Tuesday, 23 February 2016

မျှော်​လင့်​ချက်​ရဲ့အရိပ်

အခြေနေရယ် ဂုဏ်ပကာသနတွေရယ်ကြောင့်
ငါတို့နှစ်ဦး ချစ်ရက်နဲ့ဝေး
လွမ်းလျက်နဲ့ ဝေးရတော့မယ် ...

သက်မဲ့အရာဝတ္ထုတွေက
ဒီလောက်ထိပဲ တန်ဖိုးရှိခဲ့လေသလား ...
ငါတို့နှစ်ယောက်ကို တစ်နေရာစီခွဲ
ငိုကြွေးစေဖို့ ဖန်းတီးနိုင်ခဲ့သလား ...

ငါ တွေးမမီခဲ့ပါဘူး
ဥာဏ်မမီခဲ့ဘူးလို့ပဲ ထင်ချင်ထင်ပေါ့
ငါ သိခဲ့ မြင်ခဲ့ ကြားသိခဲ့တာ
မင်းရဲ့အသံ မင်းရဲ့ အပြုံး တွေမို့ လေ ..

ကဗျာဆန်ဆန် ချစ်အိမ်တစ်ခုမှာ
အတူပျော်ဖို့ ငါတွေးခဲ့ပေမယ့်
မိုးနဲ့မြေပမာ ကွားခြားတယ်ဆိုတဲ့
ရွှေငွေဥစ္စာ သိက္ခာတွေကြောင့်
လက်ချင်းကိုတွဲ မခွဲရက်လဲ ကျောခိုင်းမိပြီ။

မင်းဘ၀ နေ လို လင်းလို့ ပန်း လို လှစေဖို့
ငါ့ကို ငါ စတေး မင်းနဲ့ အနီးဆုံးမှာ
ကျောချင်းကပ်လို့ ငါ ရှိနေပါ့မယ်..

၃ နဲ့ ၄ လို မနေပါနဲ့လို့
ငါ အကြိမ်ကြိမ်ဆိုခဲ့ပေမယ့်
ခုတော့ ချစ်သူရယ် ....
ငါ့ကို နားလည်ပေးနိုင်ပါစေတော့...

လွမ်းဆု​လေး.....

ငါ့ရဲ့အချစ်

ချစ်သူ ...တစ်ခါတစ်ရံ ငါ့နှုတ်က ဆိုနေတဲ့စကားလုံးတွေထက် ငါ့ မျက်ဝန်းတွေက ပိုပြီး အဓိပ္ပာယ်နက်ရှိုင်းလိမ့်မယ်...တစ်ခါတစ်ခါမှာ ငါ့အပြုံးတွေထက် တည်ငြိမ်နေတဲ့ အမူအယာတွေက ပိုပြီး နက်ရှိုင်းလိမ့်မယ်.. တစ်ခါတစ်လေမှာတော့ ပျော်နေတဲ့ ငါ့ပုံလေးတွေနောက်မှာ no answer ဖြစ်နေတာတွေက ပိုပြီးတော့ အဓိပ္ပာယ်ပြည့်နေတတ်တယ် ...

Wednesday, 17 February 2016

ရင့်​ကျက်​မှု

ရင်ခွင်ထဲခေါင်းဝှေးတိုးဝင်လာတိုင်း
အချစ်စစ်မဟုတ်ပါဘူး။

တချို့က..
ခဏတာအမောဖြေဖို့အတွက်
သင့်ရင်ခွင်ကိုငှါးရမ်းအသုံးပြုတက်ကြတယ်။

သင်ဒေါသမထွက်ပါနဲ့..
ခွင့်ပြုလိုက်ပါ။

အစမှာသင်နာကျင်နေပေမဲ့
သူဟာသင့်ဘဝအတွက်..
အရေးကြီးတဲ့သင်္ခန်းစာတပုဒ်
လာသင်းပေးသွားတယ်ဆိုတာ
တနေ့သဘောပေါက်လာပါလိမ့်မယ်။

အဲဒီအချိန်သူ့ကို
ကျေးဇူးတင်ဖို့မမေ့ပါနဲ့။

သူ့ကြောင့်သာမဟုတ်ရင်
ဒီနေ့...သင်ဟာ
အချစ်နဲ့ပက်သက်ပြီး..
ရင့်ကျက်လာသူတစ်ယောက်
ဖြစ်မလာနိုင်ပါဘူး။

တချို့အရာတွေ့က
ဒဏ်ရာ..ရမှ့
လူကိုပိုပြီးရင့်ကျက်စေတက်တယ်လေ။

                           အချစ်နှင့်သူ
                                     ၏
                                  ဒဿန။
Credit -သိမ်းထားချင်တဲ့ စာစုလေးများ

ငါနင့်​ကိုအရမ်းချစ်​တယ်

ငါက ကမ္ဘာကျော်အောင်မလှဘူး
ဒါပေမယ့် နင် ငါ့ကိုချစ်တယ်

ငါက နားဝင်ချိုအောင်မပြောတတ်ဘူး
ဒါပေမယ့် နင် ငါ့ကိုချစ်တယ်

ငါက ကဗျာဆန်အောင်မလွမ်းတတ်ဘူး
ဒါပေမယ့် နင် ငါ့ကို ချစ်တယ်

ငါက  အိနြေ္ဒရရ မရယ်တတ်ဘူး
ဒါပေမယ့် နင် ငါ့ကိုချစ်တယ်

ငါက ပီပီပြင်ပြင်မချွဲတတ်ဘူး
ဒါပေမယ့် နင် ငါ့ကိုချစ်တယ်

ငါက ထပ်တူပြုအောင် မခံစားတတ်ဘူး
ဒါပေမယ့် နင် ငါ့ကိုချစ်တယ်

ငါက ဝေဝေဆာဆာ မပြုံးတတ်ဘူး
ဒါပေမယ့်  နင် ငါ့ကိုချစ်တယ်

ငါ့က အလွန်းအကျူး သဝင်တိုတတ်ဘူး
ဒါပေမယ့် နင် ငါ့ကိုချစ်တယ်

ငါက ရေရေရာရာမတွေးတတ်ဘူး
ဒါပေမယ့် နင် ငါ့ကိုချစ်တယ်

ငါက သဒ္ဓါလွန်အောင် မချစ်တတ်ဘူး
ဒါပေမယ့် နင် ငါ့ကိုချစ်တယ်

တကယ်ဆိုရင် ယောက်ျားလေးတစ်ယောက်ရဲ့
ဘဝဟာ ကဗျာတစ်ပုဒ်လို့ ချစ်ဖို့ကောင်းနေခဲ့ဖို့ပါ

ငါကယာက်ျားကာင်းလေးတစ်ဦးမဟုတ်ခဲ့ဘူး..ဒါပေမဲ့
နင် ငါ့ကို ချစ်ခဲ့တယ်..။

                              Credit.. ပျို့ကဗျာ

Monday, 15 February 2016

14.2.2016 v.day

နေ့ရက်​​တွေလ​တွေသာကုန်​ဆုံးမြန်​ခဲ့တယ်
သတိရစိတ်​လွမ်းတဲ့စိတ်​​တွေချစ်​တဲ့စိတ်​​တွေကပဲ့တင်​ထပ်​​နေရပီ ဟာ...
တစ်​နှစ်​မှာတစ်​ခါသာရှိလာတဲ့​နေ့ရက်​တိုင်းငါတို့​တွေ
ပျော်​​ပျော်​ရွင်​ရွင်​စကားအရင်​လိုသိပ်​မ​ပြောဖြစ်​ဘူး​နော်
စိတ်​မ​ကောင်း​ပေမယ့်
ငါသိပ်​ချစ်​ရတဲ့မင်းအတွက်​ပါ...ငါအားလုံးကိုနားလည်​​ပေးထားပါတယ်
မင်းလွတ်​လပ်​သွားတဲ့တစ်​​နေ့ကိုငါအချိန်​တိုင်း​မျှော်​လင့်​​နေပါတယ်
မင်းလွတ်​လပ်​စွာ​နေခွင့်​ရတဲ့အခါငါ့ကိုသတိရ​ပေးပါဟာ
ငါ့ဘဝငါ့အနာဂါတ်​ကမင်း​ပေးထားတာမို့ပါ
ငါရဲ့ရှင်​သန်​​နေသမျှအချိန်​တိုင်းမှာမင်းကိုသစ္စာရှိရှိငါဖြူဖြူစင်​စင်​ငါချစ်​​နေမှာပါ

     ငါသစ်​ချစ်​ရတဲ့မင်းထာဝရ​ပျော်​ရွင်​နိုင်​​စေ

ဖြူ.......    

Tuesday, 2 February 2016

ချစ်​သူအတွက်​နှလုံးသားနဲ့​ရေးတဲ့စာ

ချစ်သူရယ်......
ငါ့မှာခံစားချက်တွေများတိုင်းငါဘယ်တုန်းမှထုန်ဖော်မပြောခဲ့ရက်ဘူးဟာ
ငါ့ကြောင့်နင်စိတ်ဆင်းရဲမှာနင်စိတ်ညစ်သွားမှာဆိုပီး
ငါလိမ်လည်ပြောမိတယ်
တကယ်တော့ငါလိမ်ပြောမိတာကနငိ့ကိုချစ်လို့ပါဟာ....
နင်စိတ်ညစ်သွားမှာကိုယ်ပါ
တောင့်တတိုင်းပြည့်စုံသူနဲ့ တောင့်တတိုင်းမပြည့်ဝသူကွာခြားလွန်းတာကြောင့်ပါ
နင့်ကိုငါ့ကြောင့်စိတ်အထိခိုက်မခံနိုင်ဘူးဟာ
ငါချစ်တဲ့နင်ကိုငါ့အသက်မကမြတ်နိုးလို့ပါ
ချစ်သူဆိုတာမျှဝေခံစားရတယ်ဆိုပေမယ့်
ငါချစ်တဲ့နင့်ကိုအဲ့လိုမျိုးငါမခံစားစေချင်ဘူးဟာ
ငါ့ဘဝမှာနင်ပျော်ရွင်စိတ်ချမ်းသာရင်ငါ့ဘဝကပြည့်စုံပါတယ်
ညီမလေးတစ်ယောက်လိုချစ်သူတစ်ယောက်လိုချစ်တဲ့အချစ်တွေဘယ်လောက်များလိုက်မလဲ
ငါလိမ်လည်ပီးလဲမချစ်ပြတတ်ပါဘူး
တကယ့်ကိုမေတ္တာစစ်မေတ္တာမှန်နဲ့ချစ်ခဲ့တာမို့ပါ
ငါ့ဘဝမှာလိုအပ်ချက်တွေကအရမ်းများတယ်ဟာ
အချစ်တစ်ခုအတွက်ငါ့ဘက်ကဘယ်လိုသက်သေပြပေးရမလဲ
ငါ့အချစ်တွေကိုငါ့အသက်လိုတန်ဖိုးသလိုမျိုး
ငါ့ရဲ့အစိတ်အပိုင်းငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးငါ့မှမပိုင်တော့တာ
ငါ့မှာပိုင်တာဆိုလို့ငါရှင်သန်ခြင်းတစ်ခုပါဘဲ
ငါ့မှာရှိသမျှအရာတွေအကုန်လုံးနင့်ဆီကိုပုံအပ်ချစ်ခဲပီနောက်ထပ်ငါ့မှာနင့်အပေါ်သစ္စာရှိမှုဆိုတာလဲငါတည်မြဲနေမှာပါချစ်သူရယ်...

လှလို့ချစ်တာမဟုတ်ဘူးပြီးပြည့်စုံလို့ချစ်တာမဟုတ်ရပါဘူး
ချစ်လို့လှနေတာပါချစ်လို့ပြီးပြည့်စုံသွားပါချစ်သူ
နင်ပြောသလိုပေါ့
ချစ်တဲ့သူနဲ့လက်ထပ်သူတစ်ယော်က်ထဲဘဲဖြစ်ရမယ်ဆိုတာလေ
ငါ့လေအမြဲမျှော်လင့်ပါတယ်
ဘဝဆက်တိုင်းလဲမျှော်လင့်တယ်
နင့်ကငါ့ဘဝအတွက်အကောင်းဆုံးနဲ့အလိုအပ်ဆုံးသူပါ
နင့်ရဲ့စကားလေးတွေကငါ့နှလုံးသားကိုထိုးဖောက်ပြီးပေါက်ရောက်စေတယ်ချစ်သူ....
တစ်နေ့ဆိုတဲ့အချိန်မှာငါတို့တွေဆုံချင်တယ်
အတူတူပျော်ပါးပြီးကောင်းဆုံးဘဝကိုဖန်တီးချင်တယ်ချစ်သူ...
ငါ့ရဲ့ဆန္ဒပါ.......