Thursday, 30 June 2016

မျှော်​လင့်​ချက်​တစ်​စုံတစ်​ရာ

  ချစ်​သူရယ်​...အချိန်​​တွေ နှစ်​လရက်​​တွေတိုင်း
မင်းအ​ပေါ်မှာ​ပြောင်းလဲခြင်းမရှိတဲ့
အချစ်​​တွေနဲ့ ငါသစ္စာရှိစွာချစ်​​နေတာပါ...
အတူတူ​တွေ့ဆုံခွင့်စကား​ပြောခွင့်​မရခဲ့​ပေမယ့်
အချိန်​တိုင်းချစ်​တဲ့စိတ်​​လေးနဲ့အမြဲမင်းအ​ပေါ်မှာသတိရခြင်းနဲ့ငါ​စောင့်​​မျှော်​​နေခဲ့ရပါတယ်​...

တကယ်​​တော့ငါကအချစ်​ငံ့​နေသူတစ်​​ယောက်​ပါဟာ..မင်းဆီကချစ်ခြင်း​မေတ္တာ​တွေကို

ငါအရမ်းတမ်းတမိတာ​ပါ..
တစ်​ခါခါမင်းငါ့ကိုဥ​ပေက္ခာ​တွေ​ပေးထားသလိုခံစားမိခဲ့ပါတယ်

ငါတို့​တွေ အဆင့်​အတန်းမတူညီမှူ​တွေနဲ့
ငါအရမ်းစိတ်​ပင်​ပန်းခဲ့ရပါတယ်
ငါ့အ​ပေါ်ချစ်​​ပေးတဲ့အတွက်​ငါအရမ်း​ပျော်​ရွင်​ခဲ့ပါတယ်​ဟာ..

မင်းရဲ့အသံမင်းရဲ့မျက်​နာ​လေးကိုငါအရမ်းမြင်​​တွေ့ချင်​တာ

ငါအရမ်းချစ်​ရတဲ့နတ်​သမီး​လေး
ငါ့ကိုထားသွားခဲ့မှာငါ့ကိုမုန်းတီးသွားမှာ
ငါ့ကို​မေ့သွားမှာကို
ငါအရမ်း​ကြောက်​ဆုံးပါ...

ငါ​ပြောမှားမိတဲ့စကား​တွေဟာတစ်​ကယ်​​တော့
ငါမင်းဆီးကအချစ်​​တွေ​မေတ္တာ​တွေကိုငါအရမ်းတမ်းတ​နေတာ​တွေများလွန်းလို့ဖြစ်​သွားမိတာပါဟာ.
ငါ့ကိုနားလည်​​ပေးနိုင်​မယ်​လို့ယူဆပါတယ်

ငါအတွက်​မင်းအချစ်​က ထာဝရအတွက်​အားအင်​ပါ

ငါအချစ်​​တွေငါရဲ့နှလုံးသားတစ်​စုံ​တွေဟာ
မင်းအတွက်​တစ်​​ယောက်​ထဲအပြီးပိုင်​​ပေးထားပြီးပါပြီ
ငါ့ဘဝမှာမင်းမရှိရင်
ငါလဲမရှိ​တော့ပါဘူးဟာ..

   ငါအရမ်းဝမ်း​နည်းငို​ကြွေးရပါတယ်
မင်းကိုငါစိတ်​ညစ်​​အောင်​လုပ်​မိတာ​တွေအတွက်​ငါအရမ်း​တောင်းပန်​ပါတယ်
ခွင့်​မလွတ်​နိုင်​​ပေမယ့်​ဟာ...

မင်းအတွက်​ငါအ​ကောင်းဆုံးသူုဖြစ်​​အောင်​ငါကြိုးစားသွားမှာပါဟာ
မင်းကိုကတိ​ပေးပါတယ်​ ချစ်​သူရယ်​...

ငါ့အနား​လေးကဘယ်​မှမသွားပါနဲ့​နော်​...

အရမ်းချစ်​တယ်​...pytkk

No comments:

Post a Comment