်ငါရှင်သန်ခြင်းမင်းအတွက်ငါသစ္စာရှိနေမှာပါ
Sunday, 27 March 2016
သတိရခြင်းနဲ့သူ
အချိန်တွေအရမ်းကိုမြန်ဆန်လွန်းပါတယ်
ငါနဲ့မင်းခုထိမဆုံနိုင်သေးဘူးလေ
မင်းရှိတဲ့နေရာ ငါအရောက်လှမ်းလာခဲ့ချင်မိတယ်
မင်းဆီဘယ်ဝယ်မှန်းငါအတတ်မသိပေမယ့်
မင်းဆီကိုလှမ်းလာချင်မိတယ် ချစ်သူ..
သတိရခြင်းနဲ့လွမ်းဆွေးမှုတွေအောက်ငါတစ်ယောက်ထဲ လွင့်မျောနေရသလိုဘဲ
မင်းကိုအရမ်းတွေ့ချင်တယ်
မင်းကငါ့အပေါ်မှာအရမ်းကိုကောင်းခဲ့တယ်
ငါတိုနှစ်ယောက်ကြားကအကွာအဝေးတွေက
ငါတို့ကို တားဆီးနေသလိုဘဲချစ်သူ
မင်းငါ့အတွက်နဲ့အရမ်းပင်ပန်းနေပြီငါမကြည့်ရက်ဘူးဟာ..
ငါအရမ်းကိုဆို့နင့်ကြေကွဲရတယ်
တကယ်တော့ငါက မင်းအပေါ်မှာဘာမှမဖြည့်ဆည်းနိုင်သေးဘူး
အရမ်းလဲရှက်မိပါတယ်
အချစ်တစ်ခုဘဝတစ်ခုပေမယ့်
အချစ်တစ်ခုနဲ့ဘဝတစ်ခုတည်ဆောက်လို့မှမရတာ
ငါအရမ်းနားလည်သွားပြီချစ်သူ..
မင်းကိုချစ်တဲ့အချစ်တွေ ငါပိုနေမှာပါ
မင်းကငါ့ဘဝရဲ့ပဲ့ကိုင်ရှင်ပါ
မင်းမရှိတဲ့ဘဝမှာငါလဲရှိမနေချင်ဘူး
မင်းဘဝကငါ့ဘဝပါ ချစ်သူ
မင်းအတွက်ရှင်သန်ခြင်း
မင်းအတွက်ပဲ ငါအသက်ရှင်သန်ခဲ့တာပါ..
ငါ့ကိုငါအညံ့ခံခဲလိုက်ပီ
မင်းရဲ့သစ္စာရှိမှုက ငါ့ကိုအားပေးခဲ့တယ်
ငါ့ရဲ့နာကျင်မှုအားလုံးကိုကုသပေးခဲ့တယ်
ငါ့ရဲ့ကံတရားက. မင်းနဲ့အတူချည်နှောင်ခဲ့ပြီ
မင်းကငါ့ကိုပိုပြီးပြည့်စုံစေတာပါ..ချစ်သူ
မင်းကငါ့အပေါ်မှာအိပ်မက်တွေအများကြီးပေးခဲ့တယ်
ငါအဲ့အိပ်မက်ထဲမှာလျှောက်လမ်းနေတုန်းပါဘဲချစ်သူ..
မင်းမရှိဘဲငါမနေတတ်တော့ဘူး
မင်းကငါ့ရဲ့အချစ်ငါ့ရဲ့ဘဝမို့ပါ
မင်းအတွက်ငါအချိန်တိုင်းအတွေးတိုင်းမှာ
ငါထာဝရသစ္စာရှိစွာရှိနေမှာပါချစ်သူ....
မင်းကိုငါအရမ်းချစ်တယ် ချစ်သူရယ်..
Friday, 25 March 2016
ပန်းတိုင်
ပန်းတိုင်သို့………
အားမလျှော့နဲ့ ချစ်သူတို့တွေအနေဝေလို့ခုလိုလွမ်း
နေရတာကိုက တို့တွေရဲ့ဘဝ အခြေလှမ်း အစပေါ့………
စဉ်းစားပါ ချစ်သူ ငါတို့ရဲ့ဘဝပန်းတိုင်
လှမ်းကိုင်နိုင်ဖို့ဆိုတာ စိတ်ကူးကမရေရာ
လက်ဗလာနဲ့တော့မဖြစ်နိုင်ဘူးလေ
အားတင်းထားစမ်းပါချစ်သူ
ကြောက်စိတ်မဝင်နဲ့ လှိုင်းထန်ထန်
လေကြမ်းကြမ်း ရှေ့ခရီးလမ်းသာယာဖို့
တို့တွေ တက်ကုန်လဲဖွင့်ရမယ်
ရွှက်စုံလဲ လွှင့်ပေးရမယ် လဲကျရင်ပြန်ထ
ပြီးကြိုးစားမှဖြစ်မှာလေ
သိစေချင်ပါတယ် ချစ်သူ
လူ့ဘောင်လောက ဘုံဘဝမှာ
အချစ်နဲ့ အကြင်နာ မေတ္တာဟာအရေးကြီးပေမယ့်
တကယ့်လက်တွေ့မှာ ငွေသာလျှင်အဓိက `ရွှေ´ရှိမှအမျိုးတော်
`မြ´ပေါ်မှာ `စိန်´တင်ဒါမှလူရာဝင်မယ်
မဟုတ်လား
ကြိုးစားကြမယ်ချစ်သူ
တို့တွေနီးစပ်ဖို့အတွက် နားလည်မှုဆိုတာ လေးနဲ့
ကတိသစ္စာလေးကို
တည်တံ့အောင်ပေါ့
Thursday, 24 March 2016
မင်းမရှိဘဲငါမနေနိုင်ဘူး...
မင်းမရှိဘဲ ငါမနေနိုင်ဘူး...
❀ ❀ မင်းသာမရှိခဲ့ရင် ငါလဲရှိလာမှာမဟုတ်ဘူး
♡ ♡ မင်းဆီကနေကွဲကွာရမယ်ဆိုရင်
ငါ့ကိုငါဆုံးရှုံးသွားရလိမ့်မယ်...
♥ ♥ မင်းကြောင့်ပါပဲ မင်းပဲလေ မင်းကငါ့ဘဝပါပဲ....
❀ ❀ ငါ့ဘဝရဲ့စိတ်ချမ်းသာရာ
ငါ့ရဲ့နာကျင်မှု မင်းကငါ့ရဲ့အချစ်စစ်ပါပဲ...
➳ ➳
❀ ❀ ငါတို့ခဏလေးတောင်ဝေးဝေးမနေနိုင်ဘူး
မင်းအတွက်ပဲငါအသက်ရှင်နေတာပါ...
ငါ့ရဲ့အချိန်တွေအားလုံးမှာမင်းအပေါ်အမြဲအစဉ်သစ္စာရှိနေမယ်.....
❀ ❀ ❀ ❀ မင်းမရှိဘဲခဏလေးတောင်ငါမနေနိုင်ဘူး......
အသက်ရှူချက်တိုင်းက မင်းအတွက်ပါ...
Monday, 21 March 2016
သူသိနိုင်စေ
အနေတွေဝေးသွားလို့
သွေးအေးသွားတာလား...
မတွေ့ရတဲ့ရက်တွေများလွန်းလို့
မေ့လျောသွားပီလား
မပြောဖြစ်တာကြာလို့ စိမ်းသွားပြီလား
နေ့ရက်တိုင်းအကြိမ်ကြိမ်မျှော်နေမိတယ်
ညညတိုင်းလဲအကြိမ်ကြိမ်မျှော်နေမိတယ်
ဘာတွေများငါမှားနေလို့လဲ
ငါလိုက်ရှာနေရတာအရမ်းကိုမောပန်းနေပါပြီ
စာနာခြင်းနဲ့ငါ့ကိုစကားတစ်ခွန်းတော့ပြောပေးသွားခဲ့ပါဟာ...
ငါနင့်ကိုလွမ်းတာရင်သတိရတာရင်ငါပိုချစ်မိတာရင်
ဒါတွေအားလုံးကငါ့ရဲ့နင့်အပေါ်မှာဖြူစင်တဲ့အချစ်တွေပါအရောင်အဆိုးမပါပါဘူးဟာ..
ငါ့ဘက်ကိုနင်တစ်ခါလောက်တော့ပြန်ငဲ့ပေးပါဟာ....
ငါနေအရမ်းကိုမောပန်းနေပီ..ချစ်သူ..
Tuesday, 15 March 2016
နေ့ညတစ်ညရဲ့လွမ်းပုံပြင်
ရောင်နီတွေတိတ်တစ်ဆိတ်ကွယ်ပျောက်ချိန်
ဟိုမိုးကောင်းကင်ပြာကြီးရဲ့အဝေးဆုံး
လမင်းလေးသာယာလိုက်တာ
လည်ပတ်နေတဲ့ကမ္ဘာကြီးထဲမှာ
ငါတို့တွေဆုံတွေ့နိုင်မှာပါ
နှစ်လရက်တွေဘယ်လိုဘဲကုန်ဆုံးနေပါစေ
နင့်ရဲ့ရင်ထဲမှာယုံချက်ဆိုတာရှိနေမယ်ဆိုရင်
ငါတို့တွေဆုံရမှာပါ
ကွာခြားချက်တွေခဏမေ့ထားပြီးရိုးရှင်းတဲ့ဘဝလိုငါတို့အတူတူလျှောက်လှမ်းသလိုမျိုးစိတ်ထားပေးပါ ချစ်သူ
ချစ်သူနှစ်ဦးအတွက်ကယုံကြည်မှုကြိုးတစိချောင်းလဲခြားနေတာမို့ပါ
တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်တွေ့ချင်ကြမလဲဆိုတာထပ်တူကျနေမှာ
လမင်းသာတိုင်းမင်းဆီကိုငေးမျှော်နေရတာငါအရမ်းမောပန်းနေရပီချစ်သူ
သစ္စာတရားကမင်းအတွက်ထာဝရပါချစ်သူ
.....
တစ်ချိန်တစ်နေ့တစ်ရက်ငါတို့တွေပျော်ရွင်စွာဆုံတွေ့ကြမယ်ချစ်သူ
ငါအရမ်းလွမ်းနေရပီ
Sunday, 13 March 2016
အရာရာတိုင်းမတူညီမှုတွေနဲ့ ပုညခင်
တစ်ခါ တစ်ခါ ...
နှောင်ဖွဲ့လေတဲ့ ခမ်းနားမှုထက် ...
လွတ်လပ်စွာ သေးနုတ်မှုက လှပတယ်။
မာယာတွေပါတဲ့ စကားချိုသကာထက် ..
ရိုးစင်းတဲ့ အရိုင်းဆန်မှုက လှတယ်။
ပျားကလေးတွေ ဝှက်ထားတဲ့တော်ဝင်ပန်းပွင့်ကလေးကို နမ်းရတာထက် ..
ရနံ့မရှိတဲ့တောပန်းလေးတစ်ပွင့်ကို နမ်းရတာက ဘေးကင်းတယ်။
ငြိမ်သက်အနယ်ထိုင်နေတဲ့ကန်ရေပြင်ထက်.. စီးဆင်းနေတဲ့စမ်းချောင်းငယ်ကလေးကပိုပြီး သန့်ရှင်းတယ် ။
တစ်ခါ တစ်ခါ...
ကြီးမြတ်တယ်ထင်တဲ့အရာတွေက သေးနုတ်နေတတ်ပြီး သေးနုတ်တယ်လို့ထင်ရတဲ့အရာတွေက ကြီးကျယ်မြင့်မြတ်နေတတ်တယ် ။
Friday, 4 March 2016
ချစ်သူရဲ့မနက်ဖြန်
#ချစ်သူတွေရဲ့မနက်ဖြန်
@@@@@@@@@
@အရာရာကို အပေါ်ယံခံစားတတ်သူအတွက်တော့
မနက်ဖြန်ဆိုတာ မယုံကြည်ရဲဘူးပေါ့...။
@အရာရာကို ပေါ့ပေါ့တန်တန်သဘောထားတတ်သူအတွက်တော့
မနက်ဖြန်ဆိုတာ မရေရာဘူးပေါ့....။
@အရာရာကို အပျော်အပျက်တွေးတတ်သူအတွက်တော့
မနက်ဖြန်ဆိုတာ မလေးနက်ဘူးပေါ့...။
@ဒါပေမယ့်လေ...
နင်နဲ့ပတ်သတ်ရင် အရာရာကို
လေးလေးနက်နက် ခံစားတွေးတောတတ်သူတစ်ယောက်အတွက်တော့
မနက်ဖြန် ဆိုတဲ့ မျှော်လင့်ချက်လေးကို အဖော်ပြုရင်း
ငါ့နှလုံးသားလေးရပ်တန့်သွားတဲ့အထိ ရှင်သန်နေဦးမှာပါ ချစ်သူ...။
ချစ်သူသိစေ၃
နင်နဲ့ပတ်သက်တိုင်း ခံစားပြီးဝမ်းနည်းလွယ်တတ်တာ
ငါ့ရဲ့အားနည်းချက်ပါ...
ဆုံးရူံးလိုက်ရမှာကြောက်တဲ့ စိတ်လေးတွေနဲ့
အမြဲတမ်းအရူံးပေးနေတတ်တာပါ...
နင့်အပေါ်မှာ အချိန်တိုင်းရိုးသားချင်နေတတ်တာ
နင့်ကိုသိစေချင်တယ်...
နင်နဲ့အဆက်သွယ်မရတဲ့အခါ စိတ်ပူပြီးတော့
တစ်ယောက်တည်းအရူးတစ်ယောက်လို
ဖြစ်နေတတ်တာ နင်နားလည်စေချင်တယ်...
နင်နဲ့ပတ်သက်တဲ့အရာတိုင်းကို အသေးမွှားလေးတွေကအစဂရုစိုက် တန်ဖိုးထားနေတတ်တာ နင့်ကိုသိခိုင်းစေချင်တယ်...
လူတစ်ယောက်ကိုချစ်မိတာဟာ အရူံးပါပဲတဲ့
ငါကျေနပ်ပါတယ်ငါအရှုံးပေးနေရတာဟာ
နင်ဖြစ်နေလို့...
ငါ့ကိုကတိတစ်ခုပဲပေးခဲ့ပါ
ငါ့ကိုဘယ်တော့မှမထားခဲ့ပါဘူးဆိုတဲ့
"ကတိ"...
Phoe Phyu
Thursday, 3 March 2016
I miss u
ဝမ်းနည်းတတ်တဲ့ ချစ်သူအတွက် အမှာစာ
ငါ ဒီကမ္ဘာမှာ ရှိနေသရွေ့ ဝမ်းမနည်းပါနဲ့ချစ်သူ.. ပြုံးထားပါ.. အပြုံးကြောင့် နင်နဲ့ငါ နီးလာလိမ့်မယ်..
သူငယ်ချင်းတွေ မင်္ဂလာဆောင်တိုင်း ခေါင်းငုံ့ ဝမ်းနည်းတတ်တဲ့ချစ်သူ အချစ်စစ်မှန်ရင် မဖြောင့်ဖြူးတတ်တော့ ခဏလောက် တစ်မြေစီ ခွဲကြရတာ ဖြစ်ရိုးဖြစ်စဉ်ပါ။
သစ္စာတရားကို လက်ကိုင်ထားတဲ့ တို့နှစ်ယောက်အတွက် အချစ်သစ်ဆိုတာ မိုးနဲ့မြေ ထိတွေ့ခြင်းလိုပါပဲ။
ပျော်ရွှင်ခဲ့ကြတာ တဒင်္ဂလေးဆိုပေမယ့် စက္ကန့်တွေတိုင်း သတိရနေမိတာ တို့နှစ်ယောက် ချစ်လို့ပါ။
တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ကြတာ ရုပ်အလှကြောင့် မဟုတ်ခဲ့လို့ မျက်နှာပေါ်က အရေးအကြောင်း ပေါ်လာတိုင်းလဲ ဝမ်းမနည်းပါနဲ့ ချစ်သူ၊ ချစ်တဲ့သူရဲ့ မျက်ဝန်းထဲမှာ အရေးအကြောင်းက ပိုလှနေစေတယ်။
နင်နဲ့ငါ အသက်အရွယ်ချင်း သိပ်မကွာပေမယ့် လေးစားမှုလည်း ရှိခဲ့ကြတယ်။
ချစ်သူ … တို့နှစ်ယောက် အချစ်စစ်နဲ့ သစ္စာထားခဲ့တော့ ဘယ်လောက် ဝေးဝေး ၊ဘယ်လောက် ခက်ခဲခက်ခဲ သားလေးတွေ သမီးလေးတွေနဲ့ လှပတဲ့သီးသန့်ကမ္ဘာလေးကို တို့နှစ်ယောက် တည်ဆောက်နိုင်မှာပါ။
Tuesday, 1 March 2016
14.2.2016
အရမ်းပျော်ရွင်ရတဲ့နေ့တွေပါ
ဘယ်လိုအချိန်ဘယ်လိုနေ့တွေ
ဘယ်လိုဘဲဖြစ်နေပါစေ
မင်းကိုငါထာဝရအသက်တစ်မျှချစ်တယ်