Thursday, 21 July 2016

မျှော်​လင့်​ခြင်းသစ္စာ

င့ါရဲ့ ဘ၀ထဲမှာပျော်ရွှင်မှု့တွေပျောက်ဆုံးနေခဲ့တယ်အချိန်ကြာခဲ့ပြီပေါ့ အလွမ်းတွေကိုရင်မှာပိုက်ပြီးဆွေးကျန်နေခဲ့ရတဲ့ဘ၀လေးတစ်ခုပါသောကမုန်တိုင်းတွေရဲ့ဒဏ်ကို လူးလွန့်စွာခံစားရင်းနဲ့အသက်ကိုရှင်သန်နေခဲ့ရတယ် မင်းယုံချင်မှလည်းယုံမှာပါငါဟာမင်းကိုတစ်ရက်မှမေ့လို့မရခဲ့ဘူး မင်းနဲ့အတူ ဆုံတွေ့ခဲ့တဲ့ ချိန်လေးကိုရောက်တိုင်းပဲ ငါ့နှလုံးသားဟာမင်းကိုတမ်းတနေခဲ့မိတယ်မင်းကတော့ငါ့ကိုဥပေက္ခာပြုထားရက်တယ်နော်ငါမင်းကိုမုန်းမေ့လို့မရခဲ့ပါဘူး ပြန်မလာနိုင်တော့မှန်းသိနေပေမဲ့ မင်းပြန်လာမဲ့အချိန်လေးကိုငါလက်ချိုးပြီးစောင့်ကြိုနေခဲ့မိတယ် အခုအချိန်မှာ ငါဟာမျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ ပျောက်ဆုံးပျက်ဆီးခဲ့ပေမဲ့မင်းတစ်ယောက်တည်းကိုပဲ တမ်းတနေခဲ့မိတယ်ဖြူစင်စွာချစ်ခဲ့တဲ့ ငါ့နှလုံးသားတစ်နေရာလောက်ကိုမင်းခဏလောက်ပဲဖြစ်ဖြစ် ၀င်ကြည့်ပေးလို့ရမယ်ဆိုရင်ဝင်ကြည့်ပေးပါလား ဘယ်လိုအခြေအနေမှာပဲရောက်ရောက်မင်းကို ငါ့နှလုံးသားက မျှော်လင့်စွာ စောင့်မျှော်နေဆဲပါ...

Monday, 18 July 2016

မခွဲ​ကြေး

ကောင်မလေးရေ....
ချစ်သူဖြစ်တဲ့နေကစပြီး
အမျိုးသားနဲ့အမျိုးသမီး
ဖေဖေ မေမေ
ဘိုးဘိုး ဖွားဖွား
ဆံဖြူသွားကျိုး
နာလေထိုးနေပါစေ....
နှစ်ပေါင်း၁၀၀ တိုင်စေ.....
အချစ်မပြယ်ကြေး 
တို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်း
ပန်းခင်းလမ်းလို မဖြောင့်ဖြူးခဲ့ရင်
ဆူခင်းလမ်း ဘဝခရီးကြမ်းကို
ဖြတ်လျှောက်တဲ့အခါ
လက်တွဲမဖြုတ်ကြေး
မိဘဆွေမျိုး ညီကိုမောင်နှစ်မများ
ပိတ်ပင်တားမြစ်မှုရှိခဲ့ရင်လဲ ဘာအကြောင်းကြောင့်မှ
ငါ့ကိုပစ်သွားကြေး
ပတ်ဝန်းကျင်ရဲ့
အတင်းအဖျင်းစကားတွေကြားထဲမှာ
တစ်ဦးကိုတစ်ဦး မမုန်းကြေး
ဘယ်သူတွေ ဘာပြောပြော မယုံကြေး
ဘယ်သူတွေ ဘယ်လိုခွဲခွဲ မခွဲကြေး
အတာအဆီးတွေ
ဘယ်လိုပဲရှိရှိမကြောက်ကြေး
ဝမ်းနည်းစရာဘယ်လိုပဲကြုံကြုံ မျက်ရည်မကျကြေး
အတာအဆီးတွေ အခက်အခဲတွေ
အန္တာရာယ်တွေ ဝမ်းနည်းစရာတွေ
ဘယ်လိုပဲရှိရှိ
နောက်ဆုံးပေါင်းဖက်ကြမယ့်သူဟာ
ငါတို့နှစ်ယောက်ပဲဖြစ်ပါစေ.....
ကောင်မလေးရယ်....

လွမ်းသူ့မျက်​ရည်​ချစ်​သက်​​သေ

လွမ်းသူ့မျက်ရည် မင်းသိစေ.....

သူလာလေမလား ငေးမောစွာနဲ့
မျှော်လင့်နေရ ငါ့ဘဝ
ပန်းတွေလည်းငို တိမ်းလည်းပြိုလို့ 
ငါသည်လည်းငို တွေးစိတ်ပိုကာ
မျက်ရည်မိုးများ ရွာခဲ့ပြီ.....
ဆွေးမြေ့သံစဉ် တီးခတ်ရင်းနဲ့
ရင်မှာလည်းနွမ်း အကြွေပန်းလို
ဝေစွာကြွေရစ် ရင်တွင်းသစ္စာ
ချစ်မေတ္တာ၏ ကြွေးကျော်သံများ
မင်းကြားနိုင်ပါ့မလား ချစ်သူရယ်

အချစ်​ဆိုတာ

သူသိပါစေ  မပန်လိုပါ
ပန်းလိပ်ပြာရယ်
ပန်းဥယျာဉ်မှာ  နင်ပျော်ပါစေ
ငါဆုချွေလျက် ........
ကြုံသာကြုံ မဆုံသောလမ်းမို့     

ကံဇာတ်ဆရာကိုလည်း  အပြစ်မဖွဲ့လိုပါ။ 

ကြိုးဆွဲတိုင်း   ကပြတတ်တဲ့ 
ရုပ်သေးရုပ်လည်း  မဟုတ်ပါ။
ဥယျာဉ်ဆိုတာ 
လူတွေကိုရှုချင်ဖွယ် ဖြစ်အောင်ဖန်ဆင်း      

ထားတဲ့ရှုခင်းတစ်ခုပါ    

 အလှတွေဝေဆာ     နေတဲ့ပန်းပွင့်ကို  

ခူးပိုင်ခွင့်မရှိသလို       

အချစ်ဆိုတဲ့  ဥယျာဉ်မှာလဲ 
ဥပမာန  ဥပေမယ်  
ဥပမာဇောတကတွေနဲ့ 
ဘယ်လိုပဲဖွဲ့ဆိုဖွဲ့ဆို
ဝင်္ကဝုတ္တိလို 
အကောက်အကွေ့
တွေနှင့်ဘယ်လိုပဲရေးရေး
အချစ်ဆိုတာ  ခါးသီးခြင်းနဲ့ 
ချိုမြိန်ခြင်းပါပဲ သစ္စာနဲ့မေတ္တာ 
ပေါင်းစပ်မှုမရှိရင်  ခါးသီးခြင်းဖြစ်မယ်

ညီမျှမှုတူညီမှုရှိရင် ချိုမြိန်ခြင်းတဲ့ကွယ်  ။

Saturday, 16 July 2016

ပွင့်​လန်း​နေဆဲပါ

နင်မမြင်နိုင်ပေမယ့်
နင်မြင်နိုင်မယ့်နေရာတိုင်းမှာငါရှိနေတယ်
နင့်ကိုပြောမပြနိုင်တဲ့
ငါမက်တဲ့အိပ်မက်တိုင်းမှာ
နင်အမြဲပါတယ်
နင်မကြားနိုင်တဲ့
ငါဆိုတဲ့သီချင်းတိုင်း
နင့်ကိုရည်ရွယ်တယ်
နင်မဖတ်ချင်တဲ့
ငါရေးတဲ့ကဗျာ တိုင်းနင်ကိုခံစားတယ်
နင်မဖတ်တတ်တဲ့
ငါ့မျက်နှာပေါ်ကအပြုံးတွေ
နင့်ကြောင့်သေဆုံးကုန်တယ်
ဒါပေမယ့်
နင်မလိုချင်တဲ့
ငါ့နှလုံးသားပွင့်တဲ့ပန်း
နင်ခူးမယ့်အချိန်ထိ
ရာသီတိုင်းပွင့်နေမယ်.....အချစ်ရယ်

Monday, 11 July 2016

မင်းရင်​ထဲမှာငါ့ကိုရှိ​နေ​ပေးပါ

သတိရတဲ့စိတ်​ လွမ်းတဲ့စိတ်​ တမ်းတ​နေမိတဲ့ငါ့နှလုံးသားရဲ့လွမ်း​မောခြင်း​တွေကို
မင်းရဲ့ ချစ်​ခြင်း​တွေနဲ့​ဖြေသိမ့်​ခွင့်​​လေး​ပေးပါ

အကြိမ်​ကြိမ်​​တောင်းဆိုချင်​​ပေမယ့်
တစ်​ကြိမ်​တစ်​ခါ​လောက်​​တော့မင်းရဲ့အချစ်​​တွေ​မေတ္တာ​တွေနဲ့
ငါ့ကို​နွေး​ထွေးခွင့်​​ပေး​ပါ​နော်​ ချစ်​သူ...

ဆုံ​တွေ့​ခွင့်​​စကား​ပြောခွင့်​​တွေအရင်​လို​ပြောခွင့်​မရ​ပေမယ့်
ငါ့နှလုံးသားမှာချည်​​နှောင်​ထားတဲ့သံ​ယောဇဉ်​ချစ်​ခြင်း​မေတ္တာ​တွေအမြဲရှင်​သန်​ဖူးပွင့်​​စေခဲ့ပါတယ်

နီးစပ်​ဖို့ခဏ​လေးမ​တွေ့ရ​ပေမယ့်
မင်းရဲ့ရင်​ထဲမှာငါကိုရှိ​နေ​ပေးပါ​နော်
ငါ့ရင်​ထဲမှာမင်း​တစ်​​ယောက်​တည်းထာဝရရှိ​နေပါတယ်​ဆိုတာယုံကြည်​​ပေးပါချစ်​သူရယ်​...

ငါနင့်​ကိုအရမ်းလွမ်း​နေပီ....