✏ ✏ ✏ ✏ ချစ်သူ :-( :-( :-( :-(
တန်ဖိုးမဖြတ်နိုင်တဲ့ မင်းရဲ့အကြင်နာလေး
ငါနေ့တိုင်းတမ်းတမိတယ်
★ ★ ★ ချစ်သူ အချိန်တွေဘယ်လိုပြောင်း
အချိန်တွေဘယ်လိုဘယ်လိုဟောင်း
ငါသစ်ချစ်တာမင်းတစ်ယောက်ပါ
အခါခါမျှော်ရင်း မင်းကိုစောင့်နေချိန်လေးမှာ
မင်းရဲ့စကားသံလေးကိုငါကြားယောင်နေမိတယ် ချစ်သူ
တွေ့ဆုံတဲ့နေ့တွေက နည်းလာတိုင်း
ပိုတိုးချစ်မိတဲ့မင်းကို ငါအလွမ်းတွေနဲ့
ဆီးကြိုနေပါတယ်
တစ်လမှာတစ်ခါ တွေ့ဆုံခွင့်လေး ငါစောင့်နေပါတယ်
ဝေးနေတဲ့အခါရင် မဆုံဖြစ်တဲ့အခါ
ငါ့အတွက် အားအင်တွေ ကုန်ခန်းနေမိတယ် ချစ်သူ
ဒါပေမယ့်မင်းပေးတဲ့ပုံလေးက
ငါ့အတွက် အားအင်တွေပြန်ဖြည့်ဆည်းပေးတာ
ငါလေ ဘယ်တော့မှမင်းကို ချစ်လို့လဲမဝနိုင်ဘူး
နောင်လဲပိုချစ်တယ်ခုလဲပိုချစ်တယ်
မင်းကငါ့အတွက်အကောင်းဆုံးချစ်ဆုံးသူပါ
အရမ်းကိုလွမ်းနေတယ် ချစ်သူ
သစ်ချစ်တဲ့ ဖြူလေး ➳ ➳ ➳ ➳
No comments:
Post a Comment