Thursday, 13 July 2017

ဆုံမယ့်နေ့အတွက်

ငါတို့  တွေ့ရဖို့ အတွက် တရက်ထက်တရက်နေ့ရက်လေးတွေ နီးလာပြီ....ငါတို့  လွမ်းလို့  ကျရတဲ့  မျက်ရည်ကလေးတွေ အဆုံးသတ်ဖို့  အချိန်လေးတွေ နီးလာပြီ...........နင့်ကိုတွေ့ရင် အကောင်းဆုံးဖြစ်အောင် နေဖို့ ပြင်ဆင်တက်လာပြီ.....နင်နဲ့ တွေ့ရင် ငါဘယ်လောက်ချစ်တာ ပြောပြဖို့ စကားလုံးတွေ စာစီတက်လာပြီ.........နင်နဲ့ ဆုံရင်  ဘယ်နေရာမဆို အတူတူလျှောက်သွားကျမယ်လို့ စိတ်ကူးတက်လာပြီနင်နဲ့ ဆိုရင် နေရာတော်တော်များများ လျှောက်သွားကြမယ်လို့ မျှော်လင့်တက်လာပြီဆန်းတော့  ဆန်းသားတခါမှ အပြင်မှာ မဆုံဖူးတဲ့  ချစ်သူကိုတဘ၀လုံး အတွက်ရွေးချယ်ပြင်ဆင်ထားခဲ့ မိတာ .....ငါမှားလားချစ်သူ...............မဟုတ်ဘူး...အချစ်မှာ မျက်စေ့မရှိဘူးဆိုတာ နင့်ကို ချစ်ပြီးမှ ငါ ယုံကြည်ခဲ့ မိတာပါဟာ.....                                                                                        L

Monday, 3 July 2017

နင်သာရှိရင်

နင်သာ နားထောင်ပေးမယ်ဆိုပြောချင်တဲ့စကားလုံးတွေရင်ဘက်ထဲမှာ အပြည့်ရှိတယ်......နင်သာ အကြောင်းအရာတွေနားလည်ပေးမယ်ဆိုရှင်းပြချင်တဲ့ စကားလုံးတွေရင်ဘက်ထဲမှာ အပြည့်ရှိတယ်.......နင်သာ စာနာမှူနဲ့  ပြန်ချစ်မယ်ဆိုပေးဆပ်စရာ အချစ်တွေရင်ဘက်ထဲမှာ အပြည့်ရှိတယ်......နင်သာ ပြန်လာခဲ့မယ်ဆိုအရှုံးပေးစရာနဲ့ ရင်ဘက်ထဲမှာခွင့်လွတ်ကြင်နာခြင်းတွေ အပြည့်ရှိတယ်.....ရင်ဘတ်ထဲမှာတော့  နင့်အတွက် နေရာအပြည့်ပါပဲ ချစ်သူ

Saturday, 1 July 2017

တောင်းစရာမလိုဘဲရတဲ့ဆု

တောင်းစရာမလိုပဲရတဲ့
နားလည်မှုလေးကိုငါမြတ်နိုးတယ်••••••

မျှော်လင့်စရာမလိုပဲရတဲ့
သစ္စာရှိမှုကိုငါတန်ဖိုးထားတယ်••••••

စောင့်ဆိုင်းစရာမလိုတဲ့
ဂရုစိုက်မှုကိုငါလိုချင်တယ်••••••

ငါဘာကိုမှမမက်မောပါဘူး
သံသယရှိစရာမလိုတဲ့
ခိုင်မြဲတဲ့ယုံကြည်မှုလေးကိုပဲ
နောက်ဆုံးမျှော်လင့်မိတယ်•••••

မျှော်လင့်ချက်မဲ့

မျှော်လင့်ချက်တွေနဲ့ဆိတ်သုန်ပျောက်ကွယ်ခဲ့ရတဲ့
မေတ္တာတွေ နားလည်မှုတွေယုံကြည်မှုတွေ
ကြာလေဖြည်းဖြည်းပျောက်ကွယ်နေပီပေါ့
ဟန်ဆောင်စကားလုံးတွေနဲ့တော့နှစ်သိမ့်ခြင်းတွေငါမလိုချင်တော့ဘူး

   ငါ့ချစ်တာငါမြတ်နိုးတာသည်မင်းရဲ့နှလုံးသားပါ

အခုတော့ငါ့မင်းအတွက်  မရှိနိုင်တဲ့သူတစ်ယောက်အဖြစ်နဲ့ထားခဲ့ပီးပေါ့

   နေနိုင်တယ်လို့တော့ပြောဖို့ငါ့မှာအားအင်းမရှိတော့

   အလွမ်းတွေသတိရခြင်းတွေချစ်ခြင်းတွေနဲ့
မင်းဘဝအေးချမ်းသာယာပါစေဆိုပီးဆုတွေတောင်းခြွေတယ်
           😚😚😚😚😚😚😜😜😜