Tuesday, 23 February 2016

မျှော်​လင့်​ချက်​ရဲ့အရိပ်

အခြေနေရယ် ဂုဏ်ပကာသနတွေရယ်ကြောင့်
ငါတို့နှစ်ဦး ချစ်ရက်နဲ့ဝေး
လွမ်းလျက်နဲ့ ဝေးရတော့မယ် ...

သက်မဲ့အရာဝတ္ထုတွေက
ဒီလောက်ထိပဲ တန်ဖိုးရှိခဲ့လေသလား ...
ငါတို့နှစ်ယောက်ကို တစ်နေရာစီခွဲ
ငိုကြွေးစေဖို့ ဖန်းတီးနိုင်ခဲ့သလား ...

ငါ တွေးမမီခဲ့ပါဘူး
ဥာဏ်မမီခဲ့ဘူးလို့ပဲ ထင်ချင်ထင်ပေါ့
ငါ သိခဲ့ မြင်ခဲ့ ကြားသိခဲ့တာ
မင်းရဲ့အသံ မင်းရဲ့ အပြုံး တွေမို့ လေ ..

ကဗျာဆန်ဆန် ချစ်အိမ်တစ်ခုမှာ
အတူပျော်ဖို့ ငါတွေးခဲ့ပေမယ့်
မိုးနဲ့မြေပမာ ကွားခြားတယ်ဆိုတဲ့
ရွှေငွေဥစ္စာ သိက္ခာတွေကြောင့်
လက်ချင်းကိုတွဲ မခွဲရက်လဲ ကျောခိုင်းမိပြီ။

မင်းဘ၀ နေ လို လင်းလို့ ပန်း လို လှစေဖို့
ငါ့ကို ငါ စတေး မင်းနဲ့ အနီးဆုံးမှာ
ကျောချင်းကပ်လို့ ငါ ရှိနေပါ့မယ်..

၃ နဲ့ ၄ လို မနေပါနဲ့လို့
ငါ အကြိမ်ကြိမ်ဆိုခဲ့ပေမယ့်
ခုတော့ ချစ်သူရယ် ....
ငါ့ကို နားလည်ပေးနိုင်ပါစေတော့...

လွမ်းဆု​လေး.....

No comments:

Post a Comment