Sunday, 17 January 2016

သူသိ​စေ

လွမ်းလိုက်တာကောင်မလေးရယ်
ဒီချိန်ဆိုနင်လဲဘယ်သူနဲ့ရှိနေမလဲဆိုတာငါမသိပေမယ့်

နင့်ကိုအချိန်တိုင်းငါအရမ်းတမ်းတမိတယ်

      နင့်ရဲ့ချစ်စရာအသံလေး ကြားတိုင်းဆိုနင့်နေအောင်
ငါအရမ်းခံစားရတယ်ဟာ

        ငါ့ရင်ထဲမှာနင့်အကြောင်းတွေအမြဲရှိနေတယ်

နင့်ပုံလေးရယ်ကငါ့နှလုံးသားမှာ ထင်ကျန်နေခဲတာ
ငါဘယ်လိုမေ့နိုင်မှာလဲကောင်မလေးရယ်

    အချစ်ဆိုတာက ကိုယ်ပေးသလောက်ပြန်ရတန်းဆိုရင်
ငါလေပိုပြီးရမှာသေချာတယ်  နင့်အတွက်ငါအများကြီးပေးထားခဲ့တာ

နင့်အပေါ်မှာနားလည်ခွင့်လွတ်ပေးထားတယ် ကောင်မလေးရယ်

နင်နားခိုမယ့်နေရာမှာ နင့်အတွက် အကာအကွယ်မရှိတော့တဲ့ခါ
ငါ့ရင်ခွင်ကိုပြန်လာခဲ့ပါကောင်မလေးရယ်

       နင့်အတွက်ဆိုငါ့ရင်ခွင်တံခါးအမြဲဖွင့်ပေးထားပြီးသားပါ

နင့်ကိုအဝေးကငါအရမ်းချစ်နေတယ်ဆိုတာ ကောင်မလေးသိနိုင်ပါစေ

No comments:

Post a Comment