Monday, 30 November 2015
အချစ်​နဲ့ဘဝ
ချစ်​သူ  ငါတို့​တွေကတစ်​​ယောက်​​ပေါ်တစ်​​​ယောက်​အရမ်းချစ်​ခဲ့ကြတယ်​​နော်
  ငါတို့​တွေအနယ်​​လဲ​ဝေးခဲ့ကြတယ်
  ငါတို့နှစ်​​ယောက်​ကတိုက်​ဆိုင်​မှု​တွေတူညီတဲ့အတွက်​ငါတို့ရဲ့အချစ်​​တွေကိုပိုခိုင်​မြဲ​စေပါတယ်
ငါတို့​တွေကအသက်​ရွယ်​ကွာခြား​ပေမယ့်
ငါတို့ရဲ့အချစ်​​တွေငါတို့ရဲ့တူညီတဲ့နှလုံးသား​တွေက
ငါတို့ရဲ့ဘဝကိုပိုပြီးချည်​​နှောင်​တာ​ပေါ့
အချစ်​မရှိတဲ့အိမ်​​ထောင်​​ရေးက
ဘယ်​​လောက်​ထိ​ငွေ​ကြေးပြည့်​စုံ​နေပါ​စေ
ပျော်​ရွင်​မှုကအရမ်းနည်းပါတယ်
ငါတို့​တွေကအရမ်းကိုကွာခြားကြတယ်​​နော်
မင်းက​ရွေစံအိမ်​က​ရွေမင်းသမီး​ပေါ့
ငါကမင်းကုသလိုနိမ့်​ပါး​နေတဲ့အတွက်
ငါအရမ်းအားငယ်​မိပါတယ်
အနူလက်​နဲ့​ရွေခွင့်​နှိပ်​ချင်​တဲ့သူလို့အထင်​လွဲခံရမှာ
ငါ့အတွက်​အ​ကြောက်​ဆုံးပါ
တကယ်​​တော့ငါ​လေမင်းတစ်​​ယောက်​ကို
မင်း​လေးရဲ့​မေတ္တာ မင်း​လေးရဲ့ရိုးသားစိတ်
မင်း​လေးရဲ့ကိုယ်​ချင်းစာနာတတ်​တဲ့စိတ်
အဲ့ဒီအရာ​တွေကိုငါပိုချစ်​တာပါ
ပေါင်းစည်းခွင့်​ အတွက်​ငါတို့​တွေ
မင်း​လေးရဲ့ဆုံးဖြတ်​ကိုငါအမြဲလက်​ခံရင်း
မင်းအတွက်​​ပျော်​ရွင်​မှု​တွေကိုငါကိုယ်​တိုင်​ဖန်​တီး​ပေးချင်​တယ်​  ချစ်​သူရယ်​....
Sunday, 29 November 2015
ဆုံ​တွေ့ခဲ့တဲ့ည
ငါတို့​တွေဆုံ​တွေ့ခွင့်​ရတဲ့ည
ငါတို့​တွေအတွက်​အလွမ်းကိုယ်​စီကျန်​ရစ်​မယ့်​ည
ငါအမြဲအမှတ်​ရ​နေမှာပါ
ခဏ​လေး​ဝေး​နေရမှာဆိုတဲ့အသိတစ်​ခု
မဆုံစည်းခင်​​တော့ အားတင်းထားရမှာ​ပေါ့
ထပ်​တူကျတဲ့ချစ်​ခြင်း ထပ်​တူကျတဲ့​မေတ္တာ
ငါတို့​တွေမှာရှိ​နေတဲ့အတွက်
ဘယ်​လိုမှငါတို့​တွေမ​ဝေးနိုင်​ပါဘူး
ဆုံ​တွေ့ဖို့ငါတို့​တွေပိုနီးလာပီ​ပေါ့
ပြောလိုက်​ရတဲ့အချစ်​စကားလုံး​တွေ
သိမ်းဆည်းထားလိုက်​တဲ့အားအင်​အပြည့်​စကားလုံး​တွေ
ငါ့အတွက်​​တော့ အမြဲအမှတ်​တရဖြစ်​​နေမှာပါ
  အဲ့​နေ့ညကငါ့အတွက်
အမြဲအမှတ်​တရ​ည​ပေါ့
29.11.2015
Thursday, 26 November 2015
တန်​​ဆောင်​မုန့်​လပြည့်​ည
လပြည့်​ညမို့မင်းကိုအရင်​ထက်​ပို​မျှော်​​နေမိပါတယ်
လပြည့်​ညရဲ့အလွမ်း​တွေ
လပြည့်​ညရဲ့အ​ဆွေး​တွေကိုမင်းမြင်​​စေချင်​လိုက်​တာ
အ​ပျော်​မရှိ တစ်​​​ယောက်​ထဲအ​ဖော်​မဲ့စွာလပြည့်​ညကိုငါဖြတ်​သန်းရ​တော့မယ်
ငါ​မျှော်​​နေခဲပါတယ်​ဟာ
ဒါ​ပေမယ့်​ မင်း​ပျော်​ရွင်​​နေမလားဆိုပြီးငါစိတ်​​တွေကမင်းအနာ​ရောက်​​နေမိတယ်
ငါချစ်​တဲ့မင်းလပြည့်​ညမှာ လပြည့်​ဝန်းလိုလှပ​ပျော်​ရွင်​တင့်​တယ်​​နေမှာပါ
ငါ့ရဲ့အလွမ်း​တွေငါ့ရဲ့အချစ်​​တွေ ငါ့ရဲ့ ​မေတ္တာ​တွေကိုမင်းအတွက်​ငါဖြည့်​ဆည်း​ပေးပါတယ်
ငါနင့်​ကိုအရင်​ထက်​ပိုချစ်​တယ်​တယ်​ဟာ
Friday, 20 November 2015
Happybirthday ပါချစ်
မွေး​နေ့မှာနှစ်​​ပေါင်းရာ​ကျော်​စိတ်​ကျန်းမာခြင်း
ပျော်​ရွင်​သုခအဝဝပြည့်​ဝနိုင်​ပါ​စေ
ရည်​မှန်းချက်​​တွေလဲ စိတ်​ကူးနဲ့တထပ်​တည်း​အောင်​မြင်​နိုင်​ပါ​စေလို့ဆုမွန်​​ကောင်း​တောင်း​ပေးပါတယ်​ချစ်
ပျော်​ရွင်​မှု​ပေါင်းနဲ့ထာဝရချမ်း​မြေ့နိုင်​ပါ​စေ
Wednesday, 11 November 2015
လမ်း​ပျောက်​ည
ကောင်​မ​လေးရယ်​  မင်းနဲ့ငါဘယ်​အရာမဆိုကွားခြားပါတယ်
အသက်​အရွယ်​ ဂုဏ်​ဒြပ်​အသိုင်းအဝိုင်း
အစစအရာရာမင်းကငါ့ထက်​ပိုသာပါတယ်
   ဒါ​ပေမယ့်​ ချစ်​တယ်​ဆိုတဲ့စကားတစ်​ခွန်းက
ဂုဏ်​ဓန​တွေ​ကြောင့်​​တော့မဟုတ်​ပါဘူး
  ကွာခြားလှတဲ့မင်းနဲ့ငါကြားမှာ
ချည်​​နှောင်​ထားတဲ့သံ​ယောဇဉ်​ကျစ်​ထုံး​လေးပါ
အဲ့ဒါ​တွေကငါတို့နှစ်​​ယောက်​ရဲ့ရင်​ထဲခံစားချက်
နှလုံးသားရဲ့တူညီမှု​ကြောင့်​ပါ​ကောင်​မ​လေးရယ်
အချိန်​တိုင်းလိုလို မင်းအ​ကြောင်း​တွေစဉ်းစားတယ်
မင်းအ​ကြောင်း​တွေ​တွေး​နေမိတယ်
လမ်း​ပျောက်​​နေသူအတွက်​ လမင်းရဲ့အလင်း​ရောင်​ကိုရှာ​နေသလို​ပေါ့
မင်းမရှိတဲ့​နေ့ရက်​မင်းနဲ့စကားမ​ပြောရတာ
လ​တွေ​တောင်​​ကျော်​နှစ်​​တွေ​တောင်​ကုန်​ဆုံး​တော့မယ်​​နော်​......
ဘယ်​​လောက်​သတိရ​နေမလဲ
ဘယ်​​လောက်​ထိလွမ်း​နေရမလဲ
    ညီတူညီမျှမရှိတဲ့ငါတို့ရဲ့ကြားကစည်းတစ်​ခု
မင်းငါ့လိုခံနိုင်​ရည်​ရှိဖို့လိုတယ်​​ကောင်​မ​လေးရယ်
မင်းကို​လေ​ပျော်​ရွင်​​စေချင်​တယ်
ငါ့အတွက်​ အ​မှောင်​ကရိုး​နေပါပြီ
မင်း​ပေးတဲ့ငါ့ရဲ့အလင်းမှာငါလမ်းမ​ပျောက်​​အောင်
ငါမင်းအ​ပေါ်သစ္စာရှိရှိငါ​မျှော်​​နေပါတယ်
မင်းပြန်​လာတဲ့အခါငါ့အတွက်​ချိုမြိန်​တဲ့
အရာ​လေးမင်းဆီမှာငါ​မျှော်​လင့်​​တောင့်​တ​နေပါတယ်
ချစ်​ရတဲ့pyt
Monday, 2 November 2015
မနက်​ဖြန်​ရဲ့​ရောင်​နီဦး
ငါရဲ့မျက်​လုံးတစ်​စုံဖွင့်​လိုက်​မိတဲ့အချိန်​ကစပီး
ငါ့ရဲ့​နေ့ရက်​တိုင်းမှာမင်းရဲ့အရိပ်​​တွေမင်းရဲ့ရယ်​သံ​လေး​တွေ ငါအခါခါကြား​နေမြင်​​နေမိတယ်
  ♥ ♥ ♥ ♥ ကမ်းလှမ်းလာမယ့်​လက်​တစ်​စုံဟာ
ငါ့အတွက်​ အားအင်​ဖြစ်​မယ့်​လက်​တစ်​စုံဘဲ
ငါတမ်းတမိတယ်
   ငါ့အတွက်​ ဒဏ်​ရာ​ပေးမယ့်​လက်​တစ်​စုံ​တော့ငါမလိုချင်​ဘူး
ဂုဏ်​ဒြပ်​ ​တွေ ပညာ​တွေ ငါ့မှာမရှိ​ပါဘူး
ငါ့မှာရိုးသားဖြူစင်​တဲ့စိတ်​ထား​လေးဘဲရှိတာပါ
     ငါ့ရဲ့အ​တွေးငါ့ရဲ့အိပ်​မက်​ငါ့ရဲ့စိတ်​ကူး
ငါ့ရဲ့ဘဝကိုမင်းပိုင်​စိုးနိုင်​ခဲ့ပါတယ်
ငါ့ကိုအတ္တကြီးတဲ့သူလို့​တော့မစွပ်​စွဲလိုက်​ပါ​နော်
ငါချစ်​ခဲ့တာ မင်းဆီကအချစ်​စစ်​ပါ
တဏှာအချစ်​လဲမဟုတ်​ပါဘူး
ဖြူစင်​လွန်းတဲ့မင်းရဲ့စိတ်​ထားရယ်
နားလည်​​ပေးနိုင်​တဲ့မင်းရဲ့စိတ်​ထား​လေးကအရမ်းကိုလှပတယ်
      ငါ့ရဲ့တစ်​သက်​မှာ
မင်းက အဖိုးတန်​ဆုံးသူပါ
      ကံတရားကိုလဲမယုံကြည်​ချင်​ဘူး
ငါအယုံကြည်​ဆုံးမင်းရဲ့စကား​လေးသာငါအယုံဆုံးပါ
ငါ့ရဲ့မနက်​ခင်းအတွက်​အလင်း​ရောင်​ကမင်းတစ်​​ယောက်​ဘဲရှိ​နေတာပါ.....
Sunday, 1 November 2015
မျှော်​လင့်​ချက်​မနက်​ဖြန်​များ
မျှော်​လင့်​ခြင်း မနက်​ဖြန်​များ 
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ 
အ​ဝေး ....
ငါတို့နှစ်​​ယောက်​ရဲ့ ​ဝေးကွားခြင်းတဲ့ 
ငါ​တွေးကို မ​တွေးမိတဲ့ အဖြစ်​က 
မင်းထွက်​သွားတဲ့ အချိန်​ကစ 
လက်​​တွေ့ ကျကျဖြစ်​လာပြီးတဲ့​နောက်​ .....
အလွမ်း.. ..
တခမ်းတနား ​မျှော်​လင်​မှု​တွေနဲ့ 
ငါ့ အလွမ်း​တွေကို မင်းမှန်းဆမိမှာပါ ....
ချစ်​သူ​ရေ.. .
ပိုင်​ဆိုင်​ခွင့်​မရှိ​တော့မဲ့ မနက်​ဖြန်​မှာ 
မင်းနဲ့ငါက တစ်​​ယောက်​တကမ္ဘာ 
အဲဒီ အဖြစ်​က ....
မျှော်​လင့်​ချက်​ ​တွေကို စ​တေးရ 
ငါတို့က ....
ပျော်​ရွှင်​မှု​တွေနဲ့ ​ဝေးကြရ 
အဲဒီလို ဘဝမှာ မင်းအဆင်​​ပြေပါမလား ....
ပြန်​လာလိမ့်​မယ်​ တမ်းတ ရင်း 
ညနက်​နက်​​တွေကို အ​ဖော်​ပြုရင်း 
စီးဆင်း​နေတဲ့ ငါ့အလွမ်း​တွေထဲမှာ 
မင်း နင်း​လျောက်​ဖို့ 
လမ်းတံတား​တွေ ခင်းမိ .....
ချစ်​သူ​ရေ.. ...
ပျော်​ရွှင်​မှု​တွေ ဆိတ်​သုဉ်းမှ​တော့ 
ဘဝက လှတယ်​လို့ ဆိုလို့ရပါဦးမလား 
ငါ့လက်​​တွေ ဆန့်​တန်းထားပါတယ်​ ....
တကယ်​ပါ 
အ​တွေးနဲ့ နီး​နေရတဲ့ အဖြစ်​က 
မင်းငါ့အနား​ရောက်​လာဖို့ 
တကယ်​ကို ပို​မျှော်​လင့်​မိပါရဲ့......
အဆုံးသတ်​ မဲ့​နေတဲ့ မနက်​ဖြန်​ ​တွေထဲမှာ 
ငါ့​မျှော်​လင့်​မှု​တွေ ပြည့်​လာမယ့်​ တ​နေ့ကိုလဲ 
အခုထိ ​မျှော်​လင့်​မိဆဲပါ ......