Sunday, 27 December 2015

ကုန်​ဆုံး​နေတဲ့​နေ့ရက်​များနဲ့ပုံရိပ်

  ❀ ❀ ❀ တစ်​​နေ့တာရဲ့အချိန်
နေ့ရက်​​တွေဟာသူမရှိဘဲရှည်​ကြာလွန်းတယ်

  ရက်​တစ်​ရက်​ရဲ့အချိန်​မှာသူနဲ့မဆုံတိုင်း
အကြာကြီးငါ​စောင့်​​မျှော်​​နေရသလိုဘဲ...

အချစ်​ရဲ့တုန့်​ပြန်​စီးဆင်းမှု​တွေက
   ခွန်​အားတစ်​ခုလိုကြီးထွားလာ​တော့
သူမရှိ​ပေမယ့်​သူရှိ​​နေတဲ့နှလုံးသားမှာ
သူကအမြဲရှိ​နေ​ပေးတယ်​.....
   တကယ်​​တော့အချစ်​​တွေကပို​ဝေး​နေတဲ့သူ​တောင်​နီစပ်​နိုင်​တယ်​​နော်​....

    မိုင်​​တွေ​ထောင်​ချီ ...အ​ဝေးဆုံးရဲ့​နေရာမှာ
တစ်​​ယောက်​နဲ့တစ်​​ယောက်​ရင်းနှီးနိုင်​​စေတာအချစ်​​တွေ​ကြောင့်​ပါ...
     အချစ်​ဆိုတာက​ပျော်​ရွင်​မှု​တွေလွမ်း​ဆွေးမှု​တွေ
သတိရခြင်း​တွေနဲ့ ကြည်​နူး​စေတယ်​...
ဒီကမ္ဘာမှာလူသားတိုင်းဘယ်​သူမှအချစ်​နဲ့မကင်းနိုင်​ကြဘူး...
သစ္စာရှိမှု...​မေတ္တာ ထားမှု....နားလည်​​ပေးတတ်​မှု​တွေကအချစ်​အတွက်​ ​အေးချမ်းမှုမျိုးကမ္ဘာငယ်​​လေးလိုဘဲ....

ဆင်းရဲချမ်းသာ...ခြင်း​တွေနဲ့အချစ်​နဲ့မဆိုင်​ကြပါဘူး...နက်​ရှိုင်းလှတဲ့ရင်​ထဲကလှိက်​လှိက်​လှဲလှဲ​ပေါ်လာတဲ့အချစ်​ကိုဘယ်​သူမှလဲတားဆီးပိုင်​ခွင့်​မရှိကြဘူး

အမှန်​တရားရဲ့​စေတနာဆိုတာချစ်​သူတိုင်းရဲ့ဖြူစင်​တဲ့​မေတ္တာ​တွေပါ
အလှမ်းကွာ​ဝေး​နေပါ​စေ...ချစ်​သူရယ်
အဆင့်​အတန်းမြင့်​မား​နေပါ​စေ...ချစ်​သူရယ်
ငါချစ်​တဲ့အချစ်​က ..နှလုံးသားအချစ်​​တွေပါ
ဘယ်​လို​နေ့ရက်​​တွေဘဲမင်းမရှိဘဲငါ​ကျော်​ဖြတ်​​နေပါ​စေ
မင်းကငါ့နှလုံးသားမှာအမြဲထာဝရရှိ​နေပြီးသားပါ
တစ်​​နေ့တစ်​ရက်​ငါတို့​တွေ့အတွက်​အလင်း​ရောင်​မိုး​ကောင်းကင်​ပြာကြီးကအမြဲရှိ​နေမှာပါ

...........❀ ❀ ❀ ❀ ❀ ❀ ချစ်​သူ.....

တစ်​​ယောက်​​သောသူအတွက်​ပါ....ရတီ....

No comments:

Post a Comment