အကြိမ်အခါမျှော်လင့်နေတဲ့
စကားသံ ငါတမ်းတနေတဲ့အခါ
နင်ရောက်လာတယ် ငါအရမ်းပျော်သွားတယ်
ကြားလိုက်ရတဲ့စကားသံချိုမြိန်နေတဲ့နေ့
ငါလွမ်းရကျိုးနပ်မိတယ် ချစ်သူ♡ ♡ ♡ ♡ ♡
ဘယ်လောက်ထိချစ်မိလို့ဘယ်လောက်ထိ
သတိရနေတယ်ဆိုတာနင်လဲငါ့လိုဘဲဖြစ်မိမှာဘဲ
အသက်လောက်ချစ်မြတ်နိုးတဲ့နင့်ကို
တစ်ရက်ကလေးတောင် ငါမတွေ့ဘဲမနေနိုင်တာ
ဒါပေမယ့် နင့်အတွက်က လွတ်လပ်မှုမရှိခဲပြန်ဘူး
ငါကိုယ်ချင်းလဲစာပါတယ်
အချစ်နဲ့ပညာရေးကိုမရောချင်စေချင်ဘူး
ငါချစ်တဲ့နငိ့အတွက်ဘယ်လောက်ဘဲစောင့်စားနေရပါစေ
ငါနင့်အပေါ် အရင်ထက်ပိုချစ်နေမှာ
အရင်ထက်ပိုသစ္စာတွေပိုခိုင်မြဲတယ် ချစ်သူ
ဝေးကွာနေပေမယ့် တစ်ချိန်လုံးရှိနေသူကမင်းပါ
ကြားယောင်နေတဲ့နင့်အသံလေးရင်
မြင်ယောင်နေတဲ့နင့်ရဲ့ပုံလေးရယ်
ငါအတွေးတိုင်းမှာအမြဲဖမ်းဆုပ်နိုင်သူက
မင်းတစ်ယောက်ပါဘဲ ချစ်သူ
မင်းကိုလေ အရမ်းချစ်တာဘဲ
အချိန်ကြာမြင့်လို့ပြောင်းလဲမသွားလိုက်ပါနဲ့နော်
ချစ်သူ
မင်းကိုလေငါအမြဲမျှော်လင့်နေတယ်
No comments:
Post a Comment