Sunday, 17 April 2016

သင်္ကြန်​ နဲ့အလွမ်း

နှစ်​သစ်​ကူး​ရောက်​တိုင်း

ငါတမ်းတ​မျှော်​လင့်​ချက်​နဲ့ငါတို့​တွေနှစ်​သစ်​မှာဆုံ​တွေ့ချင်​တာ

ကံကြမ္မာ​တွေကငါတို့နှစ်​​ယောက်​ကိုဆုံခွင့်​​လေး​တောင်​မ​ပေးနိုင်​ဘူး

ငါတစ်​​ယောက်​ထဲအ​ဝေးမှာမှန်း​မျှော်​ရင်း
ဆုံနိုင်​မယ့်​ရက်​​တွေကို​စောင့်​​နေမိတယ်

ငါ့အတွက်​အ​ပျော်​ဆိုတာ​တွေနဲ့​ဝေး​နေရတယ်

ငါ့ဘဝငါ့အနာဂါတ်​​တွေပြီးပြည့်​မစုံ​သေးလို့လား

ငါချစ်​တဲ့နင့်​ကိုတစ်​​နေ့တစ်​ရက်​မှငါမ​မေ့နိုင်​ပါဘူး

နင်​​နေ​ကောင်းရဲ့လားနင်​အဆင်​​ပြေရဲ့လားနင်​​ပျော်​​နေရဲ့လားငါ​လေအမြဲ​တွေးပူမိတယ်

ငါ့ကိုငါ​တောင်​ဘာဘဲဖြစ်​ဖြစ်​နင့်​အ​ပေါ်​လောက်​ငါ့ကိုယ်​ငါ​တောင်​ဂရုမစိုက်​ခဲ့ဘူးဟာ..

ငါ​နေမ​ကောင်းဖြစ်​​နေ​ပေမယ့်​နင်​စိတ်​ပူ​နေမှာစိုးလို့ငါဘာတစ်​ခုမှဖွင့်​မ​ပြောဘူး

ငါအဆင်​​ပြေပါတယ်​ချစ်​သူ

ငါတို့​တွေခုအရမ်းကို​ဝေး​နေရသလိုခံစားရတယ်

နင်​က​ရောငါ့ကိုအရင်​လိုချစ်​နိုင်​​သေးရဲ့လား

ငါ့ကိုစိတ်​ပျက်​သွားပြီလားချစ်​သူ

ငါ​လေနင့်​ကိုထာဝရအတွက်​ချစ်​​နေမှာပါ
ဘယ်ဆီဘယ်​​နေရာဘဲ​ရောက်​​ရောက်
နင့်​အ​ပေါ်မှာငါသစ္စာရှိစွာချစ်​​နေမှာပါ

အ​ခြေအ​နေမတူတဲ့ငါတို့ကြားမှာ

ခွဲခွာခြင်း​တွေက​တော့ရှိ​နေမှာပါ
ငါက​တော့ခံနိုင်​ရည်​ရှိ​နေ​ပေမယ့်​နင့်​ကိုငါငါ့အတွက်​နဲ့မခံစား​စေချင်​ဘူးနငိ့ကိုငါ​ပျော်​ရွင်​​စေချင်​တာပါ

ငါဆု​တောင်း​ပေးပါတယ်
နှစ်​သစ်​မှာလူသစ်​စိတ်​သစ်​နဲ့ထာဝရတစ်​သက်​တာ​ပျော်​ရွင်​ချမ်း​မြေ့နိုင်​ပါ​စေလို့ငါဆု​တောင်း​ပေးပါတယ်​ချစ်​သူ

နင့်​ကိုငါအရမ်းချစ်​တယ်​...

No comments:

Post a Comment