င့ါရဲ့ ဘ၀ထဲမှာပျော်ရွှင်မှု့တွေပျောက်ဆုံးနေခဲ့တယ်အချိန်ကြာခဲ့ပြီပေါ့ အလွမ်းတွေကိုရင်မှာပိုက်ပြီးဆွေးကျန်နေခဲ့ရတဲ့ဘ၀လေးတစ်ခုပါသောကမုန်တိုင်းတွေရဲ့ဒဏ်ကို လူးလွန့်စွာခံစားရင်းနဲ့အသက်ကိုရှင်သန်နေခဲ့ရတယ် မင်းယုံချင်မှလည်းယုံမှာပါငါဟာမင်းကိုတစ်ရက်မှမေ့လို့မရခဲ့ဘူး မင်းနဲ့အတူ ဆုံတွေ့ခဲ့တဲ့ ချိန်လေးကိုရောက်တိုင်းပဲ ငါ့နှလုံးသားဟာမင်းကိုတမ်းတနေခဲ့မိတယ်မင်းကတော့ငါ့ကိုဥပေက္ခာပြုထားရက်တယ်နော်ငါမင်းကိုမုန်းမေ့လို့မရခဲ့ပါဘူး ပြန်မလာနိုင်တော့မှန်းသိနေပေမဲ့ မင်းပြန်လာမဲ့အချိန်လေးကိုငါလက်ချိုးပြီးစောင့်ကြိုနေခဲ့မိတယ် အခုအချိန်မှာ ငါဟာမျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ ပျောက်ဆုံးပျက်ဆီးခဲ့ပေမဲ့မင်းတစ်ယောက်တည်းကိုပဲ တမ်းတနေခဲ့မိတယ်ဖြူစင်စွာချစ်ခဲ့တဲ့ ငါ့နှလုံးသားတစ်နေရာလောက်ကိုမင်းခဏလောက်ပဲဖြစ်ဖြစ် ၀င်ကြည့်ပေးလို့ရမယ်ဆိုရင်ဝင်ကြည့်ပေးပါလား ဘယ်လိုအခြေအနေမှာပဲရောက်ရောက်မင်းကို ငါ့နှလုံးသားက မျှော်လင့်စွာ စောင့်မျှော်နေဆဲပါ...
No comments:
Post a Comment