Saturday, 30 January 2016

မေ့မ​ဖျောက်​နိုင်​တဲ့ငါ့ရဲ့အချစ်​ဆုံးအချစ်​ဦး​လေး

ပျော်​ရွင်​မှု​တွေနဲ့စခဲ့တဲ့ငါတို့​တွေ
အေးချမ်းမှုနဲ့အတူတူငါတို့​တွေ​ပျော်​ရွင်​သွားကြမယ်​​နော်​....
တစ်​နယ်​စီကွာ​ဝေးမိုင်​ကု​ဋေကုရာစီအ​နေ​ဝေး​နေရ​ပေမယ့်​  နီးစပ်​ဆုံးနှလုံးသားတစ်​စုံက​တော့
အမြဲတန်းအတူတူနီး​နေခဲ့တယ်​...

  ငါရဲ့ရင်​ထဲမှာအဖြူစင်​ဆုံး​မေတ္တာ​တွေ အရိုးသားဆုံးချစ်​ခြင်း​မေတ္တာ​တွေကနင်​တစ်​​ယောက်​အတွက်​ထာဝရသစ္စာရှိ​နေမှာပါ..ချစ်​သူ

တစ်​ခါတစ်​ခါစိတ်​ဆိုးအထင်​လွဲသွားတိုင်း
သေမတတ်​ခံစားရတယ်​ ​နေထိုင်​မတတ်​စားမရအိပ်​မ​ပျော်​ငါဖြစ်​ခဲ့ရတယ်
ငါ့ဘဝမှာမင်းကငါ့ရဲ့အသက်​ငါ့ရဲ့ဘဝပါ
ဘယ်​​တော့မှမင်းအ​ပေါ်မှာငါအချစ်​​တွေကမ​ပြောင်းလဲဘဲ
တစ်​သက်​လုံးချစ်​သွားမှာပါချစ်​သူ...

  ငါ့အ​ပေါ်မှာသစ္စာရှိရှိချစ်​​ပေးသလိုငါလဲမင်းအ​ပေါ်မှာပိုပြီးသစ္စာရှိရှိချစ်​သွားမှာပါ 
ယုံကြည်​​ပေးပါ

  ငါတို့ကြားကကွာခြားမှု​တွေအတွက်​ငါအမြဲတန်းအားငယ်​​နေမိတာဒါ​ပေမယ့်
ငါ့ရဲ့အားငယ်​မှုကိုမင်းကိုဘယ်​​တော့မှငါထုတ်​မ​ပြောခဲ့ဘူး
ငါ​လေမင်းအတွက်​ကြိုးစားသွားမှာပါ
မတူညီဘူးဆိုတာငါဘဝမှာမရှိ​စေရပါဘူး
ငါတို့နှစ်​​ယောက်​အတွက်​အ​ရေးကြီးဆုံးတစ်​ခုကိုငါ​တောင်းဆိုချင်​တယ်
အဲ့ဒါကဘယ်​​တော့မှ​ဘေးလူ​ဘေးစကား​တွေကိုလွယ်​လွယ်​မယုံမိ​စေပါနဲ့လို့ပါ
ဘာမှမဟုတ်​တာ​လေးနဲ့ငါတို့နှစ်​​ယောက်​ငိုခဲ့ရ​ပေါင်းခံစားခဲရ​ပေါင်းများခဲ့ရပီ​လေ
မင်းကို​လေငါ​ပျော်​​ရွင်​​စေချင်​တယ်​ချစ်​သူ

ငါတို့ရဲ့ဘဝ​တွေကသာယာ​အေးချမ်းပြီး​ပျော်​ရွင်​တဲ့ဘဝ​တွေငါတို့နှစ်​​ယောက်​အတူတူ
ကြိုးစားသွားကြမယ်​​နော်​..ချစ်​​သောဖြူ...

အလွမ်းလိပ်​ပြာ...

အလွမ်းလိပ်ပြာတစ်ကောင်ရဲ့
သံယောဇဉ် ရပ်ဝန်းမှာ
တွေ့ခွင့်မကြုံ တဲ့ နေ့ရက်တွေ
်ပုံရိပ်ကောက်လွဲပြီး
ငါသက်ပြင်းနဲ့ ငါအသက်ရှုတိုင်း 
နှလုံးသားကိုလာထိမှန်ခဲ့။
အမှောင်မှာပိတ်မိနေတဲ့ 
စိတ်အရိပ်ဟာဒဏ်ရာပေါင်း
အသင်္ချေနဲ့ လေနှင်ရာလွင့်လို့။

တကယ်တော့. . . . .
ဝေးကွာခြင်းက
နင်မျက်ဝန်းအကြည့်ရဲ့
ကောင်းကင်းအစွန်းအဖျားမှာ
မရေရာမူပေါင်းများစွာနဲ့
်ကျောမခိုင်းပဲဝေးခဲ့တဲ့
နင်မျက်ဝန်းရဲ့အဓိပ္ပါယ်တွေ
သက်ရောက်တိုင်းစကားလုံးမဲ့ ဖွင့်ဆိုတတ်ခဲ့လို့အဝေးကို
်ကြည့်ငေးရင်းအိမ်မက်တွေ 
လွင့်ကြေကွယ်ပျောက်လို့
အတောင်ပံကျိုးပဲ့လိပ်ပြာ
တစ်ကောင်ရဲ့ရင်ခုန်သံ
သီချင်းနဲ့ကာရန်မညီတဲ့
သတိရခြင်းအတွက် 
ညီမလေးရေ . . . .
ခဏလေးဖြစ်ဖြစ်
်ငါရဲ့ဝေဒနာကိုတိတ်တိတ်လေး
နှစ်သိမ့်ခွင့်ပေးပါ။

Thursday, 28 January 2016

29.1.016

ငါ့ကိုဘာမှမဟုတ်​ဘဲတစ်​ဘက်​လူ​ပြောစကား​ကြောင့်​ငါ့ကိုအထင်​လွဲတယ်
ဒုတိယအကြိမ်​​ပေါ့ငါနှလုံသားငါရဲ့ရိုးသားမှုငါ့ရဲ့ဖြူစင်​မှု​တွေ
တစ်​စစီ​ကြေကွဲရတဲ့​နေ့​တစ်​​နေ့ပါချစ်​သူ..
ငါအရမ်းပင်​ပန်း​နေတယ်​ငါနှလုံသား​တွေကပိုပြီးပင်​ပန်း​စေတယ်​ချစ်​သူ...
ငါ​လေမင်းအ​ပေါ်မှာသစ္စာဘယ်​တုန်းကမှမပျက်​ယွင်းခဲ့ဘူး
ချစ်​သူချမ်းသာလို့အတင်းတွယ်​ကပ်​​နေတာလဲမဟုတ်​ရပါဘူး
ဒါ​ပေမယ့်​ ချစ်​သူက ငါ့အ​ပေါ်မှာယုံကြည်​မှုမရှိ​တော့ ငါဘယ်​​လောက်​​မျှော်​လင့်​ခဲသမျှအရာအားလုံး
အလကားဖြစ်​ကျန်​ခဲ့ရတာ
ငါ့ရဲ့နှစ်​​တွေအများကြီး မင်းအတွက်
ရည်​ရွယ်​ ခဲ့တာ​တွေခု​တော့
ငါဘက်​မှာဘာမှမကျန်​ခဲ့ဘူးငါအရမ်းဝမ်းနည်​တယ်
တစ်​​နေ့တစ်​ချိန်​ငါခုလိုဖြစ်​ကျန်​ခဲ့မှာသိပါတယ်
အ​ခြေအ​နေမတူတဲ့ဘဝမှာ
ငါ့ဘက်​မှာအရာအားလုံးကအရှုံးနဲ့ပါ

မင်းအတွက်​ငါ့ရဲ့ဖြူစင်​တဲ့ချစ်​ခြင်း​မေတ္တာ​တွေက​တော့
အမြဲတန်းပါဘဲ

မင်း​ပျော်​ရွင်​တဲ့ဘဝ​အေးချမ်းတဲ့ဘဝပိုင်​ဆိုင်​ပါ​စေလို့ငါဆု​တောင်​ပေး​နေမှာပါ
မင်းနဲ့​ပေါင်းစည်းခွင့်​မရတဲ့ဘဝမှာ
ငါရဲ့အချစ်​​တွေလဲမရှိ​တော့ဘူး
နောက်​ထပ်​လဲဘယ်​အချစ်​ကိုမှမယုံရဲဘူး
အေးချမ်း တဲ့ငါ့ဘဝ​လေးကိုငါပိုင်​ဆိုင်​ခွင့်​ပြု​ပေးပါ..

Monday, 25 January 2016

ချစ်​သူအတွက်​ရင်​တွင်းစကား​လေး..

မျှော်​လင့်​ချက်​​လေး...

အခုလိုချိန်လေးမှာ နင့်လက်လေးကိုတွဲပီး အတူတူ
လျှောက်လည်ခွင့်လေးသာရနိုင်မယ်ဆိုရင် ငါအရမ်းပျော်
နေမိမှာ သိလား ချစ်သူ
အခုတော့ ပျော်နေကြတဲ့ ချစ်သူစုံတွဲလေးတွေကို
ငေးကြည့်နေရင်းနဲ့ တစ်နေ့ ငါတို့လဲ အတူတူရှိနေခွင့်
ရပါစေဆိုတဲ့ဆုတောင်းလေးနဲ့ပဲ  နင့်ကို ငါ အရမ်းလွမ်း
နေမိတယ် ချစ်သူရယ်
ဟိုးအဝေးကြီးမှာငါသိပ်ချစ်ရတဲ့ နင်လဲ ငါ့ကို
သတိရတဲ့ စိတ်တွေနဲ့အတူ တမ်းတနေမိမယ်လို့လဲ
ငါ မျှော်လင့်နေပါတယ် ချစ်သူ 
ဒါပေမဲ့ အားတင်းထားပါတယ်…ချစ်သူရယ်
တစ်နေ့ ပျော်ရွှင်မှုလေးတွေကို  ငါတို့နှစ်ယောက်အတူတူ ခံစားခွင့် ရမယ်ဆိုတဲ့အတွေးလေးတွေ....

ငါအမြဲ​မျှော်​လင့်​​နေတယ်​ချစ်​သူ.....
Pytkk....

Saturday, 23 January 2016

အလွမ်းည

ချစ်​သူ....ဘယ်​လိုအ​ကြောင့်​မျိုးနဲ့စိတ်​​ကောက်​သွားရတာလဲဟာ...
   ချစ်​​ပေးတဲ့လက်​​ဆောင်​ကိုလက်​မခံလို့စိတ်​ဆိုးသွားတာလား..
အထင်​မလွဲပါနဲ့​နော်​..
ချစ်​သူကပညာရှာရမယ့်​အချိန်​မှာ
အကို​ကြောင့်​ပညာ​ရေးအထိခိုက်​မခံချင်​လို့ပါ
ချစ်​သူစကားတိုင်းကိုအမြဲနား​ထောင်​တယ်
ချစ်​သူကိုအရင်​ထက်​ပိုလွမ်းပိုသတိရပိုချစ်​​နေတာပါ

ချစ်​သူလက်​​ဆောင်​​လေးကိုလက်​ခံချင်​ပါတယ်
ဒါ​ပေမယ့်​ ချစ်​သူကကိုယ်​​ပေးတာကိုကျလက်​မခံ​တော့လက်​မခံယူရဲဘူးချစ်​သူ
ကိုအသက်​​လောက်​ချစ်​ရတဲ့သူကိုတန်​ဖိုးမကြီး​ပေမယ့်​လက်​​ဆောင်​​လေးအရမ်း​ပေးချင်​တယ်
ချစ်​သူကအကိုယ့်​အ​ပေါ်မှာ​ပေးထားတဲ့လက်​​ဆောင်​ကအရမ်းတန်​ဖိုးရှိပါတယ်​အဲ့ဒီလက်​​ဆောင်​ကအကိုကိုယ်​ချစ်​​ပေးတဲ့တစ်​ဘဝစာလက်​​ဆောင်​ပါ
အချစ်​​တွေအများကြီး​ပေးတဲ့ချစ်​ကိုအရာရာထက်​ပိုတန်​ဖိုးထားချစ်​​နေရတာပါ
ပိုပြီး​လေးနက်​ထားပါတယ်
ချစ်​ကအရာရာကို​ပြောင်းလဲ​ပေးနိုင်​ဆုံးသူပါချစ်​..
ချစ်​မရှိတဲ့​နေ့ရက်​​တွေကခန်း​ခြောက်​ပါတယ်
ပျော်​ရွင်​မှု​တွေ​မေ့​စေတယ်
ခဏ​လေးမ​တွေ့ရ​တော့တဲ့အချိန်​မှာခုလိုဖြစ်​​နေတာတစ်​သက်​လုံးမ​တွေ့ရရင်​ခုလိုစိတ်​နဲ့အရူးလိုဖြစ်​ပီးဘဝပျက်​သွားမှာလားမသိဘူးချစ်​သူ...
ညညတိုင်း​ရောင်​ရမ်း​ခေါ်မိတဲ့နာမည်​​တွေ
နေ့တိုင်းလိုလိုပါဘဲချစ်​သူ...
ဒီဘဝဒီမျှ မှာချစ်​တစ်​​ယောက်​ထဲကိုဘဲတစ်​ဘဝလုံးမကဘဲဘဝဆက်​တိုင်း​ပေါင်းစည်းခွင့်​ရချင်​တယ်​ချစ်​သူရယ်​...

Sunday, 17 January 2016

သူသိ​စေ

လွမ်းလိုက်တာကောင်မလေးရယ်
ဒီချိန်ဆိုနင်လဲဘယ်သူနဲ့ရှိနေမလဲဆိုတာငါမသိပေမယ့်

နင့်ကိုအချိန်တိုင်းငါအရမ်းတမ်းတမိတယ်

      နင့်ရဲ့ချစ်စရာအသံလေး ကြားတိုင်းဆိုနင့်နေအောင်
ငါအရမ်းခံစားရတယ်ဟာ

        ငါ့ရင်ထဲမှာနင့်အကြောင်းတွေအမြဲရှိနေတယ်

နင့်ပုံလေးရယ်ကငါ့နှလုံးသားမှာ ထင်ကျန်နေခဲတာ
ငါဘယ်လိုမေ့နိုင်မှာလဲကောင်မလေးရယ်

    အချစ်ဆိုတာက ကိုယ်ပေးသလောက်ပြန်ရတန်းဆိုရင်
ငါလေပိုပြီးရမှာသေချာတယ်  နင့်အတွက်ငါအများကြီးပေးထားခဲ့တာ

နင့်အပေါ်မှာနားလည်ခွင့်လွတ်ပေးထားတယ် ကောင်မလေးရယ်

နင်နားခိုမယ့်နေရာမှာ နင့်အတွက် အကာအကွယ်မရှိတော့တဲ့ခါ
ငါ့ရင်ခွင်ကိုပြန်လာခဲ့ပါကောင်မလေးရယ်

       နင့်အတွက်ဆိုငါ့ရင်ခွင်တံခါးအမြဲဖွင့်ပေးထားပြီးသားပါ

နင့်ကိုအဝေးကငါအရမ်းချစ်နေတယ်ဆိုတာ ကောင်မလေးသိနိုင်ပါစေ

Friday, 15 January 2016

ချစ်​သူသိ​စေ၂

ချစ်​သူရယ်​.....
    အနယ်​​ဝေး​ရေ​မြေခြားငါတို့​တွေဆုံ​တွေ့ရတဲ့အချိန်​​တွေမှာ​ပျော်​စရာ​လေး​တွေနဲ့
တစ်​​ယောက်​ကိုတစ်​​ယောက်​စ​နောက်​ရင်း
အချိန်​​တွေကြာလာတာနဲ့အမျှသံ​ယောဇဉ်​ကြိုးငြိတွယ်​ခဲ့ကြတယ်​...
   ညီမ​လေးသံ​ယောဇဉ်​၅၂၈နဲ့ချစ်​ချစ်​ခင်​ခင်
စကား​တွေ​ပြောရင်းပိုပြီးရင့်​ကျက်​တဲ့အဆင့်​​တွေ​တက်​ပီး၁၅၀၀အချစ်​​တွေနဲ့နှစ်​​ယောက်​ချစ်​ခဲ့ကြတယ်
  ယုံကြည်​ခြင်း​တွေကပိုခိုင်​မြဲ​စေလာတယ်
အချစ်​ဆိုတာငယ်​ရွယ်​ခြင်းကြီးခြင်းနဲ့မဆိုင်​ဘူးဆိုတာပိုနားလည်​လာတယ်​ချစ်​သူရယ်​...
   ချစ်​သူဘဝကပြီးပြည့်​စုံမှန်းသိရတဲ့အချိန်​မှာ
ငါရဲ့နှလုံးသားကိုတားဆီးခွင့်မရလိုက်​ဘူးချစ်​သူ...
အချစ်​တစ်​ခုဘဝတစ်​ခုဆိုတာမှန်​​ပေမယ့်
အချစ်​တစ်​ခုနဲ့ဘဝတစ်​ခုလုံးထပ်​တူမကျနိုင်​တာ​လေ
အရာရာပြီးပြည့်​စုံနဲ့အရာရာလိုအပ်​ချက်​​တွေများ​နေသူနဲ့ကွာခြားချက်​​တွေကများလွမ်းပါတယ်​...
ဘယ်​​တော့မှအားမငယ်​ဘဲကြိုးစားသွားမှာပါချစ်​သူ

ချစ်​သူ​ပေးတဲ့အားအင်​ချစ်​သူရဲ့အချစ်​​တွေက
ပိုပြီးအင်​အားပြည့်​​စေခဲ့ပါတယ်​...
အလွာမတူတဲ့တို့နှစ်​​ယောက်​ဘဝမှာ
ပေါင်းစည်းခြင်း ​တွေအတွက်​အားအင်​အပြည့်​​မွေးရအုံးမှာ...
            တို့အ​ပေါ်ကိုနားလည်​စွာချစ်​​ပေးတဲ့အတွက်​လဲအရမ်းကို​ပျော်​ပါတယ်
အရမ်းလဲအရင်​ထက်​ပိုချစ်​ပါတယ်​ချစ်​သူ...

    ချစ်​သူ​ပေးတဲ့လက်​​ဆောင်​ချစ်​​ပေးတဲ့အချစ်​​တွေ
ကထာဝရအမြဲသိမ်းထား​နေမှာပါ
ချစ်​သူဆီကလက်​​ဆောင်​​ပေးတိုင်းယူချင်​​ပေမယ့်
မယူရဲဘူးချစ်​သူရယ်​...
ကိုယ့်​ဘက်​ကဘာတစ်​ခုမ​​ပေးနိုင်​တဲ့အခါ
ချစ်​သူရဲ့လက်​​ဆောင်​ကိုလက်​ခံရင်
ချစ်​သူဆီကချူစားတယ်​လို့ပတ်​ဝန်းကျင်​ကထင်​မြင်​ကြမှာစိုးလို့ပါ
ချစ်​သူကိုစိတ်​ချမ်းသာ​စေချင်​ပါတယ်​ချစ်​သူ...
နားလည်​​ပေးပါ​နော်​....
ချစ်​သူဆီကဘယ်​​တော့မှ ​ပျောက်​ကွယ်​မသွားနိုင်​တဲ့အချစ်​​တွေ​ပေးတာနဲ့တင်​တို့ဘဝမှာပြည့်​စုံသွားပါပြီချစ်​သူရယ်​.....
ချစ်​သူက​လောကမှာအရမ်းရှားတဲ့ချစ်​သူ​ကောင်း
တစ်​​ယောက်​ပါ
  ချစ်​သူနဲ့ချစ်​ခွင့်​ရတာရင်​ချစ်​သူနဲ့ဆုံ​တွေ့ရတာနဲ့
တို့ဘဝမှာ
ပျော်​ရွင်​မှု​တွေကအမြဲရှိ​နေတယ်​...
     ချစ်​သူ  ဘယ်​​တော့မှာလဲ ​မေ့​ဖျောက်​မရနိုင်​သလို
ဘယ်​​တော့မှလဲမုန်း​မေ့နိုင်​ပါဘူး
ထာဝရအတွက်​အစားထိုးမရနိုင်​​အောင်​ချစ်​တယ်​ချစ်​သူ
.......ချစ်​သူ​ပေးမယ့်​လက်​​ဆောင်​​လေးကိုသိလိုက်​ရတဲ့အချိန်​မှာ
လက်​မခံချင်​ပါဘူးဒါ​ပေမယ့်​ချစ်​သူကစိတ်​ညစ်​​နေမှာစိုးလို့ဘာမှပြန်​မ​ပြောလိုက်​မိတာပါချစ်​သူ
တို့ကိုနားလည်​​ပေးပါ​နော်​....
ချစ်​သူကိုမချစ်​လို့မဟုတ်​ရပါဘူး
ချစ်​သူကိုအသက်​မကချစ်​လို့ပါ...
တကယ်​တန်း​ပေးရမှာကတို့ပါ..
ချစ်​သူ​ပေးမယ့်​လက်​​ဆောင်​အဖိုးတန်​​ရတာနာ​လေးကိုလူခြင်းဆုံတဲ့အခါမှ​ပေးပါ​နော်​....
ချစ်​သူဘဲသိမ်းထား​ပေးပါ

ချစ်​သူfighting​နော်​....
အရမ်းချစ်​တယ်​ချစ်​သူpytkk

Tuesday, 5 January 2016

ချစ်​သူသိ​စေ...

♡ ♡ ♡  ချစ်​သူရပ်​တန့်​လို့မရတဲ့အချစ်​​တွေ
မဆုံးနိုင်​​သောအချစ်​​တွေနဲ့
ချည်​​နှောင်​ထုံးဖွဲ့ခိုင်​မြဲစွာချစ်​​နေမှာပါ...

   နှလုံး​သွေး​တွေရပ်​တန့်​သွားသည်​ထိချစ်​​နေမှာ...

ချစ်​ခဲ့ကြတာမုန်း​ဖို့​မေ့ဖို့မဟုတ်​ဘဲထာဝရအတွက်​တစ်​​ယောက်​ထဲချစ်​ခဲ့တာမို့
နားလည်​ခြင်း​လေး​တွေနဲ့တို့​တွေအတူတူဘဝလက်​တွဲ​လျှောက်​လှမ်းကြရ​အောင်​  ချစ်​သူ....
အချစ်​စစ်​တို့လမ်းဟာ​ဖြောင့်​ဖြူးတယ်​မရှိ​ပေမယ့်
ဖြူစင်​တဲ့ချစ်​ခြင်း​တွေမှာ​တော့အ​ရောင်​အဆိုးမရှိဘဲ
တစ်​​နေ့တစ်​ရက်​တို့​တွေရဲ့လမ်းဟာသာယာမှာပါ..
  
   ❀ ❀ ❀ တို့​တွေချစ်​ခဲ့ကြတုန်းအချိန်​မှာဝမ်းနည်းခြင်းစိတ်​ဆိုခြင်း​တွေရှိခဲ့ကြတယ်
ပျော်​ရွင်​မှု​တွေလဲရှိခဲ့ကြတယ်​....
ခုချိန်​ကစပီးချစ်​သူအတွက်​...
ပျော်​ရွင်​ခြင်း​တွေ..ကြည်​နူးခြင်း​တွေနဲ့အမြဲ​လျှောက်​လှမ်း​စေရမယ်​....

   ချစ်​သူရဲ့အပြုံး​လေးကိုအမြဲတန်းမြင်​​တွေ့ရင်း
တို့​တွေရဲ့ဆုံးနိုင်​ခြင်း​တွေ​နေ့ရက်​အတွက်
အားတင်းထားကြမယ်​.....ချစ်​သူရယ်​...

     Maykhawady   

Friday, 1 January 2016

နှစ်​သစ်​ဆု​တောင်း

နှစ်​​ဟောင်း​တွေကုန်​ပြီးနှစ်​သစ်​မင်္ဂလာ​ရောက်​ရှိလာပါပြီ
ချစ်​သူခင်​သူများအားလုံးမင်္ဂလာရှိ​သောအခါသမယ​လေးမှာကိုယ်​စိတ်​နှစ်​ဖြာကျန်းမာချမ်းသာနိုင်​ကြပါ​စေ
အမုန်း​တွေမရှိဘဲအချစ်​​တွေနဲ့ထာဝရတည်​တံခိုင်​မြဲနိုင်​ကြပါ​စေလို့ဆု​တောင်း​ပေးပါတယ်