ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ပေးသလောက်ပြန်ရမယ်ဆိုရင် ဒီရင်နဲ့မဆံ့ ကမ္ဘာမြေအနှံ သင်းပျံနေလိမ့်မယ် ထင်ပါတယ်....တစ်နွယ်ငင် တစ်ပင်ပျိုးလို့ တစ်ပွင့်တည်းပွင့်တက်တဲ့ ပန်းတစ်မျိုးမှာ ဘာအရောင်မှ မစွန်းထင်းဘဲ ပကတိဖြူစင်တဲ့ မေတ္တာမျိုးနဲ့ ချစ်ခဲ့တာပါ......ချစ်သူအလွမ်းတွေကြောင့် တောက်လောင်နေတဲ့ ရင်ထဲက မီးလျှံတွေကို ဘယ်လိုအရာတွေကများ ငြိမ်းသတ်နိုင်ပါ့မလဲ....အလိုက်သတိ လည်ပတ်နေတဲ့ အချိန်သံသရာထဲ ခြေစုံရပ်ပြီး ငါတို့နှစ်ယောက်တွေဝေနေကြတုန်းဘဲနော်....ချစ်သူ မြူတွေဝေတဲ့ ဆောင်းမနက်ခင်းတစ်ခုကို ငေးကြည့်ရင်း ပြန်မြင်ယောင်မိတာက ပျော်ရွှင်ခဲ့ဖူးတဲ့ အတိတ်ပန်းချီကားလေးတစ်ချပ်ပေါ့....မျှော်လင့်ချက်တွေ ဆိတ်သုန်းပျောက်ကွယ်မသွားသရွေ့တော့ ခံစားချက်တွေ တမြေ့မြေ့ကျွမ်းလောင်ရင်း အိမ်မက်ထဲထိအောင် မင်းကို ယောင်ယမ်းတမ်းတမိနေဦးမှာပါ.......ချစ်သူငါဟာ မရေမရာစီးဆင်းနေတဲ့ မြစ်တစ်စင်းဘဲလား...ချစ်သူ ရင်ခွင်ဆီရောက်အောင် ဘယ်လိုများ စီးဆင်းရပါ့မလဲနော်...ချစ်ခြင်းတွေနဲ့ ထုဆစ်ခဲ့တဲ့ ပုံရိပ်တစ်ခု မှေးမှိန်ပျောက်ကွယ်သွားမှာကိုဘဲ စိုးရိမ်နေခဲ့မိတယ်......ချစ်သူ ရင်ထဲက ခံစားနေရတာတွေကို ချစ်သူမြင်သာအောင် နှင်းတွေလို ဝေပြလို့ ရရင်လဲ အကောင်းသားနော်....ဒါမှ မျိုသိပ်မျှော်လင့်နေသူတစ်ယောက်ရဲ့ ရင်ထဲက ဆန္ဒမှန်သမျှကို မြင်လာမှာ မဟုတ်လား.....ချစ်သူသတိရခြင်းတွေကြောင့် အလွမ်းတွေ ဖြစ်တည်လာတက်သလို အဲ့ဒီ အလွမ်းတွေကြောင့်ဘဲ ရင်ထဲက အချစ်တွေ ပိုပြီး ခိုင်မြဲစေတက်တာပါ......ချစ်သူ ပိုင်ဆိုင်ခွင့်ရဘို့ဆိုတာထက် အချိန်တိုင်း သတိရနေတက်တဲ့ သူတစ်ယောက်ရဲ့ နှလုံးသားကို စာနာပေးပါလား....ချစ်သူတစ်ခါတလေတော့လည်း တွေးကြည့်မိပါတယ်...မဖြစ်နိုင်တဲ့ အရာတွေအပေါ်မှာ အရူးအမူးမျှော်လင့်သလို ဖြစ်နေမလား....လို့ပါနင့်ကို တက်နိုင်သလောက်မေ့ဘို့ ကြိုးစားနေတဲ့ကြားက သတိရနေတက်တဲ့ ငါ့စိတ်ကို ငါလည်း မထိန်းချုပ်နိုင်သေးဘူး.......ချစ်သူငါကတော့ နင့်စိတ်ရဲ့ ခဏတာမှာ မြူတစ်မှုန်စာလောက် ရှိနေရင်တောင် ကျေနပ်နေသူတစ်ယောက်ပါ...ငါ့ နှလုံးသားထဲမှာ တည်မြဲနေတဲ့ နင်နဲ့ပတ်သတ်သမျှအရာတွေကို ချေဖျက်ဖို့ နင့်အချစ်တွေနဲ့မှ ကျေလိမ့်မယ်....ချစ်သူ ဒါပေမဲ့လည်း စိတ်ကရည်စူးရင်း နှုတ်ကပြောခွင့်မရှိတဲ့ ပညတ်ချက်စည်းဘောင်တွေထဲမှာ နေသားတ ကျနေထိုင်ရင်း နင့်အကြောင်းတွေကို ငါ နားစွင့်နေပါရစေတော့.......ငါ့အတွက် အခွင့်အရေးဆိုတာ ရှိနေသေးရင် နင်ကမ်းလာမဲ့ လက်တစ်ဖက်ကို စောင့်မျှော်ရင်း ကမ္ဘာကြီးရဲ့ တစ်နေရာမှာ ငါရှိနေမယ်.......ချစ်သူ
maykhawad
Sunday, 3 September 2017
Thursday, 13 July 2017
ဆုံမယ့်နေ့အတွက်
ငါတို့  တွေ့ရဖို့ အတွက် တရက်ထက်တရက်နေ့ရက်လေးတွေ နီးလာပြီ....ငါတို့  လွမ်းလို့  ကျရတဲ့  မျက်ရည်ကလေးတွေ အဆုံးသတ်ဖို့  အချိန်လေးတွေ နီးလာပြီ...........နင့်ကိုတွေ့ရင် အကောင်းဆုံးဖြစ်အောင် နေဖို့ ပြင်ဆင်တက်လာပြီ.....နင်နဲ့ တွေ့ရင် ငါဘယ်လောက်ချစ်တာ ပြောပြဖို့ စကားလုံးတွေ စာစီတက်လာပြီ.........နင်နဲ့ ဆုံရင် ဘယ်နေရာမဆို အတူတူလျှောက်သွားကျမယ်လို့ စိတ်ကူးတက်လာပြီနင်နဲ့ ဆိုရင် နေရာတော်တော်များများ လျှောက်သွားကြမယ်လို့ မျှော်လင့်တက်လာပြီဆန်းတော့  ဆန်းသားတခါမှ အပြင်မှာ မဆုံဖူးတဲ့  ချစ်သူကိုတဘ၀လုံး အတွက်ရွေးချယ်ပြင်ဆင်ထားခဲ့ မိတာ .....ငါမှားလားချစ်သူ...............မဟုတ်ဘူး...အချစ်မှာ မျက်စေ့မရှိဘူးဆိုတာ နင့်ကို ချစ်ပြီးမှ ငါ ယုံကြည်ခဲ့ မိတာပါဟာ..... L
Monday, 3 July 2017
နင်သာရှိရင်
နင်သာ နားထောင်ပေးမယ်ဆိုပြောချင်တဲ့စကားလုံးတွေရင်ဘက်ထဲမှာ အပြည့်ရှိတယ်......နင်သာ အကြောင်းအရာတွေနားလည်ပေးမယ်ဆိုရှင်းပြချင်တဲ့ စကားလုံးတွေရင်ဘက်ထဲမှာ အပြည့်ရှိတယ်.......နင်သာ စာနာမှူနဲ့  ပြန်ချစ်မယ်ဆိုပေးဆပ်စရာ အချစ်တွေရင်ဘက်ထဲမှာ အပြည့်ရှိတယ်......နင်သာ ပြန်လာခဲ့မယ်ဆိုအရှုံးပေးစရာနဲ့ ရင်ဘက်ထဲမှာခွင့်လွတ်ကြင်နာခြင်းတွေ အပြည့်ရှိတယ်.....ရင်ဘတ်ထဲမှာတော့  နင့်အတွက် နေရာအပြည့်ပါပဲ ချစ်သူ
Saturday, 1 July 2017
တောင်းစရာမလိုဘဲရတဲ့ဆု
တောင်းစရာမလိုပဲရတဲ့
နားလည်မှုလေးကိုငါမြတ်နိုးတယ်••••••
မျှော်လင့်စရာမလိုပဲရတဲ့
သစ္စာရှိမှုကိုငါတန်ဖိုးထားတယ်••••••
စောင့်ဆိုင်းစရာမလိုတဲ့
ဂရုစိုက်မှုကိုငါလိုချင်တယ်••••••
ငါဘာကိုမှမမက်မောပါဘူး
သံသယရှိစရာမလိုတဲ့
ခိုင်မြဲတဲ့ယုံကြည်မှုလေးကိုပဲ
နောက်ဆုံးမျှော်လင့်မိတယ်•••••
မျှော်လင့်ချက်မဲ့
မျှော်လင့်ချက်တွေနဲ့ဆိတ်သုန်ပျောက်ကွယ်ခဲ့ရတဲ့
မေတ္တာတွေ နားလည်မှုတွေယုံကြည်မှုတွေ
ကြာလေဖြည်းဖြည်းပျောက်ကွယ်နေပီပေါ့
ဟန်ဆောင်စကားလုံးတွေနဲ့တော့နှစ်သိမ့်ခြင်းတွေငါမလိုချင်တော့ဘူး
ငါ့ချစ်တာငါမြတ်နိုးတာသည်မင်းရဲ့နှလုံးသားပါ
အခုတော့ငါ့မင်းအတွက် မရှိနိုင်တဲ့သူတစ်ယောက်အဖြစ်နဲ့ထားခဲ့ပီးပေါ့
နေနိုင်တယ်လို့တော့ပြောဖို့ငါ့မှာအားအင်းမရှိတော့
အလွမ်းတွေသတိရခြင်းတွေချစ်ခြင်းတွေနဲ့
မင်းဘဝအေးချမ်းသာယာပါစေဆိုပီးဆုတွေတောင်းခြွေတယ်
😚😚😚😚😚😚😜😜😜
Tuesday, 27 June 2017
မင်းမသိတဲ့အချစ်
မင်မြင်ခြင်း ချစ်မိခဲ့တဲ့
ကာရံမညီသော ရင်ခုန်သံဟာ
ငါ့အတွက် မျက်ရည်ကျဖို့ အဖွင့်တေးသွာလား ... ?
Tampo မြန်လွန်းပါတယ် ချစ်သူ ..... ။
ငါ -
နင့်ကို ဘယ်လောက်ထိ ချစ်လဲ ... ဆိုတာ
-ငါကိုယ်တိုင်မသိသော
-နင် နားမလည်နိုင်သော
-မေးခွန်းနဲ့တူသော
ငါ့ရင်ထဲက အချစ်ရဲ့ပမာဏပါ ..... ။
ချစ်လွန်းလို့
ရှေ့ရေးကို မင်းအတွက်တွေးပြီး
ချစ်တယ်လို့တောင် ဖွင့်ဟပြောမထွက်ခဲ့သူပါ ..... ။
နင် -
တကယ်မသိဘူးနော် ...
လဆန်း-လပြည့်-လကွယ်-
ဘယ်နေ့ညကများ
အထီးကျန် လွမ်းဆွတ်မှုနဲ့ ကင်းလွတ်ခွင့်ရခဲ့သလဲ ... လို့
သန်းခေါင်ယံညရဲ့လမ်းပေါ်
အငိုတိတ်တော့မှ ကိုယ့်ကိုယ်ကို ပြန်းမေးမိတယ်
ဘဝတစ်ခုလုံး ပုံအောခဲ့ပြီးပြီပဲ ....
( ဘာ့ကြောင့်များ )
စက္ကန့်နဲ့အမျှ အရစ်ကျ ပေးဆပ်ချင်နေသေးရတာလဲ
Tuesday, 20 June 2017
ခပ်ဝေးဝေးအချစ်
ခပ်ဝေးဝေးကချစ်လည်း အချစ်ပဲ
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မင်းမှာ တခုခုပြောစရာရှိနေတယ်မလား...?
ဒါဆို ပြောလေ ငါနားထောင်ပေးမှာပေါ့
မင်းသိပ်ချစ်တဲ့ ချစ်သူအကြောင်းပဲမလား
ဘာလဲ ထပ်နာကျင်ရပြန်ပြီလား
သူလျစ်လျှူရှုတာထပ်ခံစားနေပြန်ပြီလား စိတ်မကောင်းမဖြစ်ပါနဲ့ အဲဒါအတွက်မခံစားပါနဲ့
အချစ်ဆိုတာ အသွားအပြန်မရှိဘူးနော် ကိုယ့်ဖက်ကပဲသွားခိုင်းပါ အပြန်ဆိုတာကိုမမျှော်လင့်ပါနဲ့ မေတ္တာမှန်ရင်ရောင်ပြန်တယ်ဆိုတဲ့စကားကို သိပ်အားမကိုးပါနဲ့ ခံစားရလိမ့်မယ်
ဒီမှာ...
တစုံတယောက်ကိုချစ်တယ်ဆိုတာ
ချစ်နေဖို့ပဲလိုတယ် ပိုင်ဆိုင်ခြင်း ရယူလိုခြင်း
တပ်မက်ခြင်းတွေခဏမေ့ထား
အဲဒါတွေက ပူလောင်တယ်
ဒီအတိုင်းရပ်နေလိုက် သူ့ကိုသိပ်ချစ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာရပ်နေလိုက်
ပိုင်ဆိုင်ခွင့်ဆိုတဲ့ခေါင်းစဉ်ဆီကို
ဆက်မတိုးနဲ့တော့ မသွားချင်နဲ့
အဲဒါက အချစ်သက်သက်မဟုတ်တော့ဘူး အတ္တတွေပါလာပြီ ပူလောင်မှုတွေပါလာပြီ
သိလား
တကယ်တော့ အချစ်ဆိုတာသိပ်လှတယ် အေးချမ်းတယ် နွေးထွေးတယ် တစုံတယောက်ကိုချစ်တယ်ဆိုတဲ့စိတ်နဲ့တင် ရင်ဘတ်ထဲလှိုက်ခနဲနွေးထွေးသွားစေတယ် ခံစားဖူးတယ်မလား ဘယ်လောက်အေးချမ်းသလဲ
ချစ်မိတိုင်းဖူးစာမဟုတ်ဘူး
ဒါကြောင့် ရယူဖို့မကြိုးစားပါနဲ့ ဒီအတိုင်း ရိုးရိုးလေးချစ်နေလိုက်ပါ ဖူးစာသာဖြစ်ခဲ့ရင် မချစ်မိပဲနဲ့လည်း ပိုင်ဆိုင်ရလိမ့်မယ်
ဒါကြောင့်
မခံစားပါနဲ့ သူ့ဥပေက္ခာတွေ လျစ်လျှူရှုမှုတွေကိုမေ့ထားပါ ဒီအတိုင်းကိုယ့်ဖက်က ချစ်နေလိုက်ပါ "မချစ်နဲ့" လို့တော့ မတားဘူး
ငါတို့အားလုံးအချစ်နဲ့လွတ်ကင်းတဲ့သူမှမရှိတာ
မင်းသတိမထားမိသေးတဲ့ အချက်တချက်ရှိသေးတယ်
အဲဒါက "ခပ်ဝေးဝေးကချစ်လည်း အချစ်ပဲ" ဘာမှမပြောင်းလဲပါဘူး..