အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်မှာ ကိုယ့်ကို လိုက်မကျွေးနိုင်လို့ ၊ကိုယ်လိုချင်တဲ့ Branded တွေ မ၀ယ်ပေးနိုင်လို့ဆိုပြီး ကိုယ့်ချစ်သူယောကျာ်းလေးပေါ် အပြစ်မတင်ပါနဲ့။
သူဟာ ကိုယ့်အတွက်ဆို တစ်လမ်းဝင်တစ်လမ်းထွက် ပင်ပင်ပန်းပန်းနဲ့ စားချင်တဲ့ အရာလေးတွေကို ၀ယ်ပြီးဖြည့်ဆည်းနေတာကိုက တန်ဖိုးရှိတာပါ။
ပိုက်ဆံတွေဘယ်လောက်ရှိရှိ ကိုယ့်ပေါ်တန်ဖိုးထားချစ်ခင်မှုမရှိရင် အလကားပါပဲ။
တစ်ခါတစ်လေကျရင် နွေးထွေးတဲ့ ဂရုစိုက်မှုတွေဟာ ငွေနဲ့ဝယ်ယူလို့မရပါဘူး။
တစ်ချို့ချမ်းသာတဲ့အမျိုးသမီးတွေမှာ ယောကျာ်းတွေဖေါက်လွဲဖေါက်ပြန်လုပ်လို့ စိတ်ဆင်းရဲနေကြရသလို သာမာန်မိန်းကလေးတစ်ယောက်ကလည်း သူ့ချစ်သူဟာ ငွေကြေးမတတ်နိုင်လို့ စိတ်ဆင်းရဲနေပါလိမ့်မယ်။
ဘ၀မှာ အရာခပ်သိမ်း ပြည့်စုံလှပတယ်ဆိုတာ မရှိပါဘူး။
ကောင်းတဲ့အကွက်လေးကိုပဲ မြင်အောင်ကြည့်ပြီး တန်ဖိုးထားပေးလိုက်ရင်ကိုပဲ အတော်လေး ပြည့်စုံနေပါလိမ့်မယ်။
ချစ်တဲ့... မနုဿ
www.facebook.com/manotetha
No comments:
Post a Comment