ငါရဲ့မျက်လုံးတစ်စုံဖွင့်လိုက်မိတဲ့အချိန်ကစပီး
ငါ့ရဲ့နေ့ရက်တိုင်းမှာမင်းရဲ့အရိပ်တွေမင်းရဲ့ရယ်သံလေးတွေ ငါအခါခါကြားနေမြင်နေမိတယ်
♥ ♥ ♥ ♥ ကမ်းလှမ်းလာမယ့်လက်တစ်စုံဟာ
ငါ့အတွက် အားအင်ဖြစ်မယ့်လက်တစ်စုံဘဲ
ငါတမ်းတမိတယ်
ငါ့အတွက် ဒဏ်ရာပေးမယ့်လက်တစ်စုံတော့ငါမလိုချင်ဘူး
ဂုဏ်ဒြပ် တွေ ပညာတွေ ငါ့မှာမရှိပါဘူး
ငါ့မှာရိုးသားဖြူစင်တဲ့စိတ်ထားလေးဘဲရှိတာပါ
ငါ့ရဲ့အတွေးငါ့ရဲ့အိပ်မက်ငါ့ရဲ့စိတ်ကူး
ငါ့ရဲ့ဘဝကိုမင်းပိုင်စိုးနိုင်ခဲ့ပါတယ်
ငါ့ကိုအတ္တကြီးတဲ့သူလို့တော့မစွပ်စွဲလိုက်ပါနော်
ငါချစ်ခဲ့တာ မင်းဆီကအချစ်စစ်ပါ
တဏှာအချစ်လဲမဟုတ်ပါဘူး
ဖြူစင်လွန်းတဲ့မင်းရဲ့စိတ်ထားရယ်
နားလည်ပေးနိုင်တဲ့မင်းရဲ့စိတ်ထားလေးကအရမ်းကိုလှပတယ်
ငါ့ရဲ့တစ်သက်မှာ
မင်းက အဖိုးတန်ဆုံးသူပါ
ကံတရားကိုလဲမယုံကြည်ချင်ဘူး
ငါအယုံကြည်ဆုံးမင်းရဲ့စကားလေးသာငါအယုံဆုံးပါ
ငါ့ရဲ့မနက်ခင်းအတွက်အလင်းရောင်ကမင်းတစ်ယောက်ဘဲရှိနေတာပါ.....
No comments:
Post a Comment