Tuesday, 22 December 2015

ချစ်​သူဆီသို့.........​ပေးစာ

❀ ❀ ❀ ​တွေ့ဆုံခြင်း...ဆိုတဲ့ကံကြမ္မာ​တွေက
ငါတို့နှစ်​​ယောက်​ကိုတည့်​တည့်​ကြီးဆုံဆည်း​ပေးခဲ့တယ်
အချိန်​ဟာအရမ်းမြန်​ဆန်​လွမ်းလာတယ်
အချိန်​ရဲ့​ပြောင်းလဲမှု​အောက်​မှာငါတို့​တွေဟာ
ပြောင်းလဲသွားကြတယ်
ကောင်း​သော​ပြောင်းလဲခြင်းနဲ့ပါ
♥ ♥ ♥ ♥ မိုင်​​ထောင်​ချီ​ဝေး​နေတဲ့ငါတို့​တွေကို
နီစပ်​ခွင့်​ချစ်​ခင်​ခွင့်​ တမ်းတခွင့်​လွမ်း​ဆွေးခြင်း​တွေ​ပေးခဲ့တဲ့onlineကို​ကျေးဇူးတင်​မိတယ်

ပြီး​တော့အရမ်းကိုရိုးသားကြင်​နာစိတ်​ ဖြူစင်​တဲ့စိတ်​ထားပြည့်​ဝပီးနားလည်​မှု​ပေးနိုင်​တဲ့မင်း​လေးနဲ့ဆုံဆည်းခွင့်​​ရခဲ့တာငါ့အတွက်
အိပ်​မက်​တစ်​ခုလို​ပျော်​ရွင်​ခြင်းအားအင်​​တွေရခဲ့တယ်
တကယ်​​တော့မင်းကငါ့ဘဝရဲ့အလင်း​ရောင်​ဆိုလဲမမှားပါဘူးပဲ့ကိုင်​ရှင်​ဆိုလဲမမှားပါဘူး
အသက်​အရွယ်​အဆင့်​အနိမ့်​အမြင့်​​တွေနဲ့လဲမဆိုင်​ပါဘူး
     အချစ်​ဟာဆန်းကြယ်​ပါတယ်​​လေးနက်​ပါတယ်
မင်းကိုချစ်​မိကတည်းကငါ့အရာရာကို​ပေးဆပ်​ရဲနိုင်​တဲ့သတ္တိရှိခဲ့တယ်
  မင်း​ကြောင့်​လဲ​ပျော်​ရွင်​တဲ့​နေ့သစ်​​တွေမှာအားအင်​ရှိခဲ့တယ်
မင်းရဲ့​မေတ္တာတရား​တွေကငါ့အတွက်​​အေးချမ်းမှုပါ
မင်း​ပေးတဲ့​မေတ္တာ​တွေကိုငါပြန်​ပြီး​ပေးဆပ်​ခွင်​ရချင်​တယ်
   အချစ်​မှာနားလည်​​ပေးပြီးစာနာမှု​လေးနဲ့မင်းအ​ပေါ်မှာငါထာဝရချစ်​​နေမှာပါ
ဝေးခြင်းနီးခြင်းထက်​နှလုံးသား​လေးနီး​နေဖို့သာလိုအပ်​တာပါ
မင်းကိုလှလို့ချစ်​တာပြည့်​စုံမှု​ကြောင့်​ချစ်​တာလဲမဟူတ်​ရပါဘူး
ငါ့ရဲ့ချစ်​လို့လှတာကိုဘဲချစ်​တာပါ
ငါမင်းဆီကဘာမှလဲမ​မျှော်​လင့်​ပါဘူး
ငါ့ကိုချစ်​​နေတာကိုဘဲ​မျှော်​လင့်​​နေတာပါ
တစ်​ခဏမဟုတ်​ဘဲအတူတူဘဝလက်​တွဲ​ဖော်​ဖြစ်​ငါချစ်​ခဲ့ရတာပါ

မင်းနဲ့​တွေ့ဆုံခြင်းစကား​ပြောရတဲ့​နေ့ကငါ့အတွက်​အ​ပျော်​ဆုံး​နေ့​တွေပါ
အ​ဝေးကြီးမှာဆို​ပေမယ့်​တစ်​မိုးသား​အောက်​အတူတူရှိ​နေပါတယ်
ငါတို့ရဲ့အချစ်​​တွေငါတို့နှလုံးသား​တွေကနီး​နေတယ်
မ​တွေ့ရချိန်​တိုင်းငါသတိရစိတ်​နဲ့
မင်းကို​မျှော်​​ငေး​နေမိတယ်
ငါချစ်​ရတဲ့မင်း​ပျော်​ရွင်​ခြင်း​နေ့သစ်​​တွေပိုင်​ဆိုင်​နိုငိပါ​စေလို့ငါ​နေ့တိုင်းဆု​တောင်း​ပေး​နေပါတယ်
     မင်းကိုချစ်​တဲ့....z.y

No comments:

Post a Comment