Monday, 4 May 2015

ဘယ်​သူမှမ​မေးပါနဲ့ကိုယ်​တိုင်​ကြည့်​ပါ

ဒီယောကျာ်းလေး ၊ ဒီမိန်းကလေး ကိုယ်နဲ့သင့်တော်လား မသင့်တော်လား ဆိုတာကို ဘယ်သူ့ကိုမှ လိုက်မေးမနေပါနဲ့ ။
ဒီမျက်လုံးတွေကနေ သူ့အတွက် မျက်ရည်ကျခဲ့ရတာများလား၊
ဒီနှုတ်ခမ်းကနေ သူ့ကြောင့် အရီအပြုံးတွေပဲ များခဲ့ရလားဆိုတာလေးကိုပဲ ကိုယ့်ရဲ့မျက်လုံးနဲ့ နှုတ်ခမ်းတွေကိုပဲ မေးကြည့်လိုက်ပါ။

အမြဲတစေ ကိုယ့်ကိုနာကျင် မျက်ရည်ကျစေတဲ့ လူဆိုရင် အရမ်းချစ်နေရင်တောင် အချိန်မနှောင်းခင်မှာ စွန့်လွှတ်ရပါမယ်။
အမြဲတစေ ကိုယ့်ကိုပျော်ရွှင် ရီမောစေတဲ့သူဆိုဆိုရင် သူနဲ့သွားမဲ့ခရီးလမ်းက ခက်ခဲကြမ်းတမ်းမယ် ဆိုရင်တောင် ထိုသူကို ရွေးချယ်သင့်ပါတယ်။

ပင်ပန်းပြီး ရီမောပျော်ရွှင် စိတ်ချမ်းသာရတာက ၊ ချမ်းသာပြည့်စုံနေရပြီး စိတ်ဆင်းရဲမျက်ရည်ကျရတာထက် အပုံကြီး သာယာပါလိမ့်မယ်။

ချစ်သူရွေးတဲ့အခါ တစ်ချို့လူတွေက ကိုယ်နဲ့အဖက်ဖက်ကနေကြည့်ရင် သင့်တော်နေပေမဲ့ ကိုယ်ကချစ်မနေတဲ့အခါမျိုးလည်း ရှိသလို ကိုယ်အရမ်းချစ်ပေမဲ့ ကိုယ်နဲ့မအဆင်မပြေ ၊ မကိုက်ညီတတ်တာမျိုးလည်း ရှိတတ်ကြပါတယ်။

ဘယ်လိုလူကိုရွေးချယ်သင့်လဲဆိုတာကို သူ့ရဲ့အပြောချိုချိုလေးတွေကို နားနဲ့ချည်းနားထောင်နေတာထက် သူဘယ်လောက်ထိ ကိုယ့်ပေါ်ပေးဆပ်လိုက်လျော နားလည်ပေးနိုင်သလဲဆိုတာကို  မျက်လုံးနဲ့ ကြည့်ပါ။ နှလုံးသားနဲ့လည်းခံစားကြည့်ပါ။

No comments:

Post a Comment