Sunday, 30 October 2016

နာရီလိုအချစ်

ငါ့အတွက်အချစ်ဆိုတာ
စက္ကန့်တိုင်းကို
အရေးပါနေခဲ့တယ်

ငါ့အတွက်အချစ်ဆိုတာ
စက္ကန့်ခြောက်ဆယ်မှာ
အသဲထက်ကျောက်စာမှာ
ကမ္ဗည်းတင်ထားခဲ့တယ်

ငါ့အတွက်အချစ်ဆိုတာ
တစ်မိနစ်တောင်
မလစ်ဟင်းအောင်
ဂရုစိုက်နေခဲ့ရတယ်

ငါ့အတွက်အချစ်ဆိုတာ
မိနစ်ခြောက်ဆယ်အတွင်း
တဖျစ်ဖျစ်တောက်လောင်ရင်း
ပူပန်နေခဲ့ရတယ်

ငါ့အတွက်ချစ်ဆိုတာ
တစ်နာရီပျော်ရဖို့အရေး
နှစ်ဆယ့်သုံးနာရီ
နာကျင်ခဲ့ရတယ်

ငါ့အတွက်အချစ်ဆိုတာ
နှစ်ဆယ့်လေးနာရီလုံး
အလွမ်းတွေဖုံးနေခဲ့တယ်။

မူပိုင် = နှင်းဆီနက်

No comments:

Post a Comment