Wednesday, 11 November 2015

လမ်း​ပျောက်​ည


ကောင်​မ​လေးရယ်​  မင်းနဲ့ငါဘယ်​အရာမဆိုကွားခြားပါတယ်
အသက်​အရွယ်​ ဂုဏ်​ဒြပ်​အသိုင်းအဝိုင်း
အစစအရာရာမင်းကငါ့ထက်​ပိုသာပါတယ်

   ဒါ​ပေမယ့်​ ချစ်​တယ်​ဆိုတဲ့စကားတစ်​ခွန်းက
ဂုဏ်​ဓန​တွေ​ကြောင့်​​တော့မဟုတ်​ပါဘူး

  ကွာခြားလှတဲ့မင်းနဲ့ငါကြားမှာ

ချည်​​နှောင်​ထားတဲ့သံ​ယောဇဉ်​ကျစ်​ထုံး​လေးပါ
အဲ့ဒါ​တွေကငါတို့နှစ်​​ယောက်​ရဲ့ရင်​ထဲခံစားချက်
နှလုံးသားရဲ့တူညီမှု​ကြောင့်​ပါ​ကောင်​မ​လေးရယ်

အချိန်​တိုင်းလိုလို မင်းအ​ကြောင်း​တွေစဉ်းစားတယ်
မင်းအ​ကြောင်း​တွေ​တွေး​နေမိတယ်
လမ်း​ပျောက်​​နေသူအတွက်​ လမင်းရဲ့အလင်း​ရောင်​ကိုရှာ​နေသလို​ပေါ့
မင်းမရှိတဲ့​နေ့ရက်​မင်းနဲ့စကားမ​ပြောရတာ
လ​တွေ​တောင်​​ကျော်​နှစ်​​တွေ​တောင်​ကုန်​ဆုံး​တော့မယ်​​နော်​......

ဘယ်​​လောက်​သတိရ​နေမလဲ
ဘယ်​​လောက်​ထိလွမ်း​နေရမလဲ
  
    ညီတူညီမျှမရှိတဲ့ငါတို့ရဲ့ကြားကစည်းတစ်​ခု

မင်းငါ့လိုခံနိုင်​ရည်​ရှိဖို့လိုတယ်​​ကောင်​မ​လေးရယ်

မင်းကို​လေ​ပျော်​ရွင်​​စေချင်​တယ်
ငါ့အတွက်​ အ​မှောင်​ကရိုး​နေပါပြီ
မင်း​ပေးတဲ့ငါ့ရဲ့အလင်းမှာငါလမ်းမ​ပျောက်​​အောင်

ငါမင်းအ​ပေါ်သစ္စာရှိရှိငါ​မျှော်​​နေပါတယ်

မင်းပြန်​လာတဲ့အခါငါ့အတွက်​ချိုမြိန်​တဲ့
အရာ​လေးမင်းဆီမှာငါ​မျှော်​လင့်​​တောင့်​တ​နေပါတယ်

ချစ်​ရတဲ့pyt

No comments:

Post a Comment