Tuesday, 27 June 2017

မင်းမသိတဲ့အချစ်

မင်မြင်ခြင်း ချစ်မိခဲ့တဲ့

ကာရံမညီသော ရင်ခုန်သံဟာ

ငါ့အတွက် မျက်ရည်ကျဖို့ အဖွင့်တေးသွာလား ... ?

Tampo မြန်လွန်းပါတယ် ချစ်သူ ..... ။

ငါ -

နင့်ကို ဘယ်လောက်ထိ ချစ်လဲ ... ဆိုတာ

-ငါကိုယ်တိုင်မသိသော

-နင် နားမလည်နိုင်သော

-မေးခွန်းနဲ့တူသော

ငါ့ရင်ထဲက အချစ်ရဲ့ပမာဏပါ ..... ။

ချစ်လွန်းလို့

ရှေ့ရေးကို မင်းအတွက်တွေးပြီး

ချစ်တယ်လို့တောင် ဖွင့်ဟပြောမထွက်ခဲ့သူပါ ..... ။

နင် -

တကယ်မသိဘူးနော် ...

လဆန်း-လပြည့်-လကွယ်-

ဘယ်နေ့ညကများ

အထီးကျန် လွမ်းဆွတ်မှုနဲ့ ကင်းလွတ်ခွင့်ရခဲ့သလဲ ... လို့

သန်းခေါင်ယံညရဲ့လမ်းပေါ်

အငိုတိတ်တော့မှ ကိုယ့်ကိုယ်ကို ပြန်းမေးမိတယ်

ဘဝတစ်ခုလုံး ပုံအောခဲ့ပြီးပြီပဲ ....

( ဘာ့ကြောင့်များ )

စက္ကန့်နဲ့အမျှ အရစ်ကျ ပေးဆပ်ချင်နေသေးရတာလဲ

Tuesday, 20 June 2017

ခပ်ဝေးဝေးအချစ်

ခပ်ဝေးဝေးကချစ်လည်း အချစ်ပဲ
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မင်းမှာ တခုခုပြောစရာရှိနေတယ်မလား...?
ဒါဆို ပြောလေ ငါနားထောင်ပေးမှာပေါ့
မင်းသိပ်ချစ်တဲ့ ချစ်သူအကြောင်းပဲမလား
ဘာလဲ ထပ်နာကျင်ရပြန်ပြီလား
သူလျစ်လျှူရှုတာထပ်ခံစားနေပြန်ပြီလား စိတ်မကောင်းမဖြစ်ပါနဲ့ အဲဒါအတွက်မခံစားပါနဲ့
အချစ်ဆိုတာ အသွားအပြန်မရှိဘူးနော် ကိုယ့်ဖက်ကပဲသွားခိုင်းပါ အပြန်ဆိုတာကိုမမျှော်လင့်ပါနဲ့ မေတ္တာမှန်ရင်ရောင်ပြန်တယ်ဆိုတဲ့စကားကို သိပ်အားမကိုးပါနဲ့ ခံစားရလိမ့်မယ်

ဒီမှာ...
တစုံတယောက်ကိုချစ်တယ်ဆိုတာ
ချစ်နေဖို့ပဲလိုတယ် ပိုင်ဆိုင်ခြင်း ရယူလိုခြင်း
တပ်မက်ခြင်းတွေခဏမေ့ထား
အဲဒါတွေက ပူလောင်တယ်
ဒီအတိုင်းရပ်နေလိုက် သူ့ကိုသိပ်ချစ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာရပ်နေလိုက်
ပိုင်ဆိုင်ခွင့်ဆိုတဲ့ခေါင်းစဉ်ဆီကို
ဆက်မတိုးနဲ့တော့ မသွားချင်နဲ့
အဲဒါက အချစ်သက်သက်မဟုတ်တော့ဘူး အတ္တတွေပါလာပြီ ပူလောင်မှုတွေပါလာပြီ

သိလား
တကယ်တော့ အချစ်ဆိုတာသိပ်လှတယ် အေးချမ်းတယ် နွေးထွေးတယ် တစုံတယောက်ကိုချစ်တယ်ဆိုတဲ့စိတ်နဲ့တင် ရင်ဘတ်ထဲလှိုက်ခနဲနွေးထွေးသွားစေတယ် ခံစားဖူးတယ်မလား ဘယ်လောက်အေးချမ်းသလဲ

ချစ်မိတိုင်းဖူးစာမဟုတ်ဘူး
ဒါကြောင့် ရယူဖို့မကြိုးစားပါနဲ့ ဒီအတိုင်း ရိုးရိုးလေးချစ်နေလိုက်ပါ ဖူးစာသာဖြစ်ခဲ့ရင် မချစ်မိပဲနဲ့လည်း ပိုင်ဆိုင်ရလိမ့်မယ်

ဒါကြောင့်
မခံစားပါနဲ့ သူ့ဥပေက္ခာတွေ လျစ်လျှူရှုမှုတွေကိုမေ့ထားပါ ဒီအတိုင်းကိုယ့်ဖက်က ချစ်နေလိုက်ပါ "မချစ်နဲ့" လို့တော့ မတားဘူး
ငါတို့အားလုံးအချစ်နဲ့လွတ်ကင်းတဲ့သူမှမရှိတာ

မင်းသတိမထားမိသေးတဲ့ အချက်တချက်ရှိသေးတယ်
အဲဒါက "ခပ်ဝေးဝေးကချစ်လည်း အချစ်ပဲ" ဘာမှမပြောင်းလဲပါဘူး..

Saturday, 10 June 2017

နားခိုရာ

ငါ့ဘဝမှာ ပျော်ရွင်ခြင်းဆိုတဲ့
အရာကိုလိုက်ရှာနေဆဲပါ

လိုက်ရှာရင်း ငါ့အနားဆီ ပျံသန်းလာတဲ့သံယောဇဉ်တွေကို ငါ့ရဲ့ပျော်ရွင်မှုဆိုတဲ့ အစာလေးနဲ့

ငါပြုစုယုယစွာပေးခဲ့ပါတယ်

ငါအတွက်တော့ နာခိုရာမဲ့ ငါ့ရင်ခွင်ထဲနွေးထွေးစွာပေးခဲ့တယ်

ငါ့မှာမာန်မာနဂုဏ်တွေမရှိဘဲနဲ့

ငါ့ရဲ့ဖြူစင်တဲ့နှလုံးသားတွေနဲ့ပေါ့ သူပျော်နေမယ်ဆိုလဲငါဂုဏ်ယူနေမှာပါ

ငါ့ကိုမေ့ခဲ့ရင်တောင်ငါသူ့ကိုအမှတ်ရနေမှာပါ
ဘဝဆိုတာဆုံတွေ့တဲ့ခိုက်လေးမှာ ငါ့အတွက်အမှတ်တရဆိုတာရှိနေရင်ဘဲ
ကျေနပ်လှပါပီ

အချစ်ဆိုတာကဘယ်လောက်ပေးပေး ပြန်ရယူဖို့မမျှော်လင့်ပါဘူး ပေးနေလျက်နဲ့ကိုယ့်အတွက်ပျော်ရွင်မှုတစ်ခုရှိရင်း ငါ့အတွက်ဘဝသစ်ဆီကိုငါရွေးရင်းနဲ့ပေါ့ အဆုံးသတ်ဆိုတာ
အခုလိုဖြစ်လာခဲ့ရင်

ရင်နာကျင်တာလွဲ ဘာမှလုပ်မရတော့
အဆုံးသတ်မှာကိုယ်စီနာကျင်စရာတွေမရှိတာကပိုကောင်းမယ်ထင်တယ်.. သတိရခြင်းဆိုတာကလူတစ်ယောက်ကိုပိုရူးသွပ်ခြင်းတစ်ခုပါလွမ်းဆွေးမှုဆိုလဲလူတစ်ယောက်အတွက်
အိပ်မက်တစ်ခုပါ
ဒီအရာတွေက

ကိုယ့်ဘက်မရှိတော့ရင်.အရာအားလုံးက
ဆုံးရှုံလိုက်ရသလိုပါဘဲ

Sunday, 4 June 2017

ချစ်နေပေးပါ

သိပ်ချစ်ရတဲ့ ချစ်သူ နင်နဲ့ ငါ့ကို ကံကြမ္မာက
တွေ့ ဆုံခွင့်မပေးခဲ့သေးပေမဲ့ ငါ့ရင်ထဲမှာ အချိန်တိုင်း
နင် ရှိနေတယ်ဆိုတာ ယုံပါ ချစ်သူ..........

တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာနေရတဲ့ အတွက်
တစ်ခါတရံနားလည်မှုလေးတွေလွဲတတ်တဲ့ အချိန်ဆိုတာရှိနေတိုင်းလဲ
အမြဲတမ်း ခွင့်လွှတ်ရင်း ချစ်နေမိတဲ့သူပါ ချစ်သူ........

တစ်ခါတရံ နင့် အချစ်က ငါ့ကို အနိုင်ယူချင်တဲ့ စိတ်လေးတွေ
ရှိနေပေမဲ့ ငါက တော့ နင့်အတွက်ဆို အမြဲတမ်းအရှုံးပေးရင်းချစ်နေမိတဲ့
သူပါ...........ချစ်သူ

ငါ့ရဲ့ စိတ်ကူးး...မျှော်လင့်ချက်...ယုံကြည်ချက်...အနာဂတ်တွေ
အားလုံးက နင့်တစ်ယောက်ထဲဆီမှာအပ်နှံထားတာမို့  နင်လဲ
နားလည်မှုလေးတွေနဲ့ အတူ ငါ့ တစ်ယောက်ထဲကိုပဲ အမြဲတမ်းချစ်နေ
ပေးပါနော်........ချစ်သူ.....


Saturday, 3 June 2017

စောင့်စားခြင်း

ချစ်သူ..........

ငါ့ဘေးမှာအသာရပ်လို့ ငါခံစားနေမျှော်လင့်နေမိပါတယ်..မင်းဆီကအကြင်နာတရားတစ်စုံပေါ့လမ်းလျှောက်ရင်းငါမောပန်းနေခဲ့တယ်။ခိုနားချင်ခဲ့မိတယ်..မင်းရဲ့ ရင်ခွင်အစုံမှာဒါပေမယ့်မဖြစ်နိုင်ခဲ့ပါဘူး။ငါတို့ ကတစ်ယောက်တစ်နေရာမှာလေ။လေလှိုင်းထဲကအားပေးနှစ်သိမ့်သံငါမနက်ဖြန်လျှောက်လှမ်းဖို့ အားသစ်တစ်ခုပေါ့။ဆုပ်ကိုင်ချင်မိတယ်...မင်းရဲ့ လက်တစ်စုံကိုအားကိုးတကြီးပေါ့ဘ၀မှာခက်ခဲလွန်းလို့ အားငယ်နေမိတယ်တစ်ယောက်ထဲလမ်းလျှောက်ရင်းစိုးရွံ့ လာလို့ မင်းရဲ့ လက်တစ်စုံကိုတမ်းတမိတာပါ။မျှော်လင့်နေခဲ့မိတယ်.....မင်းနှုတ်ခမ်းကလျှံကျလာမယ့်အားပေးစကားတွေငါ့လေအရမ်းအားငယ်နေတယ်။ချစ်သူ..........ငါ့ဘေးမှာအသာရပ်လို့ ငါခံစားနေရတဲ့ဒုက္ခတွေဖြေရှင်းနိုင်ဖို့ အတွက်ငါ့ဘေးနားမှာရပ်တည်ပေးပါ..နော် ရတဲ့ဒုက္ခတွေဖြေရှင်းနိုင်ဖို့ အတွက်ငါ့ဘေးနားမှာရပ်တည်ပေးပါ..နော်

Thursday, 1 June 2017

ချစ်သူကောင်း

ချစ်သူကောင်းတစ်ယောက်ဆိုတာ

  ကိုယ့်ချစ်သူကိုတန်ဖိုးကြီးပစ္စည်း တွေပေးနိုင်ဖို့ မလိုပါဘူး... ကိုယ့်ရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတရားတွေပေးနိုင်ဖို့ကအဓိကပါကိုယ့်ချစ်သူအနားမှာအချိန်ပြည့်မနေပေးနိုင်ရင်တောင်မှ ကိုယ့်ချစ်သူအားငယ်နေတဲ့အခါအနားမှာနေပြီးအားပေးနိုင်တဲ့လူမျိုးပါစိတ်ဆိုးကြတဲ့အခါဒေါသပါးပါးလေးတွေနဲ့ပြောတတ်ပေမဲ့ပြန်ချော့ဖို့ရာဝန်မလေတတ်ပါဘူး...ပျော်ရွှင်စရာတွေကိုမျှဝေခံစားတတ်ပြီး ကြေကွဲမှုတွေနဲ့ကြုံလာတိုင်းလဲအတူတကွရင်ဆိုင်ဖြေရှင်းတတ်တာပါ...ကိုယ့်ရဲ့အားနည်းတွေကိုသိပေမဲ့ကိုယ့်ကိုပဲရွေးချယ်တတ်တဲ့လူမျိုးပါ...ဒီလိုလူမျိုးရှိရင်တော့သူငယ်ချင်းတို့ကိုယ့်ဘဝရဲ့လက်တွဲဖော်အဖြစ်ရွေးချယ်လိုက်ပါတော့:)